Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တာချီလိတ် ရပ်ကွက်ကြီး ၃ ခု ရေလွှမ်း

$
0
0
ထိုင်း- မြန်မာနယ်စပ် တာချီလိတ်မြို့မှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် တာချီလိတ်ခရိုင်ထဲက ရပ်ကွက် (၃) ခုမှာ ရေလွှမ်းမှုတွေနဲ့ ကြုံတွေ့နေကြပါတယ်။ 

တာချီလိတ်မြို့က ရေလွှမ်းနေတဲ့ မြင်ကွင်း တချို့

 သြဂုတ်လ ၁၃ ရက် ကတည်းက မရပ်စတမ်း မိုးရွာနေတာကြောင့် မယ်ဆိုင်ချောင်း ရေလျှံကျ လာပြီး 
တောင် ကျရေတွေ စီးဝင်လာတာကြောင့် တော်ကော့ရပ်ကွက်၊ ပါလျှံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် စတဲ့ ရပ်ကွက်က အိမ်ခြေပေါင်း ရာနဲ့ချီပြီး အောက်ထပ်အထိ ရေနှစ်မြုပ်နေပြီး တချို့မှာ ဘုန်းကြီး
ကျောင်းဆောင်တွေနဲ့ လိုင်းခန်းတွေမှာ သွားရောက်ခိုလှုံနေရပါတယ်။ 

မနေ့က သြဂုတ်လ ၁၄ ရက်နေ့ နေ့ခင်းပိုင်းကစပြီး ရေတက်လာတဲ့ နှုန်းက တနာရီကို ၁ ပေနှုန်းနဲ့ မြင့် တက် လာ တာပြီး ဝိန်းကျောက်ရပ်ကွက်က တချို့နေရာမှာ ၄ ပေအထိ ရေတက်လာခဲ့ပါတယ်။ 

သက်ဆိုင်ရာ တာဝန်ရှိ သူတွေက အဆိုပါ ရပ်ကွက်ရှိ ရေဘေးခံရတဲ့ မိသားစုဝင်တွေကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းနေရာ ချထားပေးရပြီး လူမှုဝန်းထမ်း ဦးစီးဌာနက ဖွင့်ထားတဲ့ တာချီလိတ် မူလတန်း ကြို ကျောင်း ကိုလည်း ၁၃ ရက်နေ့ကတည်းက ပိတ်ထားရပါတယ်။ 

အဆိုပါ မှုလတန်းကြိုကျောင်းမှာ ကလေးငယ်ဦးရေ ၇၀ ဝန်းကျင် ပညာသင်ယူနေတာပါ။ အခုအချိန်မှာ မိုးရေကြီးတာနဲ့အတူ နောက်ဆက်တွဲ ဝမ်းပျက် ဝမ်းလျှောရောဂါ နဲ့ အအေးမိ တုပ်ကွေး ရောဂါ ဖြစ်လာ နေ တာကြောင့် ကျောင်းကို တော်တော်နဲ့ မဖွင့်နိုင်သေးဘူးလို့ ကျောင်းအုပ်ကြီး ဆရာမဒေါ်လှလှထွန်းက ဆိုပါတယ်။ 

ဒါ့အပြင် ထိုင်း မြန်မာ ၂ နိုင်ငံကို ခြားထားတဲ့ မယ်ဆိုင်ချောင်း နဘေးရှိ မုံးကိုးကျေးရွာတလျှောက်မှာလည်း ခန့်မှန်းခြေ ဧကပေါင်း ၈၀ ဝန်းကျင်ရှိတဲ့ စပါးခင်းတွေလည်း ရေနှစ်နေတာကြောင့် ပျက်စီးကုန်ပြီလို့ မုံးကိုး ကျေးရွာသားတယောက်က ပြောပါတယ်။ 

ဒီနေ့ သြဂုတ် ၁၅ ရက်နေ့မှာတော့ မိုးအနည်းငယ်ရွာနေပေမယ့် ရေအနည်းငယ် ကျလာပြီ ဖြစ်ပါတယ်။ 












ငြိမ်းဇော် ~


 






 

Viewing all articles
Browse latest Browse all 5236

Trending Articles