Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တန်ကြေးနည်းနည်းနဲ့ မော်ဒယ်မြင့် စီးချင်သူတွေအတွက် Nissan Latio

$
0
0

photo - edmunds.com


ဒီနေ့ခေတ် ကားဈေးကွက်မှာတော့ ဈေးနှုန်းတည်ငြိမ်မှုဆိုတာထက် မော်ဒယ် အနိမ့်အမြင့်အပေါ်ကို မူတည်ပြီးတော့ ပေါက်ဈေးက စကားပြောသွားတာပါ။ ဒီတော့ မော်ဒယ်မြင့်တဲ့ ကားတွေ ၀ယ်စီးထားမှာ နည်းနည်းခံသာမှာပေါ့။ ဒီတော့ တန်ကြေးလည်း နည်းနည်းနဲ့ မော်ဒယ်မြင့်မြင့်ကို ၀ယ်စီးဖို့ စဉ်းစားထားသူတွေ အတွက် အခုကျနော်ပြောမယ့် Latio က အဆင်ပြေပါလိမ့်မယ်။

တခုပဲပြောစရာရှိတာက ဒီမော်ဒယ်ရဲ့ ရုပ်ထွက်ပိုင်း၊ အထူးသဖြင့် နောက်ဖက် တံခါးပေါက်ရဲ့ နောက်နားကနေ နောက်ဖက် ၀န်တင်ခန်းထိအောင် ချိုးဆစ်သွားပုံကိုလူတွေကသိပ်ပြီး မကြိုက်လှဘူး။ ဒါကြောင့်လည်း Latioကို လူစီးနည်းတာ ဖြစ်မယ်လို့ ယူဆနိုင်စရာရှိပါတယ်။

အင်ဂျင်ပိုင်းကတော့ ၁.၃လီတာသုံး အင်ဂျင်အနေနဲ့ ဆိုတော့ အခုလို လမ်းတွေပိတ်နေတဲ့ အနေအထား အတွက်တော့ ကွက်တိပဲ။ နောက်ပြီး အခွန်လည်းသက်သာမယ် မဟုတ်လား။ ရှေ့ဘက် ရုပ်ထွက်ပိုင်းကတော့ Honda Accord လို ရုပ်ထွက်နဲ့ နည်းနည်းဆင်ပေမယ့် ကြည့်ကောင်းပါတယ်။ နောက်ပြီး အရောင်အပိုင်းမှာလည်း Beltaကို လူကြိုက်များတဲ့ အရောင်ဖြစ်တဲ့ ငွေရောင်မျိုးနဲ့လည်း ရနိုင်တာက အဆင်ပြေတဲ့အချက်ပါ။

အခုကျနော်ပြောနေတဲ့ မော်ဒယ်က ၂၀၁၂ ခုနှစ် ၀န်းကျင်ထုတ် မော်ဒယ်ဖြစ်ပါတယ်။ လက်ရှိဈေးကွက် အနေအထားမှာလည်း Latio က လူကြိုက်မများလှဘူးဆိုပေမယ့် သူ့ရဲ့ အားသာချက်တခုက ခရီးဝေး မောင်းနှင်နိုင်မှုနဲ့ တန်းတူမော်ဒယ်တွေထက် လမ်းကြမ်းမောင်းနှင်နိုင်မှုပဲ ဖြစ်ပါတယ်။
လမ်းကြမ်းမောင်းနှင်နိုင်မှု ဆိုတာကလည်းကိုယ်ထည်နဲ့ မြေပြင်ရဲ့ ကင်းလွတ်အကွာအဝေးကို ပုံမှန်ထက် နည်းနည်း မြှင့်ထားတာကြောင့် ဖြစ်သလို အင်ဂျင်ပိုင်းကလည်း ဆူညံသံ နည်းနည်းပေးတတ်ပေမယ့် ရေရှည်တော့ မဆိုးလှပါဘူး။ ဈေးနှုန်းကလည်း ကြည့်ဦးလေ၊ ၂၀၁၂ ခုနှစ် မော်ဒယ်ကိုမှ ၁၁၅ သိန်း လောက်ပဲရှိမယ် မဟုတ်လား။ Equipment နဲ့ Grade အပေါ်မှာမူတည်ပြီး ဈေးနည်းနည်းတော့ ကွာနိုင်တာပေါ့။ ဒါပေမယ့် အရမ်းကြီးတော့မကွာပါဘူး။ အလွန်ဆုံး ၅သိန်းလောက် အထိပါပဲ။

 
လင်းထက် (IA)


Viewing all articles
Browse latest Browse all 5236

Trending Articles