Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကိုယ့်အတတ် ကိုယ်စူး

$
0
0

ရန်ကုန်ရွှေညောင်သွားမည့် ရထားပေါ်သို့ လူကြီးတယောက် တက်လာသည်။

ရထားတွဲပေါ်တွင် ခရီးသည်များပြည့်ကျပ်နေပီး နေရာလွတ် လုံးဝမရှိပေ။

"အားလုံးကို လူလည်ကျလိုက်ဦးမယ်..".ဟု တွေးကာ ပါလာသောသေတ္တာကို ဖွင့်လိုက်၏။

ချက်ချင်းဆိုသလို ပြန်ပိတ်လိုက်ပီး ထိုင်ခုံများ အောက်ကိုဝင်ကာ ဟိုရှာ ဒီရှာ လုပ်လေသည်။

ခရီးသည်များလည်း စိတ်ဝင်စားလာပြီး ၀ိုင်းမေးကြ၏။

"ဘာရှာနေတာလဲဗျ"

"အနှောက်အယှက် မပေးကြပါနဲ့။ ကျနော် ဒီကောင်ကို မိမှာပါ။"

"ဘာကောင်ကိုလဲ"

"မြွေလေ။သေတ္တာထဲက ဒီကောင် လွတ်ထွက်သွားတယ်"

ခရီးသည်များအားလုံး ရှဲခနဲဖြစ်သွားကြပြီး သူ့ထက်ငါ အရင်ဦးအောင် တွဲပေါ်မှ ဆင်းပြေးကြ၏။

လူတယောက်မှ မကျန်တော့သောအခါ လူကြီးသည် ခုံတန်းပေါ် လှဲချလိုက်၏။

ချက်ချင်း အိပ်ပျော်သွားပြီး ည ၁ နာရီခန့်တွင် အိပ်ရာမှ နိုးလာသည်။

နိုးလာလျှင် ရထားရပ်ထားသည်။  ပြတင်းပေါက်မှ ခေါင်းပြူကာ ဖြတ်လျှောက်လာသော မီးရထားဝန်ထမ်းအား လှမ်းမေး၏။

"ဒါ ဘာဘူတာလဲဗျ။ သာစည်လား"

"ဘယ်ကလာ ... သာစည်ရမှာလဲ။ နမော်နမဲ့နိုင်တဲ့ ခရီးသည်တစ်ယောက်ရဲ့ မြွေတကောင် လွတ်သွားလို့ ဒီတွဲကိုဖြုတ်ထားခဲ့ရတာဗျ...."

တိန် ....




ညွှန်း - အူတက်အောင်ရီရသောဟာသများနဲ့အခြားhttp://www.facebook.com/jokeandothers 

 
 ဧရာဝတီ Facebook/ဧရာဝတီ Twitter
 




Viewing all articles
Browse latest Browse all 5236

Trending Articles