Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်မြို့အမှိုက်ပုံဘေးက သောက်သုံးရေကန်

$
0
0
ရန်ကုန်သူ ရန်ကုန်သားတို့အတွက် ရေက ပိုက်ခေါင်းဖွင့်လျှင် ကျလာသည်ဟု အများက ယူဆထားကြသည်။

ရန်ကုန်၊ လှိုင်သာယာမြို့နယ်အတွင်း ဒေသခံအများအပြားအတွက်မူ ရေသည် ပိုက်ခေါင်းမှ မကျ။ ရေကန်ရှိရာသို့ တကူးတက သွားရောက် ခပ်ယူကြရသည်။


အမှိုက်ပုံဘေးကရေကန်ကို အားကိုးရသူ အများအပြား ရှိနေသည် (ဓာတ်ပုံများ - နန်းဆိုင်နွမ်)


ရေကို ပင်ပင်ပန်းပန်း  သယ်ယူကြရခြင်းထက် ပို၍ပို၍ ကြီးမားသည့် ပြဿနာ ရှိနေသည်။ ယင်းမှာ -
အပြင်ပဒံကျေးရွာသောက်သုံးရေကန်အနီး စက်ရုံစွန့်ပစ် ပစ္စည်းများ ရောက်ရှိနေခြင်းပင် ဖြစ်သည်။

“နေရာလွတ်ဆိုလို့သောက်သုံးရေကန်ဘေးမှာပဲ ရှိတော့ အဲ့နေရာကို လာပစ်ကြတာပေါ့” ဟု အပြင်ပဒံကျေးရွာမှ ဦးစိုးနိုင်က ဧရာဝတီသို့ပြောသည်။


“စက်မှုဇုန်က အညစ်အကြေးတွေ လာစွန့်တော့ ပိုဆိုးတာပေါ့။ အနံ့အသက်ကလည်း ဆိုးတယ်” ဟု လှိုင်သာယာတွင်နေထိုင်သည့် ကိုအေးကျော်က ဧရာဝတီသို့ပြောသည်။


တခြား ကျေးရွာ ရပ်ကွက်များ ဖြစ်သော အတွင်းပဒံကျေးရွာ၊ ကျွန်းကြီး၊ ကျွန်းလေးတို့တွင် နေထိုင်သူများကလည်း ထိုရေကန်ကို အားကိုးကြသည်။

သောက်သုံးရေကန်အနီး စွန့်ပစ်အမှိုက်များကိစ္စကို သက်ဆိုင်ရာသို့ တိုင်ကြားသော်လည်း အကြောင်း မထူးသေးကြောင်း၊ နွေရာသီ ရေလုံလောက်စေရေးအတွက်  ကန်အသစ်ဖော်မည့် အစီအစဉ်ကိုလည်း ခွင့်မပြုသေးကြောင်း အပြင်ပဒံတွင် နေထိုင်သူများက ဆိုသည်။

မြစ်ရေ နဲ့ စက်မှုဇုန်ရေဆိုးရေညစ်



ဂျိုးဖြူပိုက်ကြီးမှတဆင့် ရန်ကုန်မြို့အနှံ့ ရေပေးဝေလျက်ရှိသည်။ လှိုင်သာယာ ကဲ့သို့သော ဒေသတွင် ဂျိုးဖြူပိုက်ရေ ရရှိရန် ခက်ခဲနေသည်။ အားကိုးရသည့်ကန်ရေကို မနှစ်သက်သူများအတွက် ဒေသခံဆိုင်တချို့တွင်  ဂျိုးဖြူပိုက်ရေကို
ပလပ်စတစ်ပုံးဖြူတွင် ထည့်သွင်းပြီး တခမ်းတနား ရောင်းနေကြသည်။

“(ဂျိုးဖြူ)ရေ၀ယ်သောက်ဖို့ကလည်း မလွယ်ဘူးလေ” ဟု ကိုအေးကျော်က ဆိုသည်။


“နွေရာသီဆိုရင် ကန်ရေကလည်း မလုံလောက်တော့ မြစ်ရေကို ခပ်သောက်ကြတယ်။ မြစ်ရေကလည်း သိတဲ့ အတိုင်းပဲ စက်ရုံက စွန့်ပစ်ရေတွေ ဆိုတော့ ၀မ်းပျက်တာပေါ့
” ဟု ကိုအေးကျော်က ရှင်းပြသည်။

[ ဧရာဝတီ Facebook / ဧရာဝတီ Twitter]


ရန်ကုန်မြို့တွင်း စက်မှုဇုန်များမှ ရေဆိုးရေညစ်တို့ကို နီးစပ်ရာမြစ်ချောင်းများအတွင်း  စွန့်ထုတ်မှု ရှိမရှိကို လေ့လာစောင့်ကြည့်သည့် အဖွဲ့များ၊ သတင်းသမားများ လိုအပ်နေသည်။

ရေဆိုးများ စွန့်ထုတ်သည့် လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန် တို့သည် လှိုင်မြစ်အနီးတွင် တည်ရှိသည်။
နန်းဆိုင်နွမ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ