Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကမ္ဘောဒီးယားလေတပ် ရဟတ်ယာဉ်ပျက်ကျ၊ ၄ ဦး သေဆုံး

$
0
0
 ~



တနင်္လာနေ့က ကမ္ဘောဒီးယားလေတပ် ရဟတ်ယာဉ်တစီး ပျက်ကျတဲ့အတွက်  စစ်အရာရှိကြီး နှစ်ယောက်နဲ့ ရဟတ်ယာဉ်မောင်းနှစ်ဦး သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

  


ရဟတ်ယာဉ်ပျက်တဲ့နေရာမှာ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ မြင်ကွင်းတခု  (Photo: Pring Samrang / Reuters)


ပျက်ကျတာက တရုတ်နိုင်ငံလုတ် Z9 အမျိုးအစား ရဟတ်ယာဉ်ပါ ဆိုပြီး ဧရာဝတီအွန်လိုင်းက
Copter Crash Kills 2 Cambodian Military Generals  ဆိုတဲ့ သတင်းမှာ ရေးပါတယ်။
http://www.irrawaddy.org/asia/copter-crash-kills-2-cambodian-military-generals.htmlမှာ အပြည့်အစုံကို ဖတ်နိုင်ပါတယ်။ သတင်းကို ကောက်နုတ်ဘာသာပြန်ရရင်... ပျက်ကျရခြင်း အကြောင်းရင်းကို မသိရသေးဘူး၊ ခရီးစဉ်ကတော့ ရဟတ်ယာဉ်မောင်းသစ်တွေကို လေ့ကျင့်ပေးတဲ့ခရီးစဉ်လို့ ဆိုပါတယ်။

ကျဆုံးသူထဲမှာ ဗိုလ်မှူးကြီးတယောက်၊ ဗိုလ်မှူးချုပ်တယောက်ပါဝင်ပါတယ် တဲ့။
သူတို့က ရဟတ်ယာဉ်တပ်စုရဲ့ အကြီးအကဲတွေ ဖြစ်တယ် လို့ ဆိုတယ်။

ရဟတ်ယာဉ် ပျက်ကျတဲ့နေရာကတော့ မြို့တော် ဖနွမ်ပင်ရဲ့ တောင်ဘက် ၆ မိုင် (၁၀ ကီလိုမီတာ) ခန့် အကွာ မိုးရေပြည့်နေတဲ့ လယ်ကွင်းထဲ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအတွက် စစ်သည် ၃ဝဝ လွှတ်ထားတယ်လို့ ဆိုတယ်။
ညနေပိုင်းမှာတော့ ရုပ်အလောင်းတွေ ပြန်ရှာတွေ့ပါတယ် တဲ့။

Z9 အမျိုးအစား ရဟတ်ယာဉ် ၁၂ စီးကို ကမ္ဘောဒီးယားက မနှစ်က ၀ယ်ထားတာပါ။
ခရီးသည် ၉ ဦး၊ ယာဉ်မောင်းသူ ၁ ဦး သယ်ဆောင်နိုင်တယ်လို့ ဆိုတယ်။

တရုတ်ဆီကနေ ဒေါ်လာ ၁၉၅ သန်းဖိုး အကြွေးနဲ့ ၀ယ်တာပါ တဲ့။
ဒါဟာ ကမ္ဘောဒီးယားမှာ ရှိနေတဲ့ ဆိုဗီယက်လုပ် ရဟတ်ယာဉ်ဟောင်းတွေနေရာမှာ အစားထိုးခြင်းပါ။

အခု ၀ယ်လိုက်တာတွေက တိုက်ခိုက်ရေးအတွက် အသုံးတည့်မတည့် ဆိုတာကတော့ မသိရပါ။

အိမ်နီးချင်း ထိုင်း၊ ဗီယက်နမ်တို့နဲ့ ယှဉ်လိုက်ရင် ကမ္ဘောဒီးယားလေတပ်က အင်အား အင်မတန် နည်းပါတယ်။

ရဲအရာရှိကြီးတယောက်ကတော့ ဒီလိုရဟတ်ယာဉ်မျိုးနဲ့ လေ့ကျင့်ရေးလုပ်နေတာ ကြာပြီ၊ ခါတိုင်း အဆင်ပြေတယ်၊ ပျက်ကျတာ ဘာညာ မရှိဘူးလို့ ဆိုတယ်။

မျက်မြင်သက်သေတယောက်ကလည်း ဒီလမ်းကြောင်းကနေ ရဟတ်ယာဉ် ပျံသွားတာ နေ့တိုင်းလိုလို တွေ့ရတယ်၊
သို့သော်လည်း ပျက်ကျသွားတဲ့တစီးကတော့ ခါတိုင်းထက် ပိုပြီး နိမ့်နိမ့်ပျံသွားသလိုပဲ၊ သူ့အိမ်နဲ့တောင် ထိတော့မတတ်ပဲလို့ ဆိုတယ်။

ပျက်ကျတဲ့နားမှာရှိတဲ့ ဒေသခံတယောက်ကတော့  အဖြစ်အပျက်ကို မြင်လိုက်ပါတယ် တဲ့။
ရဟတ်ယာဉ်ပန်ကာဒလက် ရေအိုင်ဘေးကမြေသားနံရံကို လာထိတယ်၊ ရဟတ်ယာဉ်ထဲက တယောက် ရေထဲ ခုန်ချတယ်၊ တချိန်တည်းမှာပဲ ရဟတ်ယာဉ်ဆီက ပေါက်ကွဲသံကြားရတယ်၊ ရဟတ်ယာဉ် နစ်မြှုပ်သွားတယ်လို့ ဆိုပါတယ်။

မူရင်းသတင်း

http://www.irrawaddy.org/asia/copter-crash-kills-2-cambodian-military-generals.html 
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား