Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အမျိုးသမီးတဦးရဲ့ လိမ္မာပါးနပ်မှု

$
0
0
.

ထိုင်း အွန်လိုင်းလောကမှာ လူကြည့်များတဲ့ ယူကျု ပို့စ်တခုပါ။ ကား ရပ်နားတဲ့ နေရာတခုမှာ ခေါ်ပေါ်ကာ တစီးကို သူခိုး ၂ ယောက်က တံခါးဖွင့်ဖို့ ပြင်ဆင်နေချိန်မှာ ကားပိုင်ရှင် အမျိုးသမီးက ရောက်လာခဲ့တယ်။ ကားပိုင်ရှင် အမျိုးသမီးရဲ့ ဖြတ်ထိုးဥာဏ်ကောင်းပုံ၊ လိမ္မာပါးနပ်မှုကလည်း အံ့သြစရာပါ။ 





ကားသူခိုးတွေ သူ့ကားကို ခိုးဖွင့်နေတာသိလိုက်တာနဲ့ တပြိုင်နဲ့ သူက ကားကို သူ့ကားမဟုတ်သလို မသိချင်ယောင်ဆောင်ပြီး ထွက်သွားတယ်။ 

ပြီးတော့ သူ့ ကားရှိရာနေရာနဲ့ အနီးဆုံးနေရာ နံရံ တခုဘေး အချိုးအကွေ့နားမှာ သူက ပုန်းအောင်းနေရင်း သူ့ကားရဲ့ အလျိုအလျှောက် သတိပေးတဲ့စနစ်ကို အသုံးချလိုက်တယ်။ 

ကားကလည်း မီးတွေလင်းလာပြီး သတိပေးအော်သံတွေလည်း ထွက်လာတယ်။ ပြီးတော့ ကား အင်ဂျင်စက် ကိုပါ သူ က အဝေးထိန်း ခလုပ်နဲ့ နှိုးလိုက်တယ်။ 

ဒီတော့ ကားသူခိုးတွေလည်း စိုးရိမ်ပြီး ကားအနီးက ဝေးရာကို ထွက်ပြေးသွားကြချိန် ကားကလည်း ရှေ့ကို တဘီးချင်း လိမ့်ထွက်လာတယ်။ 

ဒီတော့မှ ကားပိုင်ရှင်အမျိုးသမီးက ကားတံခါးကို အမြန်ဖွင့်ပြီး သူ့ကားကို မောင်းထွက်သွားတယ်။ ဒီဖြစ်စဉ်တွေ ကို စီစီတီဗွီ ကင်မရာက မှတ်တမ်းယူထားတဲ့ ပုံစံ ယူကျုဖိုင်ဖြစ်ပါလိမ့်မယ်။ 

ဒီကိစ္စမှာ ကားပိုင်ရှင် အမျိုးသမီးရဲ့ လိမ္မာပါးနပ်မှုနဲ့ ဖြတ်ထိုးဥာဏ်ကောင်းမှုကို တွေ့ရမှာပါ။ 

အကယ်၍ သူသာ သူ့ကား ရှိရာကို တန်းသွားလိုက်ရင် ကားသူခိုးတွေကလည်း သူ့ကို ရန်မူနိုင်ဖွယ်ရှိပါ တယ်။ 

အကယ်၍ သူက ကားသူ ခိုးတွေကို သူခိုးလို့ အော်ဟစ်ကာ အခြားသူတွေကို အကူအညီတောင်းရင်လည်း အခြား လူ တဦးဦး ရှိရင် အကူအညီရနိုင်ပေမယ့် မရှိခဲ့ရင် ကားသူခိုး ၂ ဦးရဲ့ ရန်ပြုတိုက်ခိုက်တာ ခံရနိုင် ဖွယ်ရှိပါတယ်။ 

အခုတော့ ခေတ်ပေါ် နည်းပညာတွေတပ်ဆင်ထားတဲ့ ကားကိုလည်း ပိုင်ဆိုင်ထားတာနဲ့ အမျိုးသမီးရဲ့ လိမ္မာ ပါးနပ်မှု တွေက ကားလည်း မဆုံးရှုံး၊ ကားပိုင်ရှင် အမျိုးသမီးလည်း အန္တရာယ်ကင်းကင်းနဲ့ ကားကို မောင်းနှင် သွားနိုင်ခဲ့ပါတယ်။ 

ဧရာဝတီပရိသတ်တွေလည်း ဒီဖြစ်ရပ်အပေါ်ကနေ အခြား သင်ခန်းစာတွေ ထုတ်ယူနိုင်မယ် လို့ မျှော်လင့် ပါတယ်။ 




အိမ့်သံစဉ် ~ 











Viewing all articles
Browse latest Browse all 5236

Trending Articles