Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး ရာထူးက နုတ်ထွက်

$
0
0
ပြီတိန်နိုင်ငံမှာ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်က အစိုးရအဖွဲ့အတွင်း အကြီးအကျယ် နေရာပြောင်းရွှေ့မှုတွေ လုပ်ချိန်မှာ နိုင်ငံခြားရေး ဝန်ကြီး ဖြစ်တဲ့ ဝီလျံဟိဂ်ကတော့ သူ့ရဲ့ ရာထူးကနေ နုတ်ထွက်သွားပါတယ်။ အခုလို ဝီလျံဟိဂ်ရဲ့ ဆုံးဖြတ်မှုဟာ အကြီးအကျယ် တုန်လှုပ်သွားစေခဲ့တယ်လို့ ဗြိတိန်မီဒီယာတွေ က 
ရေးကြပါတယ်။ 

 အမှတ် ၁ဝ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် အိမ်တော်ကို ရောက်လာသည့် ဝီလျံဟိဂ်၊ ဓာတ်ပုံ- The Mirror

အမျိုးသမီးတွေကို ဝန်ကြီးချုပ် ဝီလျံဟိဂ်က အစိုးရအဖွဲ့အတွင်း တချို့ အဓိက ကျတဲ့နေရာတွေ ပေး တဲ့ ပြောင်းရွှေ့ မှုတွေ လုပ်လိုက်တဲ့အပေါ် ဝီလျံဟိဂ်က ရာထူးက နုတ်ထွက်ခြင်းဟာ ဗြိတိန် အတွက် အထူး အံ့သြသွားစေခဲ့တာပါတဲ့။ 

ဝီလျံဟိဂ်ဟာ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်ရဲ့ အားထားရတဲ့ ဝန်ကြီး တဦးလည်းဖြစ်နေတာကြောင့် အံ့အား သင့်သွားကြတာဖြစ်ပါတယ်တဲ့။ 

သူ့ရဲ့ တွစ်တာ အကောင့်ကနေ ဝိလျံဟိဂ်က နိုင်ငံရေးမှာ အသစ်က ပြန်စတာ ကောင်းတယ်လို့ လည်း 
ရေးသားထားပြီး ၂၆ နှစ်ကြာ ပါလီမန် အမတ်တဦးအနေနဲ့ ဖြတ်သန်းခဲ့တာဟာလည်း မှန်ကန်တဲ့ လုပ်ရပ် အဖြစ် ဆက်လက်လျှောက်လှမ်းမယ်လို့ ရေးထားပါတယ်။ 



ဒါပေမယ့် ဝီလျံဟိဂ်ဟာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လိင်အကြမ်းဖက်မှု အဆုံးသပ်ရေး ဗြိတိန်ရဲ့ ကင်ပိန်းလုပ်ဆောင်ရာမှာ ဝန်ကြီးချုပ်ရဲ့ အထူးကိုယ်စားလှယ်အနေနဲ့ ဆက်ရှိနေမှာဖြစ်တယ် လို့ ရေး ထားပါတယ်။ 

အခုတော့ ဇူလိုင်လ ၁၅ ရက်နေ့ ဗြိတိန်သတင်းစာတွေမှာ ကြားဖြတ်သတင်းအနေနဲ့ ဗြိတိန်အစိုးရအဖွဲ့ အတွင်း အကြီးအကျယ် အပြောင်းအလဲ လုပ်နေမှုတွေက ဝေဆာနေပါတယ်။ 

ဝီလျံဟိဂ်အပြင် တခြား ဝန်ကြီးတချို့လည်း ရာထူးက နုတ်ထွက်သွားကြပြီး ဒေါင်းနင်းလမ်း ဝန်ကြီးချုပ် ရုံး ကတော့ နုတ်ထွက်သွားသူတွေအတွက် အစားထိုးမှုကို မနက်ဖြန် ကြေညာမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အခု နောက်ဆုံး သိရတဲ့ ဗြိတိန်အစိုးရ အဖွဲ့အတွင်း အပြောင်းအလဲတွေကတော့..


  • David Jones sacked as Welsh Secretary
  • Ken Clarke quits as minister without portfolio
  • Development Minister Alan Duncan quits
  • Northern Ireland Minister Andrew Robathan quits
  • Nick Hurd stands down as minister for civil society
  • David Willetts quits as universities minister
  • Police Minister Damian Green sacked
  • Transport minister Stephen Hammond out
  • Attorney General Dominic Grieve leaves government
  • Greg Barker out of DECC and will quit parliament next year
  • Solicitor General Oliver Heals also leaving
  • Owen Paterson sacked as Environment Secretary
  • Stephen Crabb new Welsh Secretary
  • Andrew Lansley sacked
  • William Hague out as Foreign Secretary

အိမ့်သံစဉ် ~











Viewing all articles
Browse latest Browse all 5236

Trending Articles


TTA Oreo Gapp Installer


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လူတိုင်းသိသင့်နေပြီဖြစ်တဲ့ ငွေစက္ကူ ၁ သောင်းတန် နှင့် ၅ ထောင်တန် အတု၊...


ဂျူးပင် စိုက်ပျိုးနည်း


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။