Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236
၄၃၆ အတွက် ပန်းရဲ့လမ်းဂီတအဖွဲ့ မုံရွာမှာလှုံ့ဆော်
$
0
0
 ~
အခြေခံဥပဒေ  ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက်  လှုံ့ဆော်နေတဲ့ ပန်းရဲ့လမ်းအဖွဲ့ဟာ ယမန်နေ့က မုံရွာမြို့ကို ရောက်ရှိလာပြီး ဒေသခံ တို့ကို   ဖျော်ဖြေပေးနေကြပါတယ်။
ပန်းရဲ့လမ်းဟာ   ပညာရေးကွန်ရက်များ၊ စစ်ဘေးသင့်ပြည်သူများ ထောက်ပံ့ရေးတို့အတွက် ၂၀၁၂ခုနှစ်က အစပြုပြီး  ဂီတနဲ့ လှုံ့ဆော်လျက်ရှိတယ်၊  နိုင်ငံရေးပါတီတခုအတွက် လုပ်ကိုင်နေခြင်းမဟုတ်လို့ ဆိုပါတယ်။ 
ပန်းရဲ့လမ်းအဖွဲ့ဝင်တစ်ဦးက "ကျနော်တို့ကို NLD လက်ကိုင်တုတ်လို့ ပြောကြတာတွေလည်းရှိတယ်။ တကယ်တော့ ကျနော်တို့က NLD အတွက် သီးသန့် အလုပ်လုပ်ပေးနေတာမဟုတ်ပါဘူး။ လွတ်လပ်မှု၊ တရားမျှတမှုအတွက် လုပ်သင့်တဲ့အလုပ်တိုင်းကို လုပ်သွားမှာပါ"လို့ ရှင်းပြပါတယ်။
http://burma.irrawaddy.org/news/2012/05/24/10332.html
http://burma.irrawaddy.org/%E1%81%80_kia/2013/01/10/30454.html
အဖွဲ့ကိုဦးဆောင်နေသူ ဦးရဲလွင်က  နှာခေါင်းသွေလျှံတဲ့အတွက်  မနက်ပိုင်းက အနားယူခဲ့ရတယ်၊
ယခုအခါ   ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် မုံရွာမြို့အတွင်း  ဆက်လက်ဖျော်ဖြေပေးသွားမယ်လို့ ဆိုပါတယ်။
ဆေးခန်းပို့ဆောင်ပေးခဲ့သူ ကိုအောင်နေမျိုးက "ရာသီဥတုပူပြင်းလွန်းတာရော၊ သွေးတိုး အခံရှိတာရောကြောင့် ဖြစ်နိုင်တယ်လို့ ဆရာဝန်က ပြောပါတယ်။ မနက်ပိုင်းတကြိမ်၊  ညနေခင်းတကြိမ်ဆေးခန်းပြခဲ့ရတယ်"လို့ ပြောပါတယ်။
  ညပိုင်း မုံရွာမြို့လယ်နာရီစင်ရှေ့မှာ  မြို့ခံများ တောင်းဆိုမှုကြောင့် ဦးရဲလွင်က ကျန်းမာရေး မကောင်းတဲ့ကြားက  သီချင်းနှစ်ပုဒ် သီဆိုတီးခတ်ဖျော်ဖြေပေးခဲ့၊
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုံ့ဆော်ခဲ့ပါတယ်။
ဦးရဲလွင်
အခြေခံဥပဒေရဲ့ အခန်း ၁၂ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ မှာ စစ်တပ်ကို    အထူးအခွင့်အရေးပေးထားတဲ့ ပြဋ္ဌာန်းချက်များ တွေ့ရပါမယ်။
အခြေခံဥပဒေမှာ  ပါဝင်တဲ့ ပြဋ္ဌာန်းချက်များကို ပြင်ဆင် လိုရင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူညီရမယ်လို့ ဆိုထားတာပါ။
ဒါ့အပြင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရမယ်၊ မဲပေးခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့ ပြင်ဆင်ရမယ်လို့ ပြဋ္ဌာန်းထားတာပါ။
ဗိုလ်ချုပ်ကြီးတို့ သူတို့စိတ်ကြိုက် နှစ်ပေါင်းများစွာ အချိန်ယူ ရေးဆွဲထားတဲ့ ဒါကြီးကို အပြောင်းအလဲ လုပ်လို့ မရအောင် အဲဒီ ၄၃၆ နဲ့ တုပ်နှောင်ထားတယ်လို့ နိုင်ငံရေးသမားတွေက ထောက်ပြနေပါတယ်။
အဲဒီ ၄၃၆ ကြီး ပြင်ဆင်ရေးကို တနိုင်ငံလုံး အတိုင်းအတာနဲ့  လက်မှတ်ကောက်ယူ စုဆောင်းနေတာပါ။
http://burma.irrawaddy.org/%E1%81%80_peace/2012/09/14/20260.html/comment-page-1
ဒီ လှုပ်ရှားမှုကို NLD ပါတီ နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ဦးဆောင် လုပ်နေကြခြင်းပါ။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီလှုပ်ရှားမှုမှာ ၀န်ထမ်းတွေ၊ စစ်သားတွေ ပါဝင်လက်မှတ်ရေးထိုးကြပါလို့  တိုက်တွန်းထားပါတယ်။
ဒီလို ထိုးတာဟာ ဥပဒေနဲ့ ငြိစွန်းခြင်း မရှိဘူး၊ ငြိတယ်လို့ ပြောဆို  ခြိမ်းခြောက်ခြင်းကသာ ဥပဒေချိုးဖောက်တာဖြစ်တယ်လို့  ဒေါ်အောင်ဆန်းစုကြည်က  ဆိုပါတယ်။
လူထုဆန္ဒလက်မှတ် ကောက်ယူမှုကို ဇူလိုင် ၁၉ အာဇာနည်နေ့မှာ အဆုံးသတ်ပါမယ်။
၅၄ ရက်ကြာ ကောက်ယူရရှိတဲ့ လက်မှတ်တွေကို သမ္မတဆီကိုလည်း ပို့မယ်၊  ကာကွယ်ရေး ဦးစီးချုပ်နဲ့ လွှတ်တော်ကိုလည်း ပေးပို့သွားမယ်လို့ သိရပါတယ်။
မင်းနိုင်သူ
ဆက်စပ်သတင်းတချို့
http://burma.irrawaddy.org/news/2014/04/22/57782.html
http://burma.irrawaddy.org/interview/2014/05/19/59128.html
http://burma.irrawaddy.org/article/2014/06/13/60365.html
http://burma.irrawaddy.org/news/2014/07/07/61514.html
ဦးရဲလွင်
.
Viewing all articles
Browse latest Browse all 5236
Trending Articles