Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အီရတ်က စစ်သွေးကြွတွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှု စတင်

$
0
0
အီရတ်နိုင်ငံ မြောက်ပိုင်းက ဆွန်နီ အစ္စလမ်မစ် စစ်သွေးကြွတွေကို အမေရိကန်က လေကြောင်း တိုက်ခိုက် မှုကို ဇူလိုင်လ ၈ ရက် သောကြာနေ့က စတင်လိုက်ပါတယ်။ 

 ဓာတ်ပုံ- FP

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ဗိုလ်ချုပ် တဦးဖြစ်သူ John Kirby က ကြေညာတာမှာ အီရတ်
မြောက်ပိုင်း ဆွန်နီ စစ်သွေးကြတွေ သိမ်းပိုက်ထားတဲ့ Irbil အီရ်ဘီလ်မြို့က ပစ်မှတ်တခုပေါ်ကို F-18 တိုက်လေယာဉ် ၂ စီးက လေဆာ ပစ် မှတ်ရှာ စနစ်သုံး ပေါင် ၅ဝဝ ဗုံးတွေကို ကျဲချခဲ့တယ်လို့ အမေရိကန် အခြေစိုက် Foreign Policy –FP က ဆိုပါတယ်။ 

ဒါဟာ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမေရိကန်ရဲ့ ပထမဆုံး လေကြောင်းတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။ 

အဲဒီ အီရ်ဘီလ်မြို့က ပစ်မှတ်ဟာ ကာ့ဒ် ဒေသ အစိုးရတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဆွန်နီ စစ်သွေးကြွတွေရဲ့ အမြောက်စခန်းဖြစ်တယ်လို့ သိရပါတယ်။ 

တဆက်တည်းမှာပဲ အမေရိကန်က အီရတ်မြောက်ပိုင်း အစ္စလမ်မစ်စစ်သွေးကြွတွေတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြ တဲ့ ဒေသခံ ရာဇီဒီ လူမျိုးတွေနဲ့ ခရစ်ယာန်ဒုက္ခသည် စုစုပေါင်း ၂ သိန်းဝန်းကျင်ခန့်ဆီကို အစားအသောက်၊ ရေနဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပစ္စည်းတွေလည်း လေကြောင်းက ကျဲချပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဆွန်နီစစ်သွေးကြွတွေဟာ ကာ့ဒ်လူမျိုးစု အုပ်စုဝင် ရာဇီဒီ လူမျိုးတွေ မိရိုးဖလာယုံကြည်တဲ့ ဇိုရိုဘာသာ ကိုးကွယ်မှုကို ခြိမ်း ခြောက်လျှက်ရှိပြီး လူမျိုးတုံး သတ်ဖြတ်နေတာလည်း ဖြစ်ပါတယ်။ 

အခုလို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဖို့ ကြာသပတေးနေ့ညက သမ္မတ အိုဘားမားက မိန့်ခွန်း
ပြောကြား အပြီး အခုလို အီရတ်ကို လေကြောင်းတိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တာလို့ သိရပါတယ်။ 

သမ္မတ အိုဘားမားက အခုလို အီရတ်နိုင်ငံကို လေကြောင်း တိုက်ခိုက်မှု အမိန့်ပေးခဲ့ပေမယ့် အမေရိကန် တပ်ဖွဲ့ဝင်တွေကို အီရတ် မြေပေါ် ပြန်လွှတ်မှာ မဟုတ်ကြောင်းလည်း အလေးအနက် ပြောသွားခဲ့ပါတယ်။ 

"ခင်ဗျားတို့ တော်တော်များများက အီရတ်ကို အမေရိကန်က ဘယ်လိုစစ်ရေးနည်းနဲ့ပဲ ဖြစ်ဖြစ် အရေးယူမှာ ကို တကယ်ပဲ စိုးရိမ်နေကြတယ်ဆိုတာ ကျနော်သိပါတယ်။ ကာကွယ်ရေး ဦးစီးချုပ်တဦးအနေနဲ့ အီရတ်ကို အမေရိကန်ပြည်ထောင်စုက နောက်ထပ်စစ်ပွဲဆင်နွှဲဖို့ ကျနော် ခွင့်ပြုမှာ မဟုတ်ပါဘူး” လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ 


လင်းသန့် ~

 









 

Viewing all articles
Browse latest Browse all 5236

Trending Articles