Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းနိုင်ငံမှာ အရက်ရောင်းချမှု ကန့်သတ်ချက်နဲ့ မြန်မာဆိုင်များ

$
0
0
ထိုင်းနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့နောက်ပိုင်း ထိန်းချုပ်မှုတွေက သိသိသာသာ တိုးမြင့်လာတယ် လို့ ဆိုရမှာပါ။

ဓာတ်ပုံ- ငြိမ်းဇော်/ဧရာဝတီ

 နိုင်ငံတဝှမ်းမှာ ရောက်ရှိနေကြတဲ့ နိုင်ငံခြားသားတွေ အတွက် ဗီဇာကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးမီက ထုတ်ပြန်ထားပါတယ်။ ထုတ်ပြန်ချက်တွေမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေတာတွေ၊ အလုပ်လုပ်ကိုင်ခွင့် ဗီဇာမပါဘဲ အလုပ် လုပ်ကိုင်နေတာတွေ အတွက် ထိရောက်တဲ့ ပြစ်ဒဏ်တွေလည်း ထုတ်ပြန်ထားပါတယ်။ 

တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ ပြီးခဲ့တဲ့လပိုင်းတွေက ရှောင်တခွင် ဝင်ရောက် စစ် ဆေး တာတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ 

အခုတော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဖမ်းဆီးတာတွေက အတန်အသင့် ပြေလျော့နေပြီ ဖြစ်ပါ တယ်။ ဒါပေမယ့် ဆင်ခြေဖုံ ရပ်ကွက်တွေက စားသောက်ကုန်စုံဆိုင်တွေကိုလည်း အချိန်အကန့် အသတ်
တွေ နဲ့ပြီးခဲ့တဲ့ ဇူလိုင်လက စပြီး ထိန်းချုပ်ထားပါတယ်။ 

 ထိုင်းနိုင်ငံမှာ ယာဉ်အန္တရာယ်လျော့ကျရေး၊ မူခင်း လျှော့ချရေး အကြောင်းပြချက်နဲ့ ဘီယာ၊ အရက်ကို မွန်းလွဲ ၁၁ နာရီက နေ ၂ နာရီ အထိ တဖန် ညနေ ၅ နာရီကနေ ညသန်းခေါင် ၁၂ နာရီအတွင်းသာ 
ရောင်းချနိုင်ခွင့် ရှိပါ တယ်။ 

 မြန်မာအလုပ်သမားတွေရှိတဲ့ ပတ်ဝန်းကျင်တွေမှာတော့ တနိုင်တပိုင် ဖွင့်ထားတဲ့ မြန်မာအသုံး အဆောင် ပစ္စည်းဆိုင်တွေ အစားအသောက်ဆိုင်တွေ တွေ့ရတတ်ပါတယ်။ 

အရက် ဘီယာ တွေက တော့ မြန်မာဆိုင်တိုင်းလိုလို တင်ထားကြပါတယ်။ အခုတော့ အရက်၊ ဘီယာရောင်း ချမှု ကိစ္စက လိုင်းစင်မရှိတာရယ်၊ အချိန်ကန့်သတ်ချက်တွေတင်းကြပ် စွာ စစ်ဆေးတာတွေ လုပ်လာတော့ အရက်၊ ဘီယာ ယမကာဆိုင်တွေအတွက် အခက်တွေ့လာနေပါ တယ်။ 

“ကျမက အရက်ဖြူ တပက်ရောင်းမှ ၁၀ ဘတ်ရတာ။ အခု စစ်တပ်က အချိန်နဲ့ ရောင်းရမယ်ဆိုတော့ တခြား အချိန်ဆို ပေါ်ပေါ်ထင်ထင် မရောင်းရဲဘူး။ ခိုးပြီးတော့ ရောင်းရတယ်။ သူတို့ လာစစ်တဲ့အချိန် ဟိုဘက်က ထိုင်းဆိုင်ရှင် မိသွားတယ်။ အဲဒါ ဘတ် ၃၀၀၀ ပေးလိုက်ရတယ်။ လာသောက်တဲ့သူတွေ ကို တော့ ဘာမှအပြစ်မယူဘူးပေါ့နော်။ အဲဒါကြောင့် မရောင်းရဲဘူး”လို့ ချင်းမိုင်မြို့က မြန်မာကုန်စုံဆိုင် ဖွင့်တာတဲ့ ကရင်ပြည်နယ်သူတယောက်ရဲ့ ပြောဆိုပါတယ်။ 

သူ့ဆိုင် ရောင်းအား မကျဖို့အတွက် အရက်ပုလင်းတွေကို တခြား စားစရာ ပစ္စည်းဗူးတွေနဲ့ ကွယ်ဝှက် ပြီး ရောင်းနေတာလည်းဖြစ်ပါတယ်။ 

လာနေကြသူတွေကလည်း မြန်မာတွေဘဲဆိုတော့ အရက်ရောင်း ရတာ အစဉ်ပြေပါတယ်လို့ပြောပါ တယ်။ မြန်မာပြည်သားတွေအများဆုံး တွေ့ရမယ့်နေရာပတ်ဝန်းကျင်တွေမှာတော့ ထိုင်းရဲတွေက မူးရစ်ဆေး ရှာဖွေ စစ်ဆေးတာ အများဆုံး လုပ်နေကျ နေရာလို့ နံမည်ကြီးတဲ့ အရပ်လည်း ဖြစ်ပါတယ်။ 

 မြန်မာဆိုင်တချို့က ဘီယာနဲ့ အရက်ပုလင်း၊ ဗူးတချို့









ငြိမ်းဇော် ~ 















Viewing all articles
Browse latest Browse all 5236

Trending Articles