Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အထီးကျန်နေသလား ... ချစ်သူအနွေးထည် ဝတ်ထား

$
0
0


တယောက်တည်း အထီးကျန်နေပါသလား။
ဂျပန်နိုင်ငံ ၊ ဆူကူးဘားတက္ကသိုလ်  ကျောင်းသားတဦးက တကိုယ်တည်း အားငယ်နေသူများအတွက် “Girlfriend coat” လို့ ခေါ်တဲ့ ပစ္စည်းတမျိုး တီထွင်လိုက်ပါပြီ။

နည်းပညာပိုင်းမှာ အမြဲလိုလို ရှေ့ပြေးနေတတ်တဲ့ ဂျပန်နိုင်ငံမှာ ကျောင်းသားတယောက် ထွင်လိုက်တဲ့ ဒီပစ္စည်းက လူတွေပြုံးစေ၊ ဝတ်ဆင်သူကို ကြည်နူးမှုပေးဖွယ်ရှိပါတယ်


ဒီပစ္စည်းဟာ အပြာရောင်ခါးပတ်တခုကလွဲပြီး သာမန် အနွေးထည်တထည်လို့ သာ ထင်ရပေမယ့် သူ့ရဲ့ စွမ်းဆောင်နိုင်စွမ်းက မသေးပါဘူး။
  ဝတ်ထားရင် လူတယောက်ကို နောက်ကနေ ချစ်သူတဦးက ထွေးပိုက်လိုက်တဲ့ ခံစားမှုမျိုး အမှန်တကယ်ရရှိမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီအနွေးထည် ၀တ်ဆင်သူဟာ နားကြပ်ပါ တပ်ဆင်ထားနိုင်ပြီး ချစ်သူက သင့်ကိုဖက်ထားအချိန်မှာ ကြားရတတ်တဲ့
“ကိုယ်နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်”  စသဖြင့်သော နွေးနွေးထွေးထွေးစကားလုံးတွေကိုလည်း အမှန်တကယ် ခံစားရအုံးမှာပါတဲ့။

(အမျိုးသမီးဝတ်အင်္ကျီ ထွင်မယ် ဆိုရင်တော့ အသံ အပြောင်းအလဲ လုပ်ရဖွယ် ရှိပါတယ်)

ဒီအချစ်အနွေးထည်ကို တီထွင်တဲ့ ဟီကာရူက အဓိက ကတော့ -
“လူတိုင်းဟာ ဒီအနွေးထည်ကို ၀တ်ဆင်ရင်းကနေ ချစ်သူတယောက်ရဲ့ နွေးထွေးမှုကို အမှန်တကယ် ရရှိနိုင်ပါလိမ့်မယ်”  လို့  အင်တာနက် YouTube ဗီဒီယိုမှာ ပြောသွားပါတယ်။

 


ဂျပန်ဘာသာစကားနဲ့ ပြောရရင်တော့ ဒီအနွေးထည်ကို "Riajyuu" လို့ အသံထွက်တယ်၊ အဓိပ္ပာယ်ကတော့ “အင်တာနက် အပြင်ဘက်မှ တကယ့်ဘ၀ကို ကျေနပ်နေသူများ”  လို့ ဆိုတယ်။

သင့်ရဲ့ ဗီဒိုထဲမှာ ဒီလို အချစ်အနွေးထည်မျိုး ရှိချင်ပါသလား။ အင်း... အခုလက်ရှိအချိန်ထိတော့ ဒီအနွေးထည်ဟာ တကယ်ကိုအတည်ပေါက် တီထွင်ထားတာလား၊
ဒါမှမဟုတ် ဂျပန်ကျောင်းသားတဦးရဲ့ သူငယ်ချင်းတွေကြားမှာနောက်ပြောင်ဖို့ လက်စွမ်းပြတာလားဆိုတာ စောင့်ကြည့်ရပါအုံးမယ်။

သေချာတာကတော့  ဒီသတင်းကို လူအများ စိတ်ဝင်စားခဲ့ပြီး အင်တာနက်ပေါ်မှာ နောက်ပြောင်ဆွေးနွေးနေကြတာကိုလည်းတွေ့ ရပါတယ်။
စက်ရုပ်တွေကို လူသားတို့ရဲ့နေ့ စဉ်ဘ၀တွေထဲထိ ၀င်ဆံ့နိုင်အောင် တီထွင်နေတဲ့ ဂျပန်တွေအတွက်တော့ ဒီ အချစ်အနွေးထည်ဟာ တစိတ်တပိုင်း အနေနဲ့ အထောက်အကူပြုနိုင်လိမ့်လို့ လည်း ပြောတဲ့သူကပြောနေကြပါတယ်။



အချစ်အနွေးထည်ကို စိတ်ဝင်စားရင် ဒီအကြောင်း ရိုက်ကူးထားတဲ့ဗီဒီယိုကို ဒီမှာကြည့်ရှုနိုင်ပါတယ်။

ကိုးကား http://mashable.com/2013/04/10/japanese-girlfriend-coat/
http://kotaku.com/in-japan-theres-a-girlfriend-coat-to-hug-lonely-peo-470822962

ဆောင်းဦးလင်း ~
 

   -
 
 ဧရာဝတီ Facebook/ဧရာဝတီ Twitter
 



Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။