Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲ ဂျာမနီ ဗိုလ်စွဲ

$
0
0
ဘရာဇီး နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ ၂ဝ၁၄ ခုနှစ်အတွက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အာဂျင်တီးနား အသင်းကို ဂျာမနီအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံဖြစ်သွားပါပြီ။ 

 ဂျာမနီအတွင် အနိုင်ဂိုး သွင်းလိုက်အပြီး မြင်ကွင်း၊ ဓာတ်ပုံ-ဖီဖာ

ဂျာမနီနဲ့ အာဂျင်တီးနားအသင်းတို့ဟာ ပထမပိုင်း၊ ဒုတိယပိုင်း မိနစ် ၉၀ အတွင်း တဖက်နဲ့ တဖက် ဂိုးမသွင်းနိုင်ခဲ့ကြလို့ အချိန်ပို မိနစ် ၃ဝ ကစားကြရပါတယ်။ 

ဒုတိယပိုင်း အချိန်ပို အတွင်း ၂၃ မိနစ်မှာ ဂျာမနီ ကစားသမား ကျောနံပတ် ၁၉ မာရီယို ဂေါ့ဇီက 
ဘောလုံး ကို ရင်ဘတ် နဲ့ တားပြီး တခါးတည်း ကန်သွင်းယူလိုက်တဲ့ တလုံးတည်းသော ဂိုးနဲ့ ဂျာမနီ အသင်းက ချန်ပီယံ ဖြစ်သွားခဲ့တာပါ။ 

အာဂျင်တီးနားနဲ့ ဂျာမနီအသင်းတို့ကစားကြတာမှာ ပထမပိုင်းကတည်းက ၂ သင်းလုံးက အားသွန်ခွန်စိုက်  ကစားခဲ့ကြပေမယ့် ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ အာဂျင်တီးနားအသင်းက တဂိုး သွင်းခဲ့ပေမယ့် စည်းကြပ်ဒိုင်က လူကျွံဘောဖြစ်နေလို့ ဂိုးမရခဲ့ပါဘူး။ 

အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီကတော့ နောက်ဆုံး အချိန်ပိုပွဲပြီး ခါနီး မိနစ်ပိုင်း အလိုမှာ အာဂျင်တီးနား က ရခဲ့တဲ့ ပြစ်ဒဏ်ဘော ဖရီးကစ်ကို ဂိုးပေါက် ကျော်ကန်လိုက်တဲ့အတွက် ဂျာမနီကို ချေပဂိုး သွင်းဖို့  
နောက်ဆုံး အခွင့် အရေး ဆုံးရှုံးသွားခဲ့ရပါတယ်။

ဒီပွဲကို ဂျာမနီ နိုင်ငံ အဓိပတိ အိန်ဂျလာ မာခဲလ်လည်း လာရောက်အားပေးခဲ့ပါတယ်။ 

ဂျာမနီ ဂိုးသမား က ရွှေလက်အိတ် ဆုကို လက်ခံရယူခဲ့ပြီး အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက The adidas Golden Ball ဆုကို လက်ခံရယူခဲ့ပါတယ်။ 

ဘရာဇီး ကမ္ဘာ့ဖလား  ဘောလုံးပြိုင်ပွဲတွေကတော့ ပြီးဆုံးသွားခဲ့ပါပြီ။



အိမ့်သံစဉ် ~ 












Viewing all articles
Browse latest Browse all 5236

Trending Articles


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမျိုးကောင်း သမီးတွေ ဖြစ်ကြစေဖို့


မနောမယအိမ်ခြံမြေရောင်းနည်း


လှိုင်သာယာတွင်ဖခင်ဖြစ်သူမှ သမီးအရင်း ၂ဦးအား မုဒိမ်ပြုကျင့်မှုဖြစ်ပွား


သူ့ ကိုမချစ်ဘူး......


တောင်ပြုန်းပွဲကြိုအဖြစ် မန္တလေးတွင် တရက်ထဲသာကျင်းပသည့် အိုးပုတ်ပွဲတော် စည်ကား