Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကန်ထရိုက်တိုက်အကြောင်း ဖွင့်ချသူ ချောင်းရိုက်ခံရ

$
0
0
 ~



သင်္ကန်းကျွန်းမြို့နယ် င/ကရပ်ကွက်အတွင်း  အဆောက်အအုံများ တရားမဝင် ဆောက်လုပ်ခြင်းကို စောင့်ကြည့်ပြီး စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ရာတွင် ဦးဆောင်ခဲ့သူတဦး
ဇွန်လ ၃၀ ရက်နေ့ကချောင်းရိုက်ခံရသဖြင့် ဦးခေါင်းကွဲပြီး ဘယ်လက်ဖျံရိုး ကျိုးသွားသဖြင့် ဆေးရုံတင်ခဲ့ရသည်။


ရန်ကုန်မြို့မှ အထပ်မြင့်တိုက်ဆောက်လုပ်ရေးလုပ် လုပ်ငန်းခွင်တခု   
ရန်ကုန်မြို့တော် စည်ပင်သာယာ၏ ခွင့်ပြုချက် မရှိဘဲ အဆောက်အဦများ ဆောက်လုပ်နေကြခြင်း၊ ထိုကဲ့သို့ ဆောက်လုပ်ရာတွင် သတ်မှတ်စံချိန်စံညွှန်း မပြည့်မီခြင်း၊ သတ်မှတ်ထားသည့် အထပ် အမြင့်များထက် ပိုမိုဆောက်လုပ်လျက်ရှိခြင်း၊ အောက်ခြေ ဖောင်ဒေးရှင်းခိုင်မာမှု မရှိခြင်းစသည်တို့နှင့် ပတ်သက်၍ သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီမှ အရေးယူမှု အားနည်းလျက်ရှိပုံ၊ ပတ်သက်သော အချက်အလက်များကို ရပ်ကွက်တွင်း နေထိုင်သူများ စုပေါင်းကာ
ဇွန်လ ၃၀ ရက်နေ့ကရန်ကုန်မြို့ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးတွင် သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအရေးတွင် ဦးဆောင်သူတဦးဖြစ်သည့် အသက် ၄၇ နှစ်အရွယ် ကိုသန်းနိုင်သည်   အမှတ်၁၂/၆၈ စံချိန်သစ်လမ်းရှိ နေအိမ်သို့
ထိုနေ့ ည ၁၀နာရီခန့်တွင် ပြန်လာစဉ် ရိုက်နှက်ခံရဖြင်းဖြစ်သည်။

 ရပ်ကွက်အတွင်းရှိ အ.မ.က(၁၃) ကျောင်းရှေ့အရောက်၌ဆောက်လုပ်ဆဲ တိုက်ဝန်းအတွင်းမှ လူ၂ဦး ထွက်လာကာ အသင့်ပါလာသော တုတ်ဖြင့် ရိုက်နှက်ပြီး အနီးရှိ အငှားယာဉ်တစီးပေါ်သို့ တက်ရောက်ကာ ထွက်ပြေး လွတ်မြောက်သွားသည်ဟု သိရသည်။

ကိုသန်းနိုင်မှာ ဦးခေါင်းကွဲ၊ ဘယ်လက်ဖျံရိုး ကျိုးသွားခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံ ကြီးတွင် ကုသမှု ခံယူနေကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သုဝဏ္ဏမြို့မ ရဲစခန်းမှ ပထမ သတင်းပေး တိုင်ကြားချက် ပ ၂၁၀/၂၀၁၄ဖြင့် ဖွင့်လှစ်ထားရှိသည်ဟု သိရသည်။

အဲ့ဒီနေ့မနက်က တရားမဝင် ဆောက်လုပ်ရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောပြီး ညလည်းကျရော ဒီလိုဖြစ်သွားတယ်ဆိုတော့ ရပ်ကွက်ထဲက မကျေနပ်တဲ့ ကန်ထရိုက်တွေက လုပ်လိုက်တာလို့ တွေးလို့ရတယ်။ အဲ့ဒီမတိုင်ခင် ကလဲ သူတို့တွေကို ခြိမ်းခြောက်မှုတွေ လုပ်သေးတယ်လို့ သိရတယ်။ ကျတော်တို့ကတော့ ဥပဒေမဲ့ လုပ်ရပ်တွေအပေါ် အမှုမှန် ပေါ်ပေါက်အောင် ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်သွားမှာပါ” ဟု အဆိုပါ ကိစ္စအား လိုက်ပါဆောင်ရွက် ပေးနေသည့် ကိုမင်းမင်းက ဧရာဝတီကို ပြောပါသည်။

အဆိုပါ ရပ်ကွက်အတွင်း အဆောက်အဦ ၁၂၆ လုံး ဆောက်လုပ်လျက်ရှိသည်။

ထိုအထဲတွင် ဆောက်လက်စ၊ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်ပြီး တိုက်အလုံးရေ ၅၀လုံးအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စည်းကမ်းနှင့် ညီညွှတ်ခြင်း မရှိသည့်အတွက် ဆောက်လုပ်ခွင့် နေထိုင်ခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

ကန်ထရိုက်များအနေဖြင့် တိုက်ခန်းများ ဆောက်လုပ်ရာတွင် စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက် မရရှိဘဲ ဆောက်လုပ်လျက်ရှိပြီး အနည်းဆုံး ၈ပေပတ် လည် အကျယ်အဝန်းများပေါ်တွင် ၄ထပ်မှ ၅ထပ်အထိ ဆောက်လုပ်လျက်ရှိသည်ဟု သိရသည်။

“သက်ဆိုင်ရာ တာဝန်ရှိသူတွေက လုပ်ပိုင်ခွင့်တွေ၊ အခွင့်အာဏာတွေ ရှိနေပြီး လုပ်သင့်တာတွေကို အရင်ကတည်းက မလုပ်ခဲ့တော့ ဒီလိုမျိုး ကြားထဲက ရပ်ကွက်အကျိုး ဆောင်ရွက်တဲ့လူတွေအတွက် နစ်နာခဲ့ရတယ်။ တရားမဝင် ကန်ထရိုက် တွေ ဆောင်လုပ်မှုက ပိုများလာတာ တွေ့ရတယ်။
တကယ်တမ်း ကျနော်တို့တိုင်မှ တာဝန်ရှိသူတွေနဲ့ သွားတွေ့တော့်မှသာ တိုက်အလုံး ၅၀လောက်ကို ဥပဒေနဲ့ မညီပါဘူးဆိုပြီး ပြောတာ ဒါအလုပ်မဟုတ်ဘူး”
ဟု အဆိုပါ အရေးကိစ္စကို လိုက်ပါ ဆောင်ရွက်နေသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီကို ပြောသည်။

အဆိုပါ ရပ်ကွက်အတွင်း အိမ်ခြေ ၂ထောင်ကျော်ခန့်ရှိကာ ယခုကဲ့သို့ တရားမဝင် အဆောင်အဦများ ဆောက်လုပ်ခြင်း ကိစ္စများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနက ထိရောက်စွာ အရေးယူမှု မပြုခြင်းကြောင့် ကိုသန်းနိုင်အပါအဝင် ရပ်ကွက်နေ ပြည်သူအချို့စုပေါင်းကာ မေလ၃၁ရက်နေ့က ဆန္ဒပြခဲ့သေးသည်။

သင်္ဃန်းကျွန်းမြို့နယ် အတွင်း ဥပဒေမဲ့ အဆောက်အဦ ၆၀၀ ကျော် ဆောက်လုပ်လျက်ရှိကြောင်း ရန်ကုန်ဒေသကြီး အစိုးရအဖွဲ့မှ လွှတ်တော် တွင်း ဖြေကြားခဲ့သည်ဟု  ဦးဖုန်းမြင့်အောင်က ပြောသည်။



မင်းဗညား
 


.

Viewing all articles
Browse latest Browse all 5236

Trending Articles