Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၂၀၁၅ သင်္ကြန်သံချပ် ပိုစိစစ်ဦးမလား

$
0
0

အပြာရဲ့အနီ သံချပ်အဖွဲ့ ပြိုင်ပွဲဝင် ယှဉ်ပြိုင်စဉ် (ဓာတ်ပုံ- နဒီထိုက် / ဧရာဝတီ)

များမကြာမီမှာ ရောက်ရှိလာတော့မယ် မဟာသင်္ကြန်ပွဲတော်ကြီးရဲ့ ပုံရိပ်တခုလို့လည်း ပြောလို့ရမယ့် သင်္ကြန်သံချပ်တွေရဲ့ မူရင်းစာသားတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ မဟာသင်္ကြန်သီချင်းနဲ့ သံချပ် စိစစ်ရေး ကော်မတီကို ဒီလ ၂၅ ရက်နေ့ နောက်ဆုံးထား တင်ပြဖို့နဲ့ ကော်မတီရဲ့ ခွင့်ပြုချက်နဲ့သာ သီချင်းစပ်ဆိုခြင်း၊ သံချပ်ထိုးခြင်းတွေ ဆောင်ရွက်ရမှာဖြစ်တယ်လို့ မြန်မာ့အလင်း သတင်းစာမှာ ပြီးခဲ့တဲ့ ၉ ရက်နေ့က ဖော်ပြထားခဲ့ပါတယ်။

ခေတ်ရဲ့ပုံရိပ်တွေကို ပေါ်ပေါ်ထင်ထင် ပြောဆို စပ်ဆို သရော်နိုင်တဲ့ သံချပ်တွေဆိုတော့လည်း မထွက်လာခင် စိစစ်ကြရတော့မပေါ့။ ပိုဆိုးတာက ဒီနှစ် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပျက်နေတဲ့ မြန်မာပြည်ရဲ့ လတ်တလော အရေး ကလည်း အားလုံးပဲမြင်ကြတဲ့အတိုင်း ပြောချင်စရာ ဆိုချင်စရာ လှောင်ပြောင်ချင်စရာတွေချည်းဆိုတော့လည်း မဖြစ်သင့်တာတွေ မဖြစ်ရလေအောင် ထိန်းသိမ်းချင်တာလည်း မဆန်းပါဘူးလေ။ ဒါမှမဟုတ် ဒီနှစ် သင်္ကြန်သံချပ်တွေကို ပိုစိစစ်လေမလားပါပဲ။

 ဒါနဲ့ ပတ်သက်လို့ သင်္ကြန်သံချပ်တွေကို ပြန်လည်ခွင့်ပြုလိုက်ပါပြီဆိုတဲ့ အချိန်ကစလို့ “သာဓုပါဗျာ” ဆိုတဲ့ အမည်နဲ့ နှစ်စဉ်နှစ်တိုင်း ထွက်ရှိနေတဲ့ သင်္ကြန်သံချပ်အဖွဲ့က ဦးမေတ္တာကို ဧရာဝတီက မေးမြန်းကြည့်တော့

“အဲဒါနှစ်တိုင်းပဲ။ နှစ်တိုင်းဆိုတာက ဟိုးတနှစ်ကတည်းက စတာ။ ကျနော်ရယ် ကုသိုလ်ရယ် ဗေလုဝရယ် သာဓုပါဗျာဆိုပြီး စလုပ်တုန်းက  စာတင်တယ်ဗျ။ အဲ့တော့ သူတို့က အရေးမယူ အလေးမထားဘူးဗျ။ ဒီတော့ မထူးတော့ဘူးဆိုပြီး မတင်ဘဲနဲ့ ထွက်တယ်။ နောက်တနေ့လည်း မတင်ဘဲနဲ့ ထွက်တယ်။ အဲ့တော့ စာလေး လက်မှတ်လေးတော့ ထိုးပေးကြပါဆိုလို့ လက်မှတ်ထိုးပေးခဲ့တယ်။ အဲ့ဒါပဲ။  သူတို့တွေ အခုမှ လာပြီးတော့  ကြီးကြီးကျယ်ကျယ်တွေ လုပ်နေကြတာ။ သူတို့ကတော့ ခွင့်ပြုပါတယ်ပေါ့ဗျာ။ သင်္ကြန်သံချပ်ကို ပေးလုပ်ရဲ့သားနဲ့ မလုပ်ကြတာလို့ ပြောချင်တာပေါ့။ သိတယ်မလား။ ဒီအစိုးရက ဥာဏ်နီ ဥာဏ်နက် ဥာဏ်ကာလာစုံလေ။” လို့ သူ့အမြင်ကို ပြောပါတယ်။

ဒီနှစ်မှာလည်း “သာဓုပါဗျာ” သင်္ကြန်သံချပ်အဖွဲ့ကို ဆက်လုပ်ဖို့ စဉ်းစားထားကြောင်းနဲ့ လတ်တလောမှာ ကဏ္ဍ ၂ ခုလောက်ပဲ ပြီးသေးကာ ကဏ္ဍ ၉ ခုလောက် ရေးဖြစ်မယ်လို့လည်း ဦးမေတ္တာက ဆက်ပြောပါတယ်။

 ကဲ.. ဒီနှစ်သင်္ကြန်ရဲ့ သံချပ်တွေကတော့ မြန်မာပြည်ရဲ့ အဖြစ်အပျက်အမှန်တရားတွေကို ဘယ်လို ဖန်တီးရေးစပ်ထားတဲ့ အကြောင်းအရာတွေဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းနေပါပြီ။ ဘာကြောင့်လည်းဆိုတော့  ၂၀၁၅ ခုနှစ် မြန်မာပြည်ရဲ့အဖြစ်အပျက်တွေက အလွန် စိတ်ဝင်စားစရာ ကောင်းနေတာကြောင့်ကိုး..။

Viewing all articles
Browse latest Browse all 5236

Trending Articles