Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တောင်ကျရေကြောင့် တာချီလိတ် ကားတချို့ ရေထဲရောက်

$
0
0
 ~




ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ  တနင်္ဂနွေနေ့ နေ့လယ်ပိုင်းက ချောင်းရေလျှံတဲ့အတွက်  ချောင်းဘေးတလျှောက် ရေကြီးပြီး
မော်တော်ယာဉ်တချို့ ရေတောထဲရောက်သွားပုံတွေကို  တာချီလိတ်အွန်လိုင်းမှာ တွေ့ရပါတယ်။

လူသေဆုံး ထိခိုက်ဒဏ်ရာရမှု သတင်း ထွက်လာပေမယ့် မော်တော်ကားတချို့ကတော့ အင်ဂျင်ထဲ ရေ၀င်တဲ့ဖြစ်ရပ်နဲ့ ကြုံခဲ့ရပါတယ်။

မြေနိမ့်ပိုင်းမှာရှိတဲ့ကားတွေထဲ ရေဝင်ခြင်းပါ။

ချောင်းရေလျှံရခြင်း အကြောင်းရင်းက မိုးများတဲ့ ချောင်းအထက်ပိုင်း တောင်ကျချောင်းရေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။


တာချီလိတ်အွန်လိုင်း  www.tachileik.netရဲ့ အယ်ဒီတာကို ဆက်သွယ် မေးမြန်းရာမှာတော့ ရေက သိပ်မကြာခင်မှာပဲ ပြန်ကျသွားတယ်လို့ ပြောပါတယ်။

အင်ဂျင်ထဲရေဝင်တဲ့ကားအရေအတွက်ကလည်း ပုံမှာတွေ့ရတဲ့အတိုင်းပဲ သိပ်အများကြီးမဟုတ်ဘူးလို့ ဆိုပါတယ်။

တာ
ချီလိတ်က ထိုင်းမြန်မာနယ်စပ်မြို့ပါ။ တဘက်ကမ်းမှာ မယ်ဆိုင်မြို့ တည်ရှိပါတယ်။
နယ်စပ်က တခြားမြို့တမြို့ဖြစ်တဲ့ မဲဆောက်မှာလည်း ချောင်းရေလျှံပြီး ကားတွေ ရေထဲရောက်ခဲ့ဖူးပါတယ်။ ပုံတွေကို http://blog.irrawaddy.org/2011/09/blog-post_1627.htmlမှာ ကြည့်နိုင်ပါတယ်။



.

Viewing all articles
Browse latest Browse all 5236

Trending Articles