Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စယင်လတ် ပြည်ပ ထွက်ခွင့်ရ

$
0
0


ရာထူးက ဖယ်ရှားပေးခဲ့ရတဲ့ ထိုင်း ၀န်ကြီးချုပ်ဟောင်း မစ္စ ယင်လတ်ရှင်နာဝပ်ဟာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးနောက် ဥရောပကို ခရီးထွက်ခွာခွင့် ရသွားပါပြီ။ 



 ဓာတ်ပုံ- မစ္စယင်လတ် ဖေ့စ်ဘုတ်

ထိုင်းနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေဖြစ်နေလို့ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က စစ်တပ်က အာဏာသိမ်း လိုက်ပြီးနောက် ပိုင်း ယာယီ ထိန်းသိမ်းခံခဲ့ရပြီး ပြည်ပ ခရီးထွက်ခွင့် ပိတ်ပင် ခံထားရသူ မစ္စယင်လတ် ဟာ နိုင်ငံတော် ငြိမ်းချမ်းရေးနဲ့ တရား ဥပဒေ စိုးမိုးရေး ကော်မတီ NCPO အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချန်ဆီ ပြည်ပကို သွားဖို့ ခွင့်ပြုချက် ကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 NCPO ပြောခွင့်ရ ဗိုလ်မှူးကြီး ၀င်းထိုင်း ဆုဝါရီးက မစ္စယင်လတ်ဟာ ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးနောက် ပိုင်း NCPO အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အနေအထိုင်လည်း သိုသိပ်တဲ့ အတွက် သူ့ရဲ့ မေတ္တာရပ်ခံချက်ကို ငြင်းပယ်ခဲ့ခြင်း မရှိတာဖြစ်တဲ့အကြောင်း ဒီကနေ့ ပြောပါတယ်။ 

လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့ သြဂုတ်လ ၁၀ ရက်နေ့ထိ ပြင်သစ်နိုင်ငံကို သားဖြစ်သူနဲ့အတူ အားလပ် ရက် ခရီးသွား ဖို့ စီစဉ်ထားတဲ့အကြောင်း ဗိုလ်ချုပ်ကြီး ပရာယု ချန်အိုချာဆီပေးပို့တဲ့ စာမှာ ဖော်ပြထား တယ်လို့ ဘန်ကောက်ပို့စ်က ရေး ပါတယ်။ 

 လေ့လာသူတွေအဆိုအရ မစ္စယင်လတ်ဟာ လာမည့် ဇူလိုင်လ ၂၆ ရက်နေ့မှာ အကိုဖြစ်သူ ပြည်ပရောက် ၀န်ကြီးချုပ် ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ၆၅ နှစ် မြောက်မွေးနေ့ပွဲကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပဖို့ ရှိတာကြောင့် အကိုဖြစ် သူနဲ့ သွားရောက်တွေ့ဆုံဖို့ ဖြစ်မယ်လို့ ထင်ကြေးပေးကြပါတယ်။ 

မစ္စယင်လတ်ရဲ့ လေယာဉ်ဟာ လာမယ့် တနင်္လာနေ့မှာ ထွက်ခွာဖို့ရှိပြီး ဥရောပခရီးစဉ်အတွင်းမှာ အင်္ဂလန်ကိုလည်း သွား ရောက်ဖွယ်ရှိတယ်လို့ ဘန်ကောက်ပို့စ်က ရေးပါတယ်။ တချိန်က သက်ဆင် တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာလည်း ညီမဖြစ်သူ မစ္စ ယင်လတ်တို့ ဦးဆောင်တဲ့ ဖွေ့ယာ့ထိုင်း ပါတီ ထိပ်တန်း ခေါင်းဆောင်တွေကလည်း ပြီးခဲ့တဲ့ လအစောပိုင်းက ပြည်ပ ထွက်ခွာခွင့်ကို NCPO ထံ 
မေတ္တာရပ်ခံ ခဲ့ကြပါသေးတယ်။ 



အိမ့်သံစဉ် ~ 

 






 



Viewing all articles
Browse latest Browse all 5236

Trending Articles