Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လူသားဆန်သူများရဲ့ လုပ်ရပ်

$
0
0
သြစတြေးလျး နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ နနက်ပိုင်း ၈ နာရီခွဲ အချိန်လောက်က ရထားစီးခရီးသည် အမျိုးသား တယာက်ဟာ သတိ ချွတ်ချော်မူကြောင့် ရထားနဲ့ ပလက်ဖောင်းကြား ဟနေတဲ့ နေရာကြားထဲ သူ့ ခြေ
ထောက်ဟာ ညှပ်သွား ခဲ့တယ်။ 




ရထား ရဲတချို့ ကရောက်ရှိလာခဲ့တယ်။ တခြား ရထားစီးခရီးသည်တွေက ငါနဲ့ မဆိုင်ဘူးဆိုတဲ့ မျက်နှာလွှဲ တာမျိုး မရှိခဲ့ပဲ တယောက်တလက် စည်းလုံးညီညွှတ်စွာနဲ့ ရထားတွဲကို ဝိုင်းတွန်းကြတယ်။ ဒီလို တွန်းလိုက် ရင် ခြေထောက်ညပ် နေတာ လွတ်သွားစေဖို့ပါ။ 



ထိုအမျိုးသားခြေထောက်ညပ်နေတာကြောင့် ရထား ထွက်ချိန်ဟာ ကြံ့ကြာသွားခဲ့ပါတယ်။ ရုံးတက်ချိန် 
နဲ့ တိုက်ဆိုင်တော့ ရထားစီးခရီးသည်တွေလည်း များနေတာ ကံကောင်းတယ်ပြောရမှာပါ။ 

ဒါကြောင့်ရထားစီးခရီးသွားတွေက ညှပ်နေတဲ့အမျိုးသားရဲ့ ခြေထောက် လွတ်သွားဖို့ အန္တရာယ်စက်ကွင်းက ကယ်တင်ဖို့အတွက် ရထားကို စုပေါင်းအားနဲ့ တွန်းပြီး အသက်ဘေးကပါ ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီဖြစ်စဉ်ကို ကြည့်ပြီး မြန်မာနိုင်ငံမှာလဲ သင်ခန်းစာအများကြီး ယူနိုင်ပါတယ်။ ရထားစီးခရီးသည်တွေသာ လစ်လျူရှုခဲ့မယ်၊ ကိုယ်ချင်းစာတရား မရှိပဲ ထားခဲ့ရင် အဲဒီလူရဲ့ ဘဝက မတွေးရဲစရာပါ။ အနောက်နိုင်ငံ 
တွေက ရထားတွေဟာ အချိန်တန်တာနဲ့ ထွက်ခွာစမြဲပါ။ အချိန်လည်း အတော်တိကျတယ်လို့ ဆိုရမယ်။ 

အကယ်၍ ရထားသာ ထွက်သွားရင် ခြေထောက်ညပ်သူရဲ့ ဘဝ၊ ဒုက္ခိတဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် အသက်ပါ ဆုံးသွားနိုင်ဖွယ် ရှိပါတယ်။ ရထားတွေရဲ့ အမြန်နှုန်းတွေကလည်း မြန်ဆန်လို့ပါ။

အောက်က ရုပ်သံမြင်ကွင်း မှာ ရထားစီးခရီးသည်တွေရဲ့ စည်းလုံးမှု၊ ညီညွတ်မှု စတာတွေကို မြင်တွေ့ ရနိုင်ပါတယ်။ ဒါကြောင့် ဒီဖြစ်စဉ်အပေါ် ကမ္ဘာတဝန်း မီဒီယာတွေကလည်း ချီးကျူး ဂုဏ်ပြု ရေးသား တင်ပြ
နေကြပါတယ်။ 

  


အိမ့်သံစဉ် ~ 


 












Viewing all articles
Browse latest Browse all 5236

Trending Articles