~
![]()
ဝံကလေး တကောင် အကြောင်း ဖေ့စ်ဘုတ်မှာ ပို့စ် ၂ ပုဒ် တွေ့ရပါတယ်။
အဲဒီဝံလေးကို ထိုင်း-မြန်မာ နယ်စပ်က မောတောင် ဒေသက လာဝယ်မဲ့သူတွေ ရှိတယ်လို့ ဆိုတယ်။
သူ့ကို ကျွေးမွေးရတာကလည်း စရိတ်စက အကုန်အကျ များတယ်။
သို့သော်လည်း ဒီကောင်လေးကို ထိုင်းဘက်ကို မရောင်းချင်ဘူး၊ မြန်မာပြည်မှာပဲ ရှိစေချင်ပါတယ် တဲ့။
ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကိုတော့ https://www.facebook.com/pyithu.thansin စာမျက်နှာပိုင်ရှင်က ရေးမထားပါ။
ဝံကလေးကို ကူညီဝယ်ယူနိုင်သူတွေ သူ့ဖေ့စ်ဘုတ် ချက်ဘောက်စ်မှာ အချက်အလက် ထားခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ကဲ...စိတ်ဝင်စားတယ်ဆိုရင် သူ့ကို ဆက်သွယ်ရုံသာ။
လွန်ခဲ့တဲ့ ၃ ရက်ကနဲ့ ဒီကနေ့တင်တဲ့
သူ့ပို့စ် ၂ ခု၊ ပုံတချို့တို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
.jpg)
ဝံကလေး တကောင် အကြောင်း ဖေ့စ်ဘုတ်မှာ ပို့စ် ၂ ပုဒ် တွေ့ရပါတယ်။
အဲဒီဝံလေးကို ထိုင်း-မြန်မာ နယ်စပ်က မောတောင် ဒေသက လာဝယ်မဲ့သူတွေ ရှိတယ်လို့ ဆိုတယ်။
သူ့ကို ကျွေးမွေးရတာကလည်း စရိတ်စက အကုန်အကျ များတယ်။
သို့သော်လည်း ဒီကောင်လေးကို ထိုင်းဘက်ကို မရောင်းချင်ဘူး၊ မြန်မာပြည်မှာပဲ ရှိစေချင်ပါတယ် တဲ့။
ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကိုတော့ https://www.facebook.com/pyithu.thansin စာမျက်နှာပိုင်ရှင်က ရေးမထားပါ။
ဝံကလေးကို ကူညီဝယ်ယူနိုင်သူတွေ သူ့ဖေ့စ်ဘုတ် ချက်ဘောက်စ်မှာ အချက်အလက် ထားခဲ့နိုင်တယ်လို့ ဆိုပါတယ်။ ကဲ...စိတ်ဝင်စားတယ်ဆိုရင် သူ့ကို ဆက်သွယ်ရုံသာ။
လွန်ခဲ့တဲ့ ၃ ရက်ကနဲ့ ဒီကနေ့တင်တဲ့
သူ့ပို့စ် ၂ ခု၊ ပုံတချို့တို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
မိမိနိုင်ငံထဲက တိရစ္ဆာန်တစ်ကောင်ကို တခြားနိုင်ငံထဲ ရောက်သွားမှာကို မလိုလားပါသဖြင့် တက်နိုင်သူများ ၀ယ်ပေးကြပါလို့ ပြောကြားပါရစေ....
အခုမြင်တွေ့နေရတဲ့ ၀ံငယ်လေးကို လွန်ခဲ့တဲ့ ၇-လကျော်လောက်က စတင်မွေးခဲ့ပါတယ်
ယူလာခါစက ခွေးပေါက်ငယ်သာသာရှိခဲ့ပေမဲ့ ၇-လအတွင်း အရွယ်အကြီးမြန်သလို တစ်နေ့ကုန်ကျစရိတ်လည်းများလာတာရယ် အနီးအနားက အိမ်တွေကို သွားလာတတ် သလို အဲ့ဒီအိမ်တွေထဲက ရေကန်၊ရေဇလားတွေထဲမှာ ၀င်စိမ်တတ်တဲ့ အကျင့်ကြောင့် ၀င်ကလေးကို ရိုက်မောင်းထုတ်ရင်းက မျက်စိတစ်လုံး ကွယ်သွားခဲ့ရှာပါတယ်။
ဓါတ်ပုံထဲက ခွေးကလေးဟာ ၀ံကလေးနဲ့ အတူတူကြီးလာတာပါ။ သူတို့နှစ်ဦး ချစ်ခင်ကြပါတယ်။
ထင်းလုစားကြတယ်။ မုန့်လုစားကြတယ်။ လူတွေနဲ့ အတူတူကြီးလာတဲ့ တိရစ္ဆာန်တွေဖြစ်လို့ ဘယ်သူ့ကိုမှအန္တရာယ်မပေးပါဘူး။
လိမ်မာကြသလို လူစကားလည်း နားလည်ပြီး အရိပ်အကဲလဲသိပါတယ်။ ၀မ်းနည်းတတ်တာ ပျော်တတ်တာ ကြောက်တတ်တာ တွေကို လက်တွေ့မြင်တွေ့ခဲ့ရပါတယ်။
သို့သော်လည်း ၀ံကလေးအတွက် တစ်နေ့ကုန်ကျစရိတ်တွေနဲ့ တခြားအထွေထွေအကြောင်းတွေကြောင့် ၀ံကလေးကို မောတောင်ဘက်က လာဝယ်တဲ့ သူတွေဆီ ငွေ၂-သိန်းနဲ့ ရောင်းတော့မယ်လို့ ကြားသိရတော့ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ်။
ငယ်ငယ်ထဲက ကလေးငယ်လို နို့ဗူးတိုက်ပြီး ကျွေးမွေးခဲ့တဲ့ ပိုင်ရှင်တွေကသံယောဇဉ် ရှိပေမဲ့ ရေရှည်မှာ မလွယ်တဲ့ အခြေအနေတွေ ရှိလာလို့ရောင်းရတာပါလို့ ပြောပါတယ်။
တိရိစ္ဆာန်ရုံကို လှူမယ်လုပ်တော့ အရောက်သွားပို့ရမဲ့ ကုန်ကျစရိတ်ကို မတတ်နိုင်ပါဘူး။ လာမခေါ်ပါဘူး။
လှူတဲ့သူက သွားပို့ရမဲ့ အတူတူ ကုန်ကျစရိတ်ပေးတဲ့သူရှိရင် ရောင်းလိုက်မယ်ဆိုတဲ့ သဘောနဲ့ရောင်းတာပါလို့ပြောပါတယ်။
လာဝယ်မဲ့သူတွေက ထိုင်းနိုင်ငံနယ်စပ်က မောတောင်အရပ်ကဆိုတော့ ဟိုဘက်ကိုရောက်ဖို့ သေချာသလောက်ရှိနေပါပြီ။
လိမ္မာပြီးယဉ်ပါးနေတဲ့ ဒီဝံလေးကို မိမိနိုင်ငံထဲမှာပဲ ရှိစေချင်တာ ကျွန်တော့ရဲ့ စေတနာပါ။
ဝံကလေးကိုကယ်တင်မဲ့သူများ ရှိရင်ဖြင့် ချက်ဘောက်ထဲမှ တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
နေရာအတိအကျပြောပါမည်။
ဝယ်/ရောင်း ရက်ချိန်းပြည့်ရန် ၅-ရက်သာလိုပါတော့သည်။
ဝံကလေးရဲ့ကံကြမာ(၅.၇.၂၀၁၄) နံနက် ၁း၁၀မိနစ် အချိန်တွင် စာရေးသားသည်။
- ဖေ့ဘုတ်မိတ်ဆွေများကို အကူအညီတောင်းထားပါသော ၀ံလေးရဲ့ဘ၀ကံကြမ္မာ အပြောင်းအလဲ ကောင်းမွန်လာရန် လမ်းစကို စတင်တွေ့ရှိထားပါပြီ.................
- ၀ံလေးရဲ့ ပိုင်ရှင်ကို မရောင်းဖို့ စည်းရုံးထားတာ အောင်မြင်သွားပါသဖြင့် တိရိစ္ဆာန်ရုံ ဒါမှမဟုတ် သင့်တော်တဲ့ ဘေးမဲ့ နေရာတစ်ခုခုကို ပို့ဆောင်ပေးနိုင်ရန် အခွင့်အရေး ရလာပါသဖြင့် ပို့ဆောင်ပေးမည့် စရိတ်စခကို ဘယ်လို ၀ိုင်းဝန်း ထောက်ပံ့ရင် သင့်တော်မယ်ဆိုတဲ့ အကြံပြုချက်များ ပေးကြပါခင်ဗျာ......
- သယ်ဆောင်ရာတွင်လည်း တိရိစ္ဆာန်ရုံ မဟုတ်ပါက အခက်အခဲမရှိ သယ်ဆောင်နိုင်အောင် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ အကြံပြုချက်များလဲ လိုအပ်နေပါသဖြင့် နီစပ်ရာဆက်သွယ်ပြီး ပြောပေးပါလို့ တောင်ဆိုပါရစေ။
- ၀ံလေးရဲ့ ကံကြမ္မာကို ကူညီဖို့ ဆက်သွယ်လာသူ ၁၅ဦးရှိပါတယ်။ မိတ်ဆွေအချင်းချင်း ချိတ်ဆက်ပြီး ဆက်သွယ်ကြစေချင်ပါတယ်။
- မိတ်ဆွေ၁၅ဦးဆီကို TAGနဲ့ ပို့လို့ အဆင်မပြေဖြစ်နေပါတယ်။
- အချင်းချင်းဆက်သွယ်ပြီး အကြောင်းပြန်နိုင်အောင် ကြိုးစားပေးပါမယ်။
- အားလုံးအစီအစဉ် ဆွဲပြီးသွားရင်ဖြင့် ၂-ရက်အတွင်းဆက်သွယ်ပေးစေချင်ပါတယ်ခင်ဗျာ။
- ကျွန်တော်ဆက်လက် စီစဉ်ပေးမည့်အကြောင်း မိတ်ဆွေများအား အသိပေးအပ်ပါတယ်။
- မိတ်ဆွေ၁၅ဦးနဲ့ ပတ်သက်တဲ့ ကျန်သော သူငယ်ချင်းများဆီမှလည်း မေတ္တာစိတ်ဖြင့် ကူညီမဲ့သူများ တိုးပွါးလာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။