Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တရားလို ဂေါပကကို ဝန်ကြီး ဖျောင်းဖျရခက်နေ

$
0
0

 အင်းလေးကန် ဖောင်တော်ဦးဘုရားမှ ဈေးသည်အမျိုးသမီး ၇ ဦး အချုပ်ကျ တရားစွဲခံနေရမှုကို ကျေအေးပေးရန် ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးတဦး၏ တောင်းဆိုမှုကို ဘုရားဂေါပကအဖွဲ့က  ပယ်ချလိုက်သည်။

တရားလို ဦးဘသိန်း


အမှုမှာ ညောင်ရွှေမြို့နယ်၊ အင်လေးကန်အတွင်းရှိ ဖောင်တော်ဦးဘုရား ကုန်းမြေပေါ်တွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က ရွှေဆိုင်းရောင်းချသူရွာသူ(၇) ဦးနှင့် ရွှေကန်ထရိုက်တို့ ပဋိပက္ခ ဖြစ်ပွားခဲ့သည်။

 ဖော်တော်ဦး ဘုရားဂေါပက အဖွဲ့က ဥက္ကဌ ဦးတိုးအောင်က ၎င်းတို့ကို ဆူပူမှု ပုဒ်မ ၄၄၀ ဖြင့် တရားလိုပြုလုပ်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

      ရွှေညောင်မြို့နယ်၊  နန့်ပန် ရဲစခန်းတွင် အချုပ်ကျနေသည့်ရွာသူများ
- ဆွေဆွေ(ခ) ဖြူလေး ၃၉နှစ်
- ခင်မျိုးဖြူ ( ၁၇) နှစ်
- ခင်မာထွေး (၃၅) နှစ်
- သန်းသန်းဦး (၂၄) နှစ်
- နိုင်ဆွေဝင်း (ခ) မရွှေငယ် (၃၇) နှစ်
- မမိုးမြခိုင်
- နွေမာနှင်း

ယခုလ  ၆ ရက်နေ့က ဖော်တော်ဦးဘုရားဧည့်ခန်းမဆောင်တွင် ဂေါပကအဖွဲ့နှင့် တွေ့ဆုံညှိုနိုင်းခဲ့သော ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က -

- မိမိသည် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လာရောက်ခြင်းဖြစ်ကြောင်း၊
- ယခုတရားစွဲခံရပြီး အချုပ်ကျနေသူများမှာ မိန်းကလေးများ ဖြစ်နေသည့်အတွက် စိတ်မကောင်းပါကြောင်း၊ 
- ထိုအင်းသူ ၇ ဦးအမှုအား မေတ္တာရှေ့ထားပြီးဖောင်တော်ဦးဘုရား ဂေါပက အဖွဲ့က ကျေအေးပေးစေလိုကြောင်း၊
- သားသမီးချင်း ကိုယ်ချင်းစာစေလိုကြောင်း၊
- မိမိအနေဖြင့်တောင်းဆိုပါကြောင်း ပြောဆိုသည်။

အချုပ်ထဲတွင်လည်း မိန်းကလေး တဦးမှာ (၁၇) နှစ်အရွယ်သာ ရှိသေးကြောင်း၊ အာမခံရသူ နှစ်ဦးမှာလည်း ကိုယ်ဝန်ဆောင်သည်၊  နှလုံးရောဂါသည်တို့ ဖြစ်ကြောင်း  ၀န်ကြီးက ဆက်ပြောသည်။

          ဖောင်တော်ဦးဘုရားဂေါပက အဖွဲ့မှ ဂေါပက ဦးဘသိန်းက ၎င်းတို့ အနေဖြင့် မကျေအေးနိုင်ကြောင်း၊  ယခု အချုပ်ကျနေသူများသည်
အင်မတန်ရိုင်းစိုင်းကြောင်း၊  ကျေအေးပေးလိုက်ပါက မိမိတို့ခေါင်းပေါ် ချေးတက်ပါမည်ဖြစ်ကြောင်း၊  သည့်အတွက် တရားဥပဒေအရသာ
တုံပြန်အရေးယူမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဂေါပက အဖွဲ့ဝင် ဦးမြင့်ငွေကလည်း -           မိမိတို့အား အင်းလေးကန်အတွင်းရှိ ဆရာတော်ကြီးများကလည်း ပြောဖူးကြောင်း၊  မိမိတို့တွင် ဓမ္မစက်သာရှိပြီး အာဏာစက် မရှိကြောင်း၊ 
အာဏာစက်ကို မိမိတို့ဖာသာ သုံးကြည့်ပါဟု မိန့်ကြားဖူးကြောင်း ပြောသည်။


       အမေ၊ ညီမ၊  အဒေါ် သုံးဦးစလုံးအချုပ်ကျနေခြင်းခံနေရသူကာယကံရှင် ကိုနန္ဒအောင် (လယ်ခြေရွာသား) ကပြောကြားရာတွင်   အချုပ်ကျခံနေရသည်မှာ အမေအပါဝင် ၄၅ ရက်ရှိပြီ ဖြစ်ကြောင်း၊  သည့်အတွက် ပြောမပြတတ်အောင် ၀မ်းနည်းပါကြောင်း၊  ထိန်းသိမ်းခံနေရသည့်  မိမိညီမ ခင်မျိုးဖြူ သည် အသက် (၁၇) နှစ်သာရှိသေးကြောင်း၊  အပြင်မှာလည်း  တစ်နှစ်ကျော်အရွယ် နို့စို့ကလေး ကျန်ခဲ့ကြောင်း၊  အမြန်ဆုံး လွတ်မြောက်ပေးစေလိုကြောင်း ပြောသည်။

 ခမ်းမြတ် (ရှမ်းပြည်) ~




   -
 
 ဧရာဝတီ Facebook/ဧရာဝတီ Twitter
 



Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


မနောမယအိမ်ခြံမြေရောင်းနည်း


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။