Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လမ်းကြောလုရင်း ယာဉ်တိုက်မှုဖြစ် လူ(၁၁)ဦးဆေးရုံရောက်

$
0
0


ဓာတ်ပုံများ - ကောင်းမြတ်မင်း/ The Irrawaddy

ပဲခူးတိုင်း အနောက်ပိုင်းပန်းတောင်းမြို့နယ်ထဲက ပြည်-ကံမ ကားလမ်းပိုင်းပေါ်မှာ (ဧပြီလ(၂၈)ရက်နေ့) နေ့လည်(၂)နာရီခန့်မှာ ကားနှစ်စီးမျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ပါတယ်။

ပြည်မြို့ကနေ ထွက်ခွာလာတဲ့ ကုန်နဲ့ ခရီးသည်တင်ယာဉ် (Canter) လိုင်းကားနဲ့  ကံမမြို့ မင်္ဂလာဆောင် တခုကနေ ပြည်မြို့ကိုပြန်လာတဲ့ လိုက်ထရပ် (Lightruck)ကားဟာ ပြည်-ကံမ ကားလမ်းပိုင်း ကျည်းပင်ကံ ကျေးရွာအနီးက တောင်တက်၊ တောင်ဆင်း လမ်းတနေရာမှာ ကားခေါင်းချင်းဆိုင် တိုက်မိခဲ့တာပါ။



ဒီယာဉ်တိုက်မှုမှာ ၁၁ ဦးဒဏ်ရာရလို့ ပြည်မြို့ရှိ ပြည်သူဆေးရုံကြီးမှာ ဆေးကုသမှုတွေ ခံယူခဲ့ရပါတယ်။

ဒဏ်ရာရရှိသူ ၁၁ ဦးထဲမှ ၄ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းနှင့် ကျန်လူများမှာထိခိုက်ရှနာဒဏ်ရာများကြောင့် ဆေးရုံမှာ အရေးပေါ် ဆေးကုသမှုတွေပြုလုပ်ထားကြောင်း လူနာတင်ယာဉ်ဖြင့် သွားရောက်ကူညီခဲ့တဲ့ ပြည်မြို့မှ မိုးမေတ္တာနာရေးကူညီမှုအသင်းက တာဝန်ရှိသူတဦးက ဆိုပါတယ်။


“ဒဏ်ရာရတဲ့သူတွေကို အရေးပေါ် လူနာတင်ကားသုံစီးနဲ့ သွားရောက်ကယ်ဆယ်မှုတွေ လုပ်ခဲ့ပါတယ်။ လေးယောက် ဒဏ်ရာပြင်းထန်တယ် ကျန်တဲ့သူတွေကတော့ မစိုးရိမ်ရဘူး”  လို့ မိုးမေတ္တာနာရေးကူညီမှုအသင်း (ပြည်)မှ သွားရောက်ကယ်ဆယ်ခဲ့သူတစ်ဦးက ပြောပါတယ်။

လိုက်ထရပ် (Lightruck) ကားထဲမှာ မင်္ဂလာဆောင်ပြီး ပြန်လာတဲ့ သတို့သားနဲ့ သတိုးသမီးပါဝင်ပြီး သတို့သားမှာ သွားကျိုးပြီး၊ သတို့သမီးကတော့ ပွန်းပဲ့ဒဏ်ရာပဲရခဲ့တယ်လို့သိရပါတယ်။

“အကိုတို့ မြင်တဲ့အတိုင်းပဲ ကားလမ်းက တစီးပဲမောင်းလို့ရတယ်။ ကျနော်ကအတက်ကိုတက်လာတော့ ကားကြီးက လမ်းကိုအပြည့်ယူထားတယ်။ ကားသမားအချင်းချင်းဆိုရင် အတက်ကားကို ဦးစားပေးရမယ်ဆိုတာ သိရမှာပေါ့ဗျာ။ ကျနော့်ကားလမ်းကို ချထားတာတောင် မလွတ်တော့ပဲ ဒိန်းဆို မျက်နှာချင်းဆိုင်ဝင်ဆောင့်တာ ကျနော့်ကားလဲသွားတယ်။” မင်္ဂလာဆောင်ကပြန်လာတဲ့ လိုက်ထရပ်ကားမောင်းသူ ကိုးမျိုးသန့်စင်က ပြောတာပါ။



ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ပန်းတောင်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားပြီး နှစ်နာရီနီးပါးကြာတဲ့အထိ သက်ဆိုင်ရာ ပန်းတောင်းရဲစခန်းက အမှုစစ် ရဲအရာရှိ လာရောက်နိုင်ခြင်းမရှိတဲ့အတွက် ကားတွေကိုရွှေ့ပြောင်းဖို့ပြုလုပ်လိုတဲ့ ခရီးသည်တင်ယာဉ် (Canter) လိုင်းကားဆရာနဲ့ အမှုစစ်ရဲမလာမချင်းကားတွေကို နေရာမရွှေ့လိုတဲ့ လိုက်ထရပ်(Lightruck) ကားဆရာတို့ အပြန်အလှန်ပြောဆိုရင်းအနည်းငယ် စကားများခဲ့ကြပါသေးတယ်။

အဲဒီ ပြည်- ကံမကားလမ်းမဟာ တောင်တက်တောင်ဆင်းများသလို ယာဉ်တစီးသာမောင်းနှင်လို့ရတဲ့ လမ်းဖြစ်ပါတယ်။ အဲဒီလမ်းဘေးမှာတော့ ပြည်ဗောဒိတထောင်ဘုရားဖူးတွေ အမြဲမပျက်လာရောက် ဖူးမျှော်လေ့ရှိပြီးဘုရားဖူးယာဉ်မောင်းတွေနဲ့ ခရီးသည်တင်လိုင်းကားဆရာတွေ သတိထား မောင်းနှင်နိုင်ဖို့ ဒီ ဖြစ်စဉ်လေးကို ရေးသားဖေါ်ပြလိုက်တာပါ။


ကောင်းမြတ်မင်း

Viewing all articles
Browse latest Browse all 5236

Trending Articles