Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်းနိုင်ငံကလာတဲ့ သတင်းဆိုးတပုဒ်

$
0
0
 ~



 
ဒီမနက် ဘန်ကောက်ပို့စ်သတင်းစာ  အွန်လိုင်းစာမျက်နှာမှာသတင်းဆိုးတပုဒ် တက်လာပါတယ်။
ရထားပေါ်မှာ ပျောက်သွားတဲ့ကလေးမ သေဆုံး၊ မတရားကျင့်ခံထားတာတွေ့ရတယ် ဆိုတဲ့ ခေါင်းစဉ်တပ်သတင်းပါ။
  
 


အင်္ဂါနေ့က   ပရာချွတ်ကီရီကန်ဒေသမှာ တွေ့ရတဲ့ ၁၃ နှစ်အရွယ် မိန်းကလေးရဲ့ ရုပ်အလောင်း (ဓာတ်ပုံ - ဘန်ကောက်ပို့စ်) .
စူရတ်ဌာနီခရိုင် - ဘန်ကောက် ညရထားခရီးစဉ်မှာ ၁၃ နှစ်အရွယ် အမျိုးသမီးကို ပြီးခဲ့တဲ့ တနင်္ဂနွေမနက်က မတရားကျင့် သတ်ဖြတ်ခဲ့တယ်လို့ ရထားပေါ်က ဝန်ထမ်းတယောက်က ဝန်ခံထွက်ဆိုခဲ့ကြောင်း သတင်းအစမှာ ရေးပါတယ်။

အသက် ၂၂ နှစ်အရွယ် အဲဒီဝန်ထမ်း Wanchai Saengkhao က အစိုးရ ရထားဌာနက ကန်ထရိုက်ပေးထားတဲ့ လုပ်ငန်းတခုရဲ့ဝန်ထမ်းဖြစ်တယ်၊
တနင်္လာညပိုင်း သူ့ကို မတရားပြုကျင့် သတ်ဖြတ်ခဲ့ပြီး တွဲအပြင်ဘက်ကို ပစ်လိုက်ကြောင်း ထွက်ဆိုထားပါတယ် တဲ့။

မိန်းကလေးက ရိုးရိုးတန်းမှာ အိပ်နေတယ်၊ သူက ရထားပြတင်းပေါက်တခုကို ဖွင့်လိုက်တယ်၊ ဒါမှ အသံပိုမိုဆူညံသွားပြီး သူတိုက်ခိုက် မတရားကျင့်တာ တခြားသူတွေ မသိမှာလို့ ဆိုတယ်။

သွေးပေနေတဲ့ တီရှပ်၊ အိပ်ယာခင်းတို့ကို တွေ့ရတယ် ဆိုတဲ့ဟွာဟင်မြို့ကို မိန်းကလေးရဲ့ ဆွေမျိုးမိသားစုက လိုက်သွားတယ်၊
မိသားစုနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက အမှောင်ထဲမှာ မနက် ၂း၀၀ နာရီကတည်းက ရှာဖွေရေးလုပ်တယ်၊
အင်္ဂါမနက် ၄း၀၀ နာရီ ဝန်းကျင်မှာတော့ ရုပ်အလောင်းကို မြက်ပင်တွေကြားထဲမှာ တွေ့ရတယ်၊ မှုခင်းဘက်ဆိုင်ရာအရာရှိတွေ သွားရောက်စစ်ဆေးတယ် လို့ သတင်းမှာ ရေးပါတယ်။

မတရားကျင့်တယ်ဆိုတဲ့သူကတော့ ရထားထွက်ပြီးနောက်ပိုင်း အိပ်စင်တွဲအမှတ် ၄ မှာ သူ မက်သဖက်တမင်း စိတ်ကြွဆေး သုံးခဲ့တယ်၊ သူငယ်ချင်းတွေနဲ့ ဘီယာသောက်တယ်၊ မတရားကျင့်ခံရသူက  အမှတ် ၃ တွဲမှာ စီးခဲ့တာလို့ ဆိုတယ်။

မတရားကျင့်တယ်ဆိုတဲ့သူကို အင်္ဂါနေ့မနက်က ရုပ်အလောင်းတွေ့ရှိရာနေရာကို ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်သွားပြီး ပြစ်မှုကျူးလွန်ပုံက ပြန်လည်ရှင်းပြခိုင်းခဲ့တယ်လို့ ရေးထားပါတယ်။

ထိုင်းနိုင်ငံမှာ အဝေးပြေးရထားတွေက ဒီလိုအမှုကျူးလွန်ရလောက်အောင် ခရီးသည် နည်းနေတဲ့သဘောဖြစ်နေပြီလားလို့ ဒီသတင်းဖတ်ပြီး စဉ်းစားမိပါတယ်။

မြန်မာပြည်မှာတော့ အိပ်စင်တွဲ ဆိုရင် သီးသန့်အခန်းတွေနဲ့ပါ။
ထိုင်းမှာတော့ သီးသန့်ခန်း ကန့်မထားပါဘူး။
အိပ်ခါနီးချိန်မှ ဝန်ထမ်းက ခုံကို ကုတင်လိုဖြစ်သွားအောင် ဖြန့်ပေး၊ အိပ်ယာခင်းပေးတာပါ။
ခရီးသည်က လိုက်ကာကို ဆွဲပိတ်၊ အိပ်ရုံပါပဲ။
လိုက်ကာဆွဲလိုက်ရင် အိပ်နေသူကို တခြားခရီးသည်တွေ မမြင်ရပါဘူး။

ဒီသတင်းထဲက ဖြစ်ရပ်မှာတော့ မတရားကျင့်ခံရသူမှာ ခရီးဖော် ရှိမရှိ၊ တခြားခရီးသည်တွေ အနီးအနားမှာ ရှိမရှိ ရေးမထားပါ။

The Nation သတင်းစာမှာလည်း ဒီဖြစ်ရပ်ကို သတင်းတိုအဖြစ်သာ ဖော်ပြပါတယ်။


ထိုင်းမီဒီယာအများအပြားမှာလည်း ဒီသတင်းကို ဖော်ပြနေကြပါပြီ။ 

ဒီသတင်းကြောင့် မူးယစ်ဆေး၊ အမျိုးသမီးတွေရဲ့ လုံခြုံရေး၊ ခရီးသွားလာရေးတို့နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံက စာဖတ်သူတွေ ဆက်လက်ဆွေးနွေးပြောဆိုသွားကြဖွယ်ရှိပါတယ်။



.

Viewing all articles
Browse latest Browse all 5236

Trending Articles