Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

MH370 ရဲ့ Black Box ဘက်ထရီမှာ သက်တမ်းလွန်နေကြောင်းတွေ့ရှိရ

$
0
0

photo - www.express.co.uk

၂၀၁၄ ခုနှစ် မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကို ထွက်ခွာလာတဲ့ မလေးရှားလေကြောင်းလိုင်းမှ ခရီးစဉ် အမှတ် MH370 လေယာဉ်ဟာ မလက္ကာရေလက်ကြားကို ဖြတ်ကျော်ပျံသန်းနေစဉ် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ ဘိုးအင်း 777-200 အမျိုးအစား လေယာဉ်ပေါ်မှာ ခရီးသည် ၂၂၇ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားခဲ့ကြကာ သူတို့နဲ့ ပတ်သက်လို့ ထပ်မံသိရှိရခြင်း မရှိခဲ့ပါဘူး။

ဒါပေမယ့် တနှစ်ပြည့်တဲ့ ၂၀၁၅ ခုနှစ် မတ်လ ၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ ၅၈၄ မျက်နှာပါဝင်တဲ့ အစီရင်ခံစာအရ လေယာဉ် Black box တခုရဲ့တည်နေရာပြ ကိရိယာမှာ အသုံးပြုထားတဲ့ ဘက်ထရီမှာ လေယာဉ်မပျောက်ဆုံးမီ တနှစ်ကျော်ကတည်းက သက်တမ်းကုန်ဆုံးနေခဲ့ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ရှာဖွေရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ Black Box မှ ထုတ်လွှင့်ပေးနေတဲ့ အချက်ပြမှုကို မဖမ်းမိနိုင်ခဲ့ခြင်းဟာ ဘက်ထရီသက်တမ်းကျော်လွန်နေခြင်းကြောင့် ဖြစ်ဖွယ်ရာရှိတယ်လို့ စုံစမ်း စစ်ဆေးသူတွေက ယူဆကြပါတယ်။ လေယာဉ်ပျောက်ဆုံးပြီး ရက်သတ္တပတ်များအတွင်း ဘက်ထရီအားကုန်မသွားမီ Black Box ကိုရှာဖွေရေး အဖွဲ့တွေက အပူတပြင်း ရှာဖွေခဲ့ကြတာပါ။ ပုံမှန်အတိုင်းဆိုရင် ဘက်ထရီက ပျက်ကျပြီး ရက်ပေါင်း ၃၀ ကြာလျှင် အားကုန်သွားမှာဖြစ်ပါတယ်။

ပျံသန်းရေး အချက်အလက်မှတ်တမ်းတင်စက်ရဲ့ရေအောက် အချက်ပြ ကိရိယာမှ ဘက်ထရီဟာ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ကတည်းက သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်သော်လည်း အစားထိုးလဲလှယ်ခြင်း ပြုလုပ်ခဲ့တဲ့ အထောက်အထား မှတ်တမ်တွေ တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။

အချက်ပြစနစ်မှ ဘက်ထရီ အလုပ်မလုပ်သော်လည်း ပျံသန်းရေးအချက်အလက် မှတ်တမ်းတင်စက်က ပျံသန်းနေစဉ် အတွင်းတွင် မှတ်သားမှုများပြုလုပ်နိုင်ပါတယ်။ တခြားသော Black Box  တခုဖြစ်တဲ့ လေယာဉ်မောင်းခန်းမှ သတင်းပို့ ဆက်သွယ်ချက်တွေကို မှတ်တမ်းတင်တဲ့ စက်မှ ဘက်ထရီမှာမူ သက်တမ်းလွန်ခြင်း မရှိသေးတဲ့အတွက် ၎င်းရဲ့ အနီးတ၀ိုက်တွင် ရှာဖွေရေးအဖွဲ့ရောက်ရှိပါက တည်နေရာပြ ကိရိယာမှ အချက်ပေးထုတ်လွှင့်မှုကို ဖမ်းယူနိုင်မှာဖြစ်ပါတယ်။

နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့ (ICAO) မှ ကြီးမှူးပြီး ကမ္ဘာအရပ်ရပ်မှ အဖွဲ့ဝင် ၁၉ ဦးပါဝင်တဲ့အဖွဲ့က ပြုစုခဲ့သော အစီရင်ခံစာက တည်နေရာပြ ကိရိယာတခုရဲ့ ဘက်ထရီ သက်တမ်းလွန်နေခြင်းကလွဲလို့ မည်သည့် ပုံမှန်မဟုတ်တဲ့ အနေအထားမျှ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

စုံစမ်းရေးအဖွဲ့က လေယာဉ်မှူး၊ တွဲဖက်လေယာဉ်မှူးနဲ့ လေယာဉ်ဝန်ထမ်း တွေရဲ့ပုဂ္ဂိုလ်ရေး၊ စိတ်ပိုင်းဆိုင်ရာနဲ့ ငွေရေးကြေးရေး စတဲ့နောက်ခံ အကြောင်းတွေကိုလည်း စစ်ဆေးလေ့လာခဲ့ရာ မင်္သကာဖွယ်ရာ မတွေ့ရှိရကြောင်းသိရပါတယ်။ လေယာဉ်မှူးတွေရဲ့ အဲ့ဒီနေ့က CCTV မှတ်တမ်းတွေနဲ့ အရင်က ပျံသန်းမှု မှတ်တမ်းတွေကိုလည်း စစ်ဆေးခဲ့ပါတယ်။

အခုအချိန်မှာ အိန္ဒိယ သမုဒ္ဒရာအတွင်း၌ ဦးစားပေးရှာဖွေရန် သတ်မှတ်ထားတဲ့ ဇုန်များရဲ့ တ၀က်နီးပါးခန့်ကို ရှာဖွေရေး အဖွဲ့တွေက ရှာဖွေခဲ့ပြီး ဖြစ်ပါတယ်။

 
SOURCE: ABC


Viewing all articles
Browse latest Browse all 5236

Trending Articles