Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပညာဒါနပြုတဲ့ မြန်မာနိုင်ငံသားဟောင်း မြန်မာပြည်တွင် ဆက်လက်နေထိုင်ခွင့် ရုပ်သိမ်းခံရ

$
0
0


ရှစ်လေးလုံးကာလ မြေလတ်ဒေသ ကျေယင်းသား ခေါင်းဆောင်တဦးဖြစ်တဲ့ အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်းဟာ ဇာတိ ရေနံချောင်း မြို့မှာ အင်္ဂလိပ်စာ ပညာဒါနပေးတာကို ဒေသခံ လဝက က တားမြစ်ပိတ်ပင်ပြီး မနေ့က ရန်ကုန်သို့ ပို့ဆောင်လိုက်ပါတယ်။ 



 မြန်မာပြည်ပြန်ကာ ပညာဒါနပြုသူ အမေရိကန်နိုင်ငံသား ဦးမောင်မောင်ဝမ်း

ရန်ကုန်လေဆိပ်ကနေ မြန်မာနိုင်ငံ ပြင်ပကို ထွက်ခွာရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ခံယူထားသူ ဦးမောင်မောင်ဝမ်းဟာ ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ လဆန်းက လာရောက်ကာ အင်္ဂလိပ်စာပညာဒါန ပေးခြင်းများကို ရန်ကုန်တခွင်မှာလည်း လုပ်ဆောင်ခဲ့ပေမယ့် ပြဿနာမရှိခဲ့ပါဘူး။ ဒါပေမယ့် ဇာတိ ရေနံချောင်းမြို့ မှာ သွားရောက်ပညာသင်ပေးစဉ်မှာ အခုလို တားမြစ်ခြင်း ခံရတာပါ။ 


"ကျနော်ကို အခု ပြန်လွှတ်တဲ့အဓိက ဟာက ကျနော်တို့ လာတဲ့ ဗီဇာက အခမဲ့ပဲ ဖြစ်စေ၊ အခနဲ့ ဖြစ်စေ စာသင်ကြားရေးတွေ ဘာတွေ ဘာမှ မလုပ်ရဘူးလို့ ပြောတယ်။ ကျနော်က ပညာဒါန ပေးလို့ ကျနော့်ကို ဒီနိုင်ငံက ကျနော် ပြန်ထွက်ပေးရတယ်ပေါ့"လို့ ဦးမောင်မောင်ဝမ်းက ဧရာဝတီကို ပြောပါတယ်။ 

ဒါနဲ့ ဦးမောင်မောင်ဝမ်းက ဆက်ပြီး "ဒီနိုင်ငံမှာလာပြီး စာပို့ချနေတာတွေ ရှိတယ်။ ပညာပေးနေတာတွေ ရှိတယ်။ ကုမ္ပဏီပိုင်ရှင်တွေ ဆိုရင်လည်းပဲဗျာ ဒီမှာ Work Shop တွေ လုပ်နေတာတွေ ရှိတယ်။ ဒီတော့ အဲဒီ လူတွေရော ဒီ ဗီဇာ ဥပဒေနဲ့ ငြိသလားပေါ့။ မေးခွန်းထုတ်ချင်တယ်။ ကျနော့်ကျမှ ဒီလို လုပ်တယ်ဆိုတာကတော့ လူခင်ရင် မူပြင်မယ်။ လူမုန်းတော့ မူသုံးတယ်ဆိုတာမျိုး လုပ်တာလား၊ ပညာရေးလိုကိစ္စမျိုးတောင် ဒီလို လုပ်တယ်ဆိုရင် တခြားသော အရာတွေကိုရောက် ဘယ်လောက် လုပ်မလဲ၊ အပြောင်းအလဲ ဆိုတဲ့စကားကိုတော့ ကျနော်ကတော့ အယုံအကြည်မရှိဘူး လို့ ပြောချင်တယ်"လို့ ရန်ကုန်လေဆိပ်သို့ လာနေစဉ် လမ်းခရီးမှာ ဦးမောင်မောင်ဝမ်းက ဧရာဝတီကို တယ်လီဖုန်းနဲ့ ရှင်းပြပါတယ်။

 “ ( ၄ - ၈ - ၂၀၁၄ )ရေနံချောင်းမှာ အင်္ဂလိပ်စာပညာဒါန ပို့ချချက် သင်တန်းကို သင်ကြားခြင်းမပြုရန် မြို့နယ် လ၀က ဦးစီးမူးမှ ( တိုင်း လ၀က ဦးစီးမူး ဦးထွန်းဝေ ) ညွန်ကြားချက်အရဆိုပြီး လာရောက်ပိတ်ပင် ပါတယ်။ တရားဝင်စာ ထုတ် ပေးဖို့ တောင်းဆိုရာမှာတော့..သဲသဲကွဲကွဲအဖြေမပေးပါဘူး” လို့ ဦးမောင်မောင်ဝမ်း က သူ့ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ 

 ဦးမောင်မောင်ဝမ်းက သူ့အား အင်္ဂလိပ်စာသင်ကြားမှုကို ပိတ်ပင်တာကြောင့် သူက အခုလိုမေးခွန်းထုတ်ပါ တယ်။ 

 “နိုင်ငံရပ်ခြား မိုင်ပေါင်း သောင်းနဲ့ ဝေးကွာတဲ့ အရပ်ကနေ မိမိနိုင်ငံသားများအတွက် တတ်နိုင်သလောက် ဘာ ပရောဂမှ မပါ စေတနာနဲ့ ကိုယ့် ထမင်းကိုယ်စား ပညာဒါန ပေးတာတောင် ပေးခွင့်မရှိ တော့ဘူးလား” လို့ ဦးမောင်မောင်ဝမ်းက ဆို ပါတယ်။ 

ရှင်းလင်းတဲ့ တုံ့ပြန်ဖြေရှင်းချက်မရသေးခင်ထိ ဦးမောင်မောင်ဝမ်းက အင်္ဂလိပ်စာသင်ကြားမှုကို ဆက်လုပ် မယ် ဆိုခဲ့ပေမယ့် လဝက က သူ့ကို အခွင့်မရှိဘဲ အင်္ဂလိပ်စာပညာဒါနဲ့ ပေးခဲ့တဲ့ အတွက် မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်ရုပ်သိမ်းလိုက်ဖို့  ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ 


အိမ့်သံစဉ် ~ 









Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား