Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပြည်သူ့အသံ လွှတ်တော်အသံ??

$
0
0
 ~

 

ပြည်သူ့လွှတ်တော်မှာ ကြွေးကြော်ချက်ဆိုင်းဘုတ်တခုမှာ   ပြည်သူ့အသံ လွှတ်တော်အသံ လို့ ရေးထားပါတယ်။



  •   ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ရဲ့ ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့  ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ကောက်ယူမှု မှတ်တမ်းဓာတ်ပုံများ 

NLD နဲ့ ၈၈ ငြိမ်း/ပွင့်အဖွဲ့တို့ရဲ့ ကြာသပတေးနေ့ထုတ်ပြန်ချက်မှာ အဲဒီအချက်ကို ဆွဲစေ့ထားတာ တွေ့ရမှာပါ။

ထုတ်ပြန်ချက်က အခြေခံဥပဒေရဲ့ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရေးအတွက် ပြည်သူအများအပြားက လက်မှတ်ထိုးပြီး အသံပေးနေပြီ၊ လွှတ်တော်က ဆက်လက် ဆောင်ရွက်ပေတော့လို့ နားလည်နိုင်တဲ့ ထုတ်ပြန်ချက်ပါ။

 ပြည်သူအများအပြားရဲ့ လက်မှတ်တွေ ရရှိဖို့အတွက် ပြီးခဲ့တဲ့လတွေအတွင်း ဒီနှစ်ဖွဲ့ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။


အထက်ပါပုံမှာတော့ တပ်မတော်သားတဦးရဲ့ ဓာတ်ပုံကို တွေ့ရပါမယ်။
အဲဒီ တပ်မတော်သားက လက်မှတ်ထိုးလိုက်သလား၊ လက်မှတ်ထိုးဖို့ စည်းရုံးလှုံ့ဆော်တာကိုပဲ လေ့လာသွားတာလား ဆိုတာတော့ မသိရပါဘူး။

စည်းရုံးရေးကာလမှာ  NLD နဲ့ ၈၈ ငြိမ်း/ပွင့်အဖွဲ့ နှစ်ဘက်စလုံးက ခေါင်းဆောင်တွေ မြို့အတော်များများကို သွားပြီးတော့ ဟောပြောခဲ့ကြပါတယ်။

ဆက်စပ်သတင်း နဲ့ အာဘော်များ

  • တပ်မတော်သားများ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
http://burma.irrawaddy.org/news/2014/05/28/59627.html

  •  ဖွဲ့စည်းပုံ ပြင်ရေး ဒေါ်အောင်ဆန်း စုကြည်၏ တပ်မတော်ကို စိန်ခေါ်ချက်အပေါ် အမြင်များ
http://burma.irrawaddy.org/interview/2014/05/19/59128.html

  •  အခြေခံဥပဒေပြင်မှ ဒီမိုကရေစီ လမ်းပွင့်မည်
http://burma.irrawaddy.org/opinion/editorial/2014/06/09/60087.html
 





 



.

Viewing all articles
Browse latest Browse all 5236

Trending Articles