Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရှမ်းပြည်နယ်မှ စစ်ပြေးဒုက္ခသည်ထွက်ရှိ

$
0
0
 ~
 

 ရှမ်းပြည်နယ်ကနေ ဘာတွေ ထွက်သလဲ။
လောလောဆယ် ကြားသိရတာ ပြောရရင်တော့  ရှမ်းပြည်နယ်ကနေ စစ်ပြေးဒုက္ခသည်ထွက်တယ်လို့ ဆိုရမလို ဖြစ်နေပါပြီ။  


ရှမ်းပြည်နယ်က ဒေသတခုအကြောင်း သတင်းထောက် နန်းဆိုင်နွမ် ရေးသားပေးပို့ထားတာက ဒီလိုပါ.....


ရှမ်းပြည်နယ်  ကျေးသီးမြို့နယ်တွင် တိုက်ပွဲဖြစ်နေသောကြောင့်  ထွက်ပြေးနေရသည့် ဒေသခံ၂၀၀ ကျော်ရှိကြောင်း သိရသည်။

အစိုးရတပ်နှင့်  ရှမ်းပြည်နယ် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ ဇွန်လနှောင်းပိုင်း ၂ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊  ကျေးသီးမြို့နယ်ရှိ SSPP/SSA ဌာနချုပ်ဟောင်း ဆင်းကျော့ဒေသတွင် ဖြစ်ခဲ့သော
 အဆိုပါတိုက်ပွဲကြောင့် ဒေသခံပြည်သူများ ဖာဆောင်ကျေးရွာအုပ်စု ဝမ့်ဝပ်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေရကြောင်း၊
နှစ်ဖက် စစ်တပ်ကြား တင်းမာမှုကြောင့် ဒေသခံများ ထပ်မံထွက်ပြေးကြဖွယ်ရှိကြောင်း ကျေးသီးမြို့နယ်ရှိ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဌ ဦးစိုင်းရွှေသိန်းက ဧရာဝတီသို့ပြောသည်။

“တိုက်ပွဲဖြစ်တော့ ဒေသခံတွေက အဝတ်တထည်နဲ့ ထွက်ပြေးလာကြတယ်။ တိုက်ပွဲစစဖြစ်ချင်း တောထဲမှာခိုလှုံနေကြပြီ။
ဒီလ ၅ ရက်နေ့မှ စပြီး တဖြည်းဖြည်းနဲ့ ဝမ့်ဝပ်ဘုန်းကြီးကျောင်းကို ရောက်လာတယ်။
အခုဆိုရင် ၂၀၉ယောက် တောင်ရှိသွားပြီ။
တိုက်ပွဲတွေ ထပ်တင်းမာမယ်ဆိုရင်တော့ သူတို့တွေ အိမ်မပြန်နိုင်ဘဲ စားဝတ်နေရေး ထပ်ပြီး ခက်ခဲအုံးမယ်” ဟု ဦးစိုင်းရွှေသိန်းက ဆိုသည်။

  ကျေးသီးမြို့နယ် အတွင်းရှိ နိုင်ငံရေး ပါတီများ၊ အနယ်နယ်အရပ်ရပ်မှ လူမှုအဖွဲ့အစည်းများက ဒုက္ခသည်တို့ကို လာရောက်လှူဒါန်းသော်လည်း ရေရှည်အတွက် စားဝတ်နေရေး အဆင်မပြေနိုင်ကြောင်း၊ တိုက်ပွဲတင်းမာမှုများလည်း လျှော့ပေးစေလိုကြောင်းကိုလည်း ဦးစိုင်းရွှေသိန်းက ထပ်မံပြောသည်။

“ကျနော်တို့အနေနဲ့ ဒုက္ခသည်တွေကို ယာယီအဆင်ပြေဖို့တော့ လုပ်ပေးနေပါတယ်။
ဒီထပ် တိုက်ပွဲပြင်းထန်ရင်တော့ တမျိုးပြန်စဉ်းစားရမယ်။ စားဝတ်နေရေးကတော့ တော်တော်ခက်ခဲနေပါတယ်” ဟု
ဒုက္ခသည်စခန်းကို သွားရောက်ကူညီနေသည့် ကျေးသီးမြို့နယ်မှ ဦးစိုင်းကျော်ခိုင်က ဧရာဝတီသို့ပြောသည်။

 


တိုက်ပွဲများကြောင့် ဒေသခံတို့၏ ခြံ၊ မြေများပျက်စီးမှုများနေကြောင်း၊ စိုက်ပျိုးရာသီတွင် ထွက်ပြေးနေရသည့်အတွက်  နောင်နှစ်စားဝတ်နေရေး ခက်ခဲနိုင်ကြောင်း၊   ပြည်သူများ၏အကျိုးအတွက်  တိုက်ပွဲကို အမြန်ဆုံး ရပ်ဆိုင်းပေးရန်လည်း တောင်းဆိုကြောင်းကို ဦးစိုင်းကျော်ခိုင် က ပြောသည်။

စစ်ရှောင် ဒုက္ခသည်စခန်းများကို သွားရောက်ကူညီလှူဒါန်းရန် နှင့်ပတ်သက်ပြီး ရှမ်းလူငယ်ကွန်ရက်မှ အဖွဲ့ဝင် စိုင်းဦးက
“ကျနော်တို့ ဒုက္ခသည်ကို သွားရောက်လှူဒါန်းဖို့ အလှူငွေတွေ ကောက်ခံနေပါတယ်။
ရတဲ့ငွေတွေကို တချို့က သွားရောက် လှူဒါန်မှု တွေလုပ်နေပါတယ်” ဟု ဧရာဝတီသို့ပြောသည်။

 SSPP/SSA နှင့်  ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ အကြား ၂၀၁၂ ခုနှစ်က ပဏာမ အပစ်အခတ် ရပ်စဲရေး သဘော တူညီမှု ရရှိခဲ့သည်။

ထိုသို့သဘောတူပြီး နောက်ပိုင်း ၂ နှစ်တာ ကာလအတွင်း   အစိုးရ စစ်တပ်နှင့်  SSPP/SSA တိုက်ပွဲပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည်။



 



.

Viewing all articles
Browse latest Browse all 5236

Trending Articles