Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘန်ကောက်မှာ ကျင်းပမယ့် ထိုင်း-မြန်မာဂီတအနုပညာအသင်း ဖွင့်ပွဲ

$
0
0
ထိုင်း-မြန်မာ ဂီတ အနုပညာအသင်း ဖွင့်ပွဲ အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒူရာ့ကစ်ပန်ဒစ် တက္ကသိုလ်- ခန်းမဆောင်တွင် မနက်ဖြန် သြဂုတ်လ ၁ဝ ရက်နေ့ နေ့လယ် ၂ နာရီက ၅ နာရီထိ ကျင်းပ သွားဖို့ ရှိပါတယ်။ 



အဲဒီဖွင့် ပွဲ အခမ်းအနားမှာ စင်ကာပူနိုင်ငံမှာနေတဲ့ မြန်မာတေးသံရှင် မင်းအောင်နိုင်နဲ့ သီရိသဲဖြူဝင်း ကလည်း သီဆိုကပြ ဖျော်ဖြေသွားဖို့ရှိပါတယ်။ 

တချိန်က နာမည်ကြီး ရေဒီယို အဆိုတော် ဆရာမ မေကျော့ရှင်းကလည်း သူ့ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ ကလေးတို့ရဲ့ ဆရာမ သီချင်းနဲ့ ဖျော်ဖြေသွားဖို့လည်း ရှိပါတယ်။

သီရိသဲဖြူဝင်းဆိုတာ တေးသံရှင် မောင်ကြည်တိုးရဲ့ တူမဖြစ်သလို စန္ဒယား ကိုတင်မောင်ကြည်နဲ့ အကနဲ့ အဆိုရှင် ဝင်းပပ တို့ရဲ့ သမီးဖြစ်ပါတယ်။ 

ထိုင်းယဉ်ကျေးမှု အနုပညာကကွက်တွေကိုတော့ ထိုင်းလှပျိုဖြူ မစ္စ Co Co က ဖျော်ဖြေသွားမှာဖြစ်ပြီး ဘန်ကောက်မှာ လာ ရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာလှပျိုဖြူတွေကလည်း အက၊ အလှတွေ နဲ့ ဖျော်ဖြေတင်ဆက်ဖို့ ရှိပါတယ်။ 

 ဖျော်ဖြေတင်ဆက်မှုတွေကိုတော့ မည်သူမဆို အခမဲ့ ကြည့်ရှုနိုင်ပါတယ်။ ထိုင်း-မြန်မာ ယဉ်ကျေးမှု အသင်းဖွင့်ပွဲအခမ်းအနားမှာ အသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ စန္ဒယားအောင်ဝင်းနဲ့ စာရေးဆရာ မင်းဒင် တို့က အဖွင့်အမှာစကားများ ပြောကြားပေးကြမှာ ဖြစ်ပါတယ်။ 

ထိုင်း-မြန်မာ ယဉ်ကျေးမှု အသင်းရဲ့ ရည်ရွယ်ချက်တွေကတော့ ထိုင်း-မြန်မာယဉ်ကျေးမှု ဖလှယ်ရေး၊ ယဉ်ကျေးမှုရဲ့ အနှစ် သာရကို လူငယ်မျိုးဆက်သစ်များ နားလည်းလေးစားတန်ဘိုးထားစေရေးနဲ့ လက်ရှိ ဘဝနဲ့ ကမ္ဘာလောကကြီးကို ပျော်ပျော် ရွှင်ရွှင် နေထိုင်နိုင်ရေးတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ 

ကျင်းပမယ့် လိပ်စာကတော့…. 

The Reception Hall of Dhurakij Pandit University , Prachachuaen Road, Bangkok , in front of Prachachuen , Soi 8. 


အိမ့်သံစဉ် ~ 








 

Viewing all articles
Browse latest Browse all 5236

Trending Articles