Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

MTV ဆုပေးပွဲမှာ ပရိသတ်ကို အံ့သြသွားစေခဲ့သူ မိုက်လေဆိုင်းရပ်စ်

$
0
0
မိုင်လေဆိုင်းရပ်စ်ဟာ ထူးထူးခြားခြား ပရိသတ်ကို မင်တက်စေသူတဦးလို့ ပြောရင် မမှားပါဘူး။ အခုလည်း မိုင်လေဆိုင်းရပ်စ်ဟာ MTV- VMAs ဆုပေးပွဲအခမ်းအနားမှာ ထူးခြားမှု တခု လုပ်ပြသွားခဲ့ပြန်ပါတယ်။ 


သူ့ရဲ့ နာမည်ကြီး လူပြောများတဲ့ Wrecking Ball အတွက်  မိုင်လေဟာ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ဗွီဒီယို ဆု ရရှိခဲ့ပါတယ်။ ဒီဆုကို MTV- VMAs ဆုပေးပွဲအခမ်းအနားမှာ မိုင်လေဆိုင်းရပ်စ်က တက်ရောက် လက်ခံ မယူခဲ့ပါဘူး။ 

ဒါပေမယ့် မိုင်လေဆိုင်းရပ်စ်ရဲ့ ဆုကို သူ့ကိုယ်စား အမျိုးသားတဦးက တက်ရောက်ယူခဲ့ပါတယ်။ 

ထူးခြားတာ က မိုင်လေဆိုင်းရပ်စ်ရတဲ့ဆုကို ကိုယ်စားလက်ခံသူ အမျိုးသားဟာ အိမ်ခြေမဲ့ လူငယ်တဦးဖြစ် တာပါဘဲ။ 

အစီအစဉ်ကြေညာသူ Jimmy Fallon က မိုက်ကရိုဖုန်းကို ကိုင်ထားစဉ်မှာ Jesse လို့အမည်ရတဲ့ မိုင်လေ ရဲ့ ဆု ကို ကိုယ်စားတက်ရောက်လက်ခံသူ လူငယ်က ဂုဏ်ပြုစကားနဲ့အတူ စကား နည်းနည်းပြောပါတယ်။ 

သူက ပြောတာမှာတော့ ဟောလီဝုဒ်မှာ ရှိတဲ့ အိမ်ခြေမဲ့ လူငယ်တွေအတွက် ငါ့မိတ်ဆွေရဲ့နေရာလို့ ခေါ်တဲ့ စင်တာ တခုရှိပြီး အစီအစဉ်ကို ကြည့်ရှု့နေတဲ့ ပရိသတ်တွေအနေနဲ့ အဲဒီစင်တာအတွက် အလှူငွေ ထည့်ဝင်နိုင်တယ်လို့ ပြော ဆိုသွားပါတယ်။ 

အိမ်ခြေမဲ့ လူငယ်ရဲ့ ပြောဆိုနေချိန်မှာ စင်ပေါ် မတက်ခဲ့ပဲ ပရိသတ်ထဲက မိုင်လေဆိုင်းရပ်စ်ကလည်း မျက်ရည်စက် လက်နဲ့ မြင်ကွင်းကို တိုင်းမ်သတင်းမှာ အကျယ်တ၀ံ့ဖော်ပြသွားပါတယ်။ 

 မိုင်လေက သူ့ဖေ့စ်ဘုတ်ကနေလည်း အိမ်ခြေမဲ့ လူငယ်တွေ သူတို့ဘ၀တွေအဆုံးသတ်စေဖို့ ရန်ပုံငွေရဖို့နဲ့ လှုံ့ဆော်မှု တွေကို လုပ်ဆောင်ရာမှာ ပရိသတ်ကလည်း သူ့ကို ကူညီကြဖို့ တိုက်တွန်းထားပါတယ်။ 

လူတဦးချင်းစီအနေနဲ့ ၀န်ထုပ် ၀န်ပိုးလည်းမဖြစ်စေဖို့ လူတဦးကို ၅ ဒေါ်လာနဲ့ အလှူခံနေပြီး အဲဒီ ၅ ဒေါ်လာ အလှူရှင် တွေထဲက မဲပေါက်သူ ၂ ဦးကို လာမယ့် စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဘရာဇီးနိုင်ငံ ရီယို ဒီ ဂျနေရိုး မှာ လုပ်မယ့် သူ့ ရဲ့ ရှိုးပွဲမှာ အတူ လျှောက်လည်ခွင့်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

  

အိမ့်သံစဉ် ~


 







 

Viewing all articles
Browse latest Browse all 5236

Trending Articles