Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရဟန်းဘ၀ ခံယူခဲ့တဲ့ သူဌေးကြီး ဦးတေဇ

$
0
0
မြန်မာနိုင်ငံက သူဌေးကြီး ဦးတေဇဟာ အခုတလော ဆက်တိုက်ဆိုသလို အလှူတွေပေးနေတာပါ။ မကြာသေးမီကလည်းနယ်စွန်နယ်ဖျားတွေ သွားပြီး မျက်စေ့ အလင်းရစေတဲ့ အလှူတွေလည်း လုပ်ဆောင် ခဲ့သေးပါတယ်။


 ဦးတေဇ ရဟန်းဘောင်ဝင်စဉ်၊ ဓာတ်ပုံများ- ဦးတေဇ၏ ဖေ့စ်ဘုတ်စာမျက်နှာ

အခု နောက်ဆုံး သူကိုယ်တိုင် ရဟန်းဘ၀ ခံယူခဲ့တဲ့ ဖြစ်စဉ်ကို သူ့ရဲ့ အင်တာနက် လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှာ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့ဖော်ပြလာပါတယ်။ 

"မိမိသည် နှစ်သစ်ချိန်ခါတွင် ရှစ်မိုင် မစိုးရိမ်ရွှေကျင်တိုက်သစ်တွင် ဒုလ္လဘ(ရခဲလှသော) ရဟန်းဘ၀ကို ခံယူခဲ့ပါသည်။ ယခုကဲ့သို့ ရဟန်းဘ၀ကို ခံယူနိုင်ရန် ကူညီခဲ့ကြသော မစိုးရိမ် ရွှေကျင်တိုက်သစ်မှ ဆရာတော် အရှင်သူမြတ်တို့နှင့် Htoo မိသားစုဝင်များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း နှင့် မိမိပြုသမျှ ကုသိုလ်ကောင်းမှုအလုံးစုံအား ဝေနေယျ သတ္တ၀ါအပေါင်းတို့အား အမျှပေးဝေပါကုန်၏...(နတ်၊လူ သာဓု ခေါ်စေသော်)...." လို့ ဦးတေဇက သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးထားပါတယ်။ 

ဦးတေဇ ရဟန်းအဖြစ် ခံယူခဲ့တာကတော့ ရန်ကုန်မြို့ ရှစ်မိုင် မစိုးရိမ်ရွှေကျင် တိုက်သစ်မှာဖြစ်ပါတယ်။  ရဟန်း ဘွဲ့အမည်ကလည်း ဦးတေဇအမည်နဲ့ ရဟန်းဘ၀ကိုခံယူခဲ့တာပါ။

 သိမ်ဝင်နေစဉ် မေးခွန်းများ ဖြေဆိုနေပုံ

 ရဟန်းဘ၀မှာ သပိတ်ထဲ ထမင်း၊ ဟင်းအစုံကို ရောသမမွှေ စားနေပုံ

 ရဟန်းဖြစ်ဖို့ သိမ်ထဲမှာ ကမ္မ၀ါ ဖတ်နေစဉ်

ရဟန်းကြီး ဦးတေဇကို သိမ်ဆင်းဆွမ်းလောင်းနေပုံ

 ဦးတေဇ ရဟန်းဝတ်ရာကျောင်းနဲ့ ရဟန်း ရက်ချုပ်


 ရဟန်းဘ၀ တက်လှမ်းဖို့ ဆံချနေစဉ် 

သူဌေးကြီး ဦးတေဇကတော့ သူ့ရဲ့ အလှူဒါနတွေကို အမျှပေးလို့ နေပါတယ်။ ကောင်းတဲ့အလုပ် လုပ်ရင် ကောင်းတဲ့အ ကျိုးရမယ်ဆိုတာ သိထားပြီးဖြစ်ပါတယ်။ 

ဦးတေဇဟာ အခုနောက်ပိုင်း သူ့ရဲ့ ကုသိုလ်ပြုမှုတွေ ထူးထူးခြားခြား ဆက်တိုက်လုပ်နေခဲ့တာမှာ အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပညာရေးအတွက်ရံပုံတွေတွေလည်း သိန်းချီလှူဒါန်းမှုတွေ လုပ်ခဲ့ ပါတယ်။ 




အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား