Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အဲယားမန္တလေးက မစ်ဆူဘီရှီ ဂျက်အင်ဂျင်တွေ အော်ဒါမှာ

$
0
0
မြန်မာနိုင်ငံက လေကြောင်းလိုင်း တခုဖြစ်တဲ့ အဲယားမန္တလေးဟာ ဂျက်လေယာဉ်တွေနဲ့ တိုးချဲ့ ပြေးဆွဲမှု
တွေ လုပ်နိုင်ဖို့ မစ်ဆူဘီရှီက ထုတ်လုပ်တဲ့ Mitsubishi Regional Jet MRJ90s အမျိုးအစား ဂျက်အင်ဂျင် ၆ လုံးကို အော်ဒါမှာလိုက်ပြီး နဲ့ လေယာဉ် ၄ စီးကိုလည်း ဝယ်ယူဖို့ တင်ဒါ တင်ခဲ့ပါတယ်။ 


Mitsubishi president and COO Teruaki Kawai နှင့် Air Mandalay principal Adam Htoon၊ 
ဓာတ်ပုံ-Victoria Moores

မနေ့က ပြုလုပ်တဲ့ Farnborough Airshow အဲယားရှိုးပွဲမှာ အခုလို ကြေညာလိုက်တာဖြစ်ပြီး တကယ် လို့ လေလံ အတည် ပြုရင်တော့ စာချုပ်ဟာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၆ဝ တန်မယ်လို့ Air Transport World –ATW သတင်းတပုဒ် က ဖော်ပြပါတယ်။ 

အင်ဂျင်တင်ပို့မှုတွေကိုတော့ ၂ဝ၁၈ ခုနှစ်မှာ စတင်မှာဖြစ်ပြီး ၁ နှစ်မှာအင်ဂျင် ၂ လုံးနှုန်းနဲ့ မစ်ဆူဘီရှီ က
ပေးပို့သွားမှာလို့ ဆိုပါတယ်။ 

 အဲယားမန္တလေးရဲ့ အကြီးအကဲ အဒမ်ထွန်းက သူတို့ဟာ MRJs ဂျက်အင်ဂျင်တွေသုံးတဲ့ လေယာဉ်တွေနဲ့ 
ဒေသတွင်း အာဆီယံ နိုင်ငံတွေကိုလည်း ပြေးဆွဲပျံသန်းဖို့ စီစဉ်နေတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြော သွား ပါတယ်။ 

ဒီအပြင် အဲယားမန္တလေးက လေယာဉ်တွေမှာ Class ၂ ခု ထားဖို့ စီစဉ်နေပြီး လေယာဉ်အတွင်းပိုင်း ပြင် ဆင်မှုတွေအတွက်လည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ 

 လေယာဉ်စီးခရီးသည်တွေရဲ့ ကိုယ်ပိုင် Tablet တွေ၊ စမတ်ဖုန်းတွေ အသုံးပြုလို့ရမယ့် ကိစ္စတွေလည်း အဲယားမန္တလေးက ဆွေးနွေးနေတယ်လို့ အဒမ်ထွန်းက ပြောပါတယ်။ 

 လောလောဆယ် ATR 42-300 တစီးနဲ့ ATR 72-200s ၂ စီးကို အသုံးပြုလည်ပတ်နေတဲ့ အဲယားမန္တလေး နဲ့ MRJs တို့ဟာ ပူးပေါင်းသွားဖို့လည်း အစီအစဉ်ရှိပါတယ်။ 

အဲယားမန္တလေးမှာ အခု လည်ပတ်နေတဲ့ လေယာဉ်တွေနေရာမှာ အစားထိုး ပျံသန်းဖို့ လေယာဉ်သစ်တွေ ကိစ္စ လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ 

 ရန်ကုန်အခြေစိုက် အဲယားမန္တလေး လေကြောင်းလိုင်းကို ၁၉၉၄ ခုနှစ်မှာ စတင်ပြေးဆွဲပျံသန်းခဲ့ပြီး ပြည် တွင်း ခရီးစဉ် ၁၅ ခုကို လက်ရှိ ပျံသန်းပြေးဆွဲနေပါတယ်။ 


အိမ့်သံစဉ် ~ 

 










Viewing all articles
Browse latest Browse all 5236

Trending Articles