Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ငွေတိုးချေးမှု တရားရုံးရောက်တော့ ဘာဖြစ်သွားသလဲ

$
0
0
  ပဲခူးတိုင်းအနောက်ပိုင်း၊ ပန်းတောင်းမြို့နယ်တရားရုံးကို အင်္ဂါနေ့ မနက်ပိုင်းက လူတချို့ ဆန္ဒပြခဲ့ကြပါ တယ်။ ဒေါင်းမြတ်နားအုပ်စု ကြို့ကုန်းကျေးရွာက တောင်သူ ဦးဆန်းဝင်း အပါအဝင် ၁၅ ယောက်ခန့်က ဆန္ဒပြကြခြင်းပါ။ 

ဓာတ်ပုံ- ကောင်းမြတ်မင်/ဧရာဝတီ

ဆန္ဒပြသူ ဦးဆန်းဝင်းက ၂၀၀၉ မှာ ဒေါ်ကြည်ကြည်ဝင်း ဆိုသူထံကနေ ငွေငါးသိန်း ချေး ငှားပြီးနောက် ပိုင်း နွား တရှဉ်း၊ လယ်ဧကတဝက်၊ ငွေသား ၂ သိန်းခွဲ ပြန်လည်ပေးဆပ်ခဲ့ကြောင်း၊ သို့သော် လည်း 
 ချေးငွေ မဆပ်ဘူးဆိုပြီး လိမ်လည်တိုင်ကြားခံရကြောင်း၊ အမှုစီရင်ချက်ကိုလည်း တရားစွဲခံရသူ မပါဘဲ တဘက်သက် သေထွက်ချက်တွေကို အတည်ပြု အမိန့်ချမှတ်ခဲ့ခြင်းခံခဲ့ရကြောင်း ပြောပါတယ်။ 


“မပေးရသေးဘူး ဆိုပြီး၊ ၃ နှစ်လောက်ကြာမှ တရားစွဲတယ်။ အဲဒီလို တရားစွဲခံရတာကို တရားရုံးက သမ္ဗာန်စာ ရောက်မှ သိတယ်။ ရုံးကိုသွားပြီး ကျွန်တော်ပေးပြီးပြီလို့ ပြောတယ်။ နောက် ရုံးချိန်းတွေကို မသိရဘဲ ၂၀၁၃ ခုနှစ်၊ ၇ လပိုင်း ၂၃ ရက်နေ့က ဒုတိယမြို့နယ်တရားသူကြီး ဒေါ်မြင့်မြင့်ဝင်းက ပေးစရာ ရှိငွေ ၇ သိန်းနဲ့ နစ်နာကြေး ငွေ ၅ သိန်း ကိုပေးဖို့ စီရင်ချက်ချလိုက်တယ်” သူက ပုဒ်မ ၄၁၇ နဲ့ ပြန်လည် တရားစွဲခဲ့ပါတယ် တဲ့။ 

ဒါပေမယ့် တရားရုံးက သူ့အမှုကို ပလပ်ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။ 

 “နောက်ကျမှ တရားသူကြီး ဒေါ်မြင့်မြင့်ဝင်းက ကျွန်မ ဒေါ်ကြည်ကြည်ဝင်းပြောစကား တခုတည်းနဲ့ အမိန်ချခဲ့မိတယ် ဆိုပြီး ကျနော့် အိမ်မှာ လာတောင်းပန်တယ်။  ပြီးတော့ အမှုကို ခရိုင်ကို တက်ခိုင်းတယ်။ ကျွန်တော့်မှာ ပေးစရာ မရှိတော့ပါဘူး။ အရမ်းနစ်နာနေပါပြီ၊ တိုင်းရုံးကို ဦးတိုက်လျှောက်တော့လည်း အခုလ ၁၄ ရက်နေ့က မြို့နယ်တရားရုံးက ပယ်ဖျက်လိုက်တယ်။ ဒါကိုမကျေနပ်လို့ အခုလို ဆန္ဒဖော် ထုတ်ရတာပါ” 

 ငွေချေးပြီး တလအကြာမှာ အရင်း ကျပ်ငွေ ၂ သိန်းအပြင် တလအတွက် အတိုး ၅သောင်း ပေးအပ်ခဲ့ တယ်၊ တနှစ်ခန့် ကြာသည့်အခါ ကျန်တဲ့ငွေ ၃ သိန်းအတွက် အတိုးအရင်း စုစုပေါင်း(ရ၆၈,၀၀၀) ကျပ် 
ပေးဆပ်ဖို့ ဒုရဲအုပ်လှမင်း နေအိမ်မှာ ဦးဆန်းဝင်းကို ခေါ်ယူ ရှင်းလင်းခဲ့ကြတယ်၊ နွားနှစ်ကောင်ကို (၂) သိန်းဖြင့် ဈေးဖြတ်ပြီး ပေးဆပ်ခဲ့ရတဲ့အတွက် (၅၆၈,၀၀၀)ကို ညှိုနှိုင်းမှုနဲ့ ၅ သိန်းသာ ပေးဆပ်ရန် သဘောတူညီမှုရရှိခဲ့တယ်၊ အဲဒီငွေကို ဒုရဲအုပ်လှမင်းကို သက်သေများရှေ့မှာ နှစ်ကြိမ်ခွဲအပ်ခဲ့ပြီးဖြစ်တယ် သူက ရှင်းပြပါတယ်။ ဒုရဲအုပ်လှမင်းကတော့ ပန်းတောင်းမြို့ကနေ တခြားမြို့ကို ပြောင်းရွှေ့သွားပါပြီ။ 

သို့သော်လည်း အခုကိစ္စနဲ့ပတ်သက်ပြီး တယ်လီဖုန်းနဲ့မေးမြန်းမှုကို သူက ဖြေဆိုပေးခဲ့ပါတယ်။ 

“ပိုက်ဆံက ကျွန်တော်ရှေ့မှာတင် ငါးသိန်းပေးခဲ့တာ အားလုံး ကျေအေးသွားပြီလေ၊ ကျန်တာတော့ မသိဘူး။ အခုမှ အမှုဖွင့်တာကြားလိုက်တယ်။ ပိုက်ဆံကတော့ ကျွန်တော်ကိုယ်တိုင် ပေးခဲ့ တာပါ။ နှစ် ခါခွဲပြီး ဒေါ်ကြည်ကြည်ဝင်းကို အကုန်ပေးတယ်။ ဦးဆန်းဝင်းတို့ပေးတာ မှန်ပါတယ်။ ဦးဆန်းဝင်းတို့ကို တရားစွဲတုန်းကတော့ တရားရုံးက ကျွန်တော့်ကို ခေါ်မစစ်ဘူး၊ အကြောင်းလည်း မကြားပါဘူး” 

ပန်းတောင်းမြို့နယ်တရားရုံးကတော့ ဦးဆန်းဝင်းကို ချေးငွေ ၇ သိန်း + နစ်နာကြေး ၅ သိန်း = ၁၂ သိန်းကို ပြန်ဆပ်ဖို့ စီရင်ချက် ချမှတ်ခဲ့ပါတယ်။ 

တလ ၄သိန်း နှုန်းနဲ့ ၃ လ အတွင်း ဆပ်ရမယ်လို့ စီရင်ချက်က ဆိုပါတယ်။ ဦးဆန်းဝင်းက သူ့ရဲ့ နွားတရှဉ်းနဲ့ ရှိတဲ့လယ်တွေရောင်းချ အကြွေးဆပ်လိုက်ရတဲ့အတွက် ပေးစရာငွေမရှိတော့ဘူးလို့ ငိုယိုပြီး တရားရုံးရှေ့မှာ ရှင်းပြခဲ့ပါတယ်။ အဲဒါကတော့ တရားရုံးရှေ့မှာ ဦးဆန်းဝင်းတို့ ဆန္ဒပြရခြင်းအကြောင်းရင်းဖြစ်ပါတယ်။ 

ကောင်းမြတ်မင်း ~








 

Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)