Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရန်ကုန်မှာ ညဈေးဖွင့်ရန် စီစဉ်နေ

$
0
0
နိုင်ငံတကာ ကမ္ဘာလှည့်ခရီးသွားများအား ဆွဲဆောင်ဖို့ ရန်ကုန်စီးပွားရေးမြို့တော်မှာ နိုင်ငံတကာ အဆင့်မီ ညဈေး ဖွင့်လှစ်ဖို့ စီစဉ်နေတယ်ဆိုပြီး မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက တာဝန်ရှိ သူတွေကို ကိုးကားပြီး ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာက ဆိုထားပါတယ်။ 

 ချင်းမိုင်မြို့၊ စနေ ညဈေး မြင်ကွင်း တခု 

ညဈေးဖွင့်လှစ်မယ့်နေရာကတော့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလ ပန်းခြံအနီး လသာလမ်းနှင့် အနီးတ၀ိုက် လသာမြို့နယ်မှာလုပ်ဖို့ စီစဉ်နေပြီး ဆိုင်ခန်းပေါင်း ၁၅၀ လောက် လျာထားတယ်လို့ ဆိုပါ တယ်။ 

ညဈေးဖွင့်လှစ်ချိန်ကိုတော့ ညနေ ၆ နာရီမှ ည ၁၀ နာရီခန့်ထိဖြစ်နိုင်ပြီး လတ်တလော ညဈေးဖွင့်လှစ်ရေး ညှိနှိုင်း နေသေးတယ်လို့ ဆိုထားတယ်။ 

အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်က ညဈေးအကြောင်း လည်း မြန်မာ့အလင်းသတင်းစာမှာ ထည့်ရေး ထားပြီး အမှိုက်သိမ်းစနစ်၊ ရေဆိုးရေညစ်တွေအတွက် ကြိုတင်ပြင်ဆင်ဖို့ညှိနှိုင်းနေတယ်လို့လည်း ဆိုပါ တယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်နှင့်အခြားမြို့ကြီးများတွင် ညဈေး ( လမ်းလျှောက်ညဈေး) တွေ ဖွင့်လှစ် ထားပြီး ကမ္ဘာလှည့်ခရီးသွားတွေကို နှစ်ပေါင်းများစွာကတည်းက ဆွဲဆောင်ထားတာပါ။ 

Night Life လို့ခေါ်တဲ့ ညဘက် ပျော်ပျော်ပါးပါး စိတ်လွတ်လပ်မှုရေစေဖို့ ထိုင်းနိုင်ငံက ညဘက် လမ်း
လျှောက်ဈေး တွေ ဖွင့်လှစ်ပြီး ထိုင်းရိုးရာ လက်မှုပစ္စည်းနဲ့ အခြား လက်ဆောင်ပစ္စည်း၊ အသုံးအဆောင်၊ စားသောက်ဖွယ်တွေနဲ့ ရိုးရာ ၀န်ဆောင်မှုတွေကို စနစ်တကျ စီမံပေးနေကြတာ ကြာခဲ့ပါပြီ။ 

ဒါကြောင့်လည်း ထိုင်းနိုင်ငံဟာ ကမ္ဘာလှည့်ခရီး သွားလုပ်ငန်းက ရတဲ့ ၀င်ငွေပမာဏဟာ တိုင်းပြည်ရဲ့ အဓိက ၀င် ငွေဆိုတာ ကိန်းဂဏန်းတွေက ညွှန်ပြနေပါတယ်။

 နိုင်ငံခြားသားတွေနဲ့ပတ်သက်ပြီး အထူးဂရုစိုက် ၀န်ဆောင်မှုပေးကာ နိုင်ငံ့ဝင်ငွေကောင်းကို ဖန်တီးတဲ့
နေရာ မှာ မြန်မာ အနေနဲ့ ထိုင်းနိုင်ငံဆီက သင်ခန်းစာယူစရာတွေအများကြီးရှိပါတယ်။ 

ချင်းမိုင်မြို့က တနင်္ဂနွေညဈေးနဲ့ စနေညဈေးတွေက နာမည်ကြီးပြီး ဈေးပရ၀ုဏ်အနီးပတ်ဝန်းကျင်မှာ ယာဉ် ထိန်းရဲကလည်း စေတနာပါပါနဲ့ လမ်းရှင်းပေးတယ်။ ရဲနဲ့ လုံခြုံရေးအဖွဲ့တွေကလည်း ကူညီဖို့ အဆင်သင့် အနေအထားအမြဲ ရှိနေကြတယ်။ 

ကျန်းမာရေးအရေးပေါ် တခုခုဖြစ်ရင် ကူညီဖို့ စေတနာရှင် လူတွေနဲ့ အရေးပေါ် လူနာတင်ယာဉ်ကလည်း အမြဲအဆင်သင့်၊ တခါတရံ အသံချဲ့စက်ကလည်း ဈေးထဲမှာ လူပျောက်၊ ပစ္စည်းပျောက်၊ ပစ္စည်းမေ့ကျန် စတဲ့ ကိစ္စတွေနဲ့ပတ်သက်ရင်လည်း သတိပေးတယ်။ 

ထိုင်းနိုင်ငံဟာ ဟိုတယ်နဲ့ တည်းခိုမှု စတဲ့ ကိစ္စတွေမှာသင့်တော်တဲ့ ဈေးနှုန်းနဲ့ ၀န်ဆောင်မှု အစ၊ ယဉ်းကျေး မှု ကိစ္စအလယ် ပြည်ဝင်ခွင့်ဗီဇာ ကိစ္စ အဆုံး၊ အဘက်ဘက်က အဆင်ပြေအောင် ကမ္ဘာလှည့်တွေကို ဆွဲဆောင်မှုမှာ ဒေသတွင်းနိုင်ငံတွေထဲမှာ အထင်ရှားဆုံး ဖြစ်တယ်လို့ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းတွေ က ဆိုကြတာပါ။ 


 အိမ့်သံစဉ် ~ 












 

Viewing all articles
Browse latest Browse all 5236

Trending Articles