Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အာဖဂန်နစ္စတန်မှာ အမေရိကန် စစ်ဗိုလ်ချုပ်တဦး ပစ်သတ်ခံရ

$
0
0
အာဖဂန်နစ္စတန် နိုင်ငံမှာ အမေရိကန် စစ်ဗိုလ်ချုပ် တဦးဟာ မနေ့တုန်းက ပစ်ခတ်ခံရမှုကြောင့် သေဆုံး သွားခဲ့ရပါတယ်။ ဒါဟာ အာဖဂန်မှာ အဆင့်အမြင့်ဆုံး စစ်အရာရှိ တဦး ကျဆုံး ခြင်းလည်းဖြစ်ပါတယ်။ 



 အမေရိကန်စစ်ဗိုလ်ချုပ် Harold Greene

အာဖဂန် နစ္စတန်နိုင်ငံ ကဘူးလ် မြို့မှာ မနေ့တုန်းက အာဖဂန်နစ္စတန် စစ်ယူနီဖောင်းဝတ်လက်နက်ကိုင် တဦး ရဲ့ ပစ်ခတ်မှု ကြောင့် အမေရိကန်စစ်ဗိုလ်ချုပ် Harold Greene သေဆုံးခဲ့ရပြီး အမေရိကန်အပါ အဝင် နိုင်ငံတကာ တပ်သား ၁၅ ဦး ဒဏ် ရာ ရခဲ့တယ်လို့ Stars and Stipes ဆိုတဲ့ သတင်းဌာနက သတင်းတပုဒ်ကဖော်ပြထားပါတယ်။ 

သေနတ်သမားဟာ အာဖဂန်နစ္စတန် စစ်ယူနီဖောင်းဝတ်ထားသူဟာ အကြမ်းဖက်သမားတဦးဖြစ်တယ်လို့ အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောထားပါတယ်။ 

ပစ်ခတ်ခဲ့သူ အကြမ်းဖက်သမားကို နိုင်ငံတကာ ပူးပေါင်း တပ်ဖွဲ့တွေကလည်းပြန်လည်ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။  

ဗိုလ်ချုပ် Harold Greene ဟာ ဂျာမနီ ဗိုလ်ချုပ်တဦးအပါအဝင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ အတူ ကဘူးလ်မြို့
တော်က Marshal Fahim ကာကွယ်ရေး တက္ကသိုလ်ကို ပုံမှန်သွားရောက်စစ်ဆေးစဉ်မှာ အခုလို ပစ်ခတ်မှု ခံရတာဖြစ်တယ်လို့သိ ရပါတယ်။ 
 
ဗိုလ်ချုပ် Harold Greene ဟာ အမေရိကန်ကြည်းတပ်မှာ ၃၄ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ အမေရိကန် အရာရှိတွေပြောထားပါတယ်။ 



အိမ့်သံစဉ် ~ 

 








Viewing all articles
Browse latest Browse all 5236

Trending Articles