Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အာဇာနည်နေ့ ကားဟွန်းမတီးရ ကိစ္စ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ရှင်းလင်းချက်

$
0
0
မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်များ ကျဆုံးတဲ့ ဇူလိုင်လ ၁၉ ရက်နေ့ အာဇာနည်နေ့မှာ ရန်ကုန်မြို့အတွင်း ကားတွေ ဟွန်းမတီးရလို့ ပိတ်ပင်တဲ့ သတင်းအပေါ် ရန်ကုန် တိုင်း ရဲတပ်ဖွဲ့က အခုလို ရှင်းလင်းထားတယ်လို့ သိရပါတယ်။ 




The Express Time facebook စာမျက်နှာတွင် `` အာဇာနည်နေ့တွင်ကားဟွန်းသံရှည်တီးပါက ဥပဒေ အရ လိုင်စင်ပိတ်မည် ´´ ဟု ဖေါ်ပြချက်နှင့်ပတ်သက်ပြီး ရှင်းလင်းချက်- 

ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်းမှာ ဟွန်းသံကင်းမဲ့ဇုံအဖြစ် ၁-၆-၂၀၀၃ ရက်နေ့မှ စတင်ပြီး သတ်မှတ်ထားပါတယ်။ ဒီလို ဟွန်းသံကင်းမဲ့ဇုံမှာ ဟွန်းတီးခဲ့ရင် ယခင်ကဒဏ်ငွေအပြင် လိုင်စင် (၃)လပိတ်ခဲ့ပါတယ်။ 

ယခု ၁၁-၇-၂၀၁၄ ရက်နေ့မှ စတင်ပြီး ဟွန်းတီးရင် လွန်ကဲစွာကျယ်လောင်စူးရှသည့် အသံမျိုးဖြစ်ပါက ၁၉၈၉ ခုနှစ် မော်တော်ယာဉ်နည်းဥပဒေ ၄၄ အရ အရေးယူ ခံရမည့်အပြင် ယာဉ်မောင်းလိုင်စင် ပိတ် သိမ်းခြင်းအား ပထမအကြိမ်(၃)လ၊ ဒုတိယအကြိမ်(၆)လနှင့် တတိယအကြိမ်(၁)နှစ် ပိတ်သိမ်းသွား မှာဖြစ်ပါတယ်။ 

အာဇာနည်နေ့မှာမှ မဟုတ်ဘဲ အခြားရက်တွေမှာလည်း ကားဟွန်းတီးခဲ့ရင် ဥပဒေနဲ့အညီ အရေးယူပြီး ယာဉ်မောင်းလိုင်စင်ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။ ဒါကလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုမှစတင်ဆောင်ရွက်တာ မဟုတ်ဘဲ လွန်ခဲ့တဲ့(၁၀)နှစ်ကျော်ကစပြီး အရေးယူခဲ့တာဖြစ်ပါတယ်။ 

လွတ်လပ်ပွင်းလင်းစပြုလာပြီဖြစ်တဲ့ မြန်မာနိုင်ငံမှာ အာဇာနည်နေ့ရောက်ရင် တချိန်က ဥသြဆွဲ ဂုဏ်ပြု အချက်ပေးသံပျောက်ကွယ်ခဲ့တာကြောင့် ရန်ကုန်က ကားတွေဟာ ဟွန်းသံပေးပြီး ကျဆုံးသွားကြတဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုခဲ့ကြတာ ပြီးခဲ့တဲ့ တနှစ် ၂ နှစ်မှာပါ။ 

ကားဟွန်းတီးပြီး အာဇာနည်နေ့ကို ဂုဏ်ပြုမှုကို ဥပဒေဘောင်အတွင်းက အချိန်ကိုက် တားဆီးလိုက်တာ ဆိုတဲ့ လူမှု ကွန်ရက်ပေါ်က ဝေဖန်မှုတွေကလည်း မြင့်မားလာချိန်မှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ရှင်းလင်း လိုက်မှ လူတွေက ပိုပြီးဝေဖန်လာကြတာ သတိထားမိပါတယ်။ 


အိမ့်သံစဉ် ~ 


 







 

 

 




Viewing all articles
Browse latest Browse all 5236

Trending Articles