~
အထက်အမိန့် စောင့်ဆိုင်းနေကြသော လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံများ - တေဇလှိုင်/ဧရာဝတီ)
အင်္ဂါနေ့ ည ၈း၃၀ နာရီခန့် က မန္တလေးမြို့ ၂၇ လမ်းနဲ့ ၈၂ လမ်းထောင့် ဆန်းကဖေး လဘက်ရည်ဆိုင်ရှေ့မှာ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဆုတောင်းချိန်နဲ့ တိုက်ဆိုင်ပြီး ကောလဟာလများ ထုတ်လွှင့်မှုကြောင့် လူစုလူဝေး ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ည ၉နာကျော်ခန့်မှာ ရဲတပ်ဖွဲ့ က အခြေအနေကို အေးဆေးတည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့တာ တွေ့ရပါတယ်။
အဲဒီနောက် နှစ်ဘက် အုပ်စုကြား သွေးဆူသူ လူတချို့ ကြောင့် ည ၁၀ နာရီ ကျော်ခန့် တွင် လူစုလူဝေးများဖြစ်ပေါ်ခဲ့ပါတယ်။
ရဲတပ်ဖွဲ့ ဝင်များ တိုးမြှင့် ချထားခဲ့ သော်လည်း အရက်သေစာမူးယစ်သောက်စားထားသူတချို့ လူအုပ်စုထဲရောနှောပါဝင်လာပြီး ရဲတပ်ဖွဲ့ ဝင်များကို ဆဲဆိုခြင်း ခဲများနဲ့ ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။
၂၆ ဘီလမ်းနဲ့ ၈၂လမ်းထောင့်ကစပြီး လမ်းဘေးမှာ ရပ်ထားတဲ့ကားများ၊ ဆိုင်ခန်း မျက်နှာစာများကို ဖျက်ဆီးခဲ့ ကြပါတယ်။
ရဲတပ်ဖွဲ့က သူတို့ကို လူစုခွဲခြင်း၊ ဟန့်တားခြင်း မရှိခဲ့ပါဘူး။
ည ၁၂နာကျော်ခန့် မှာတော့ ဂဠုန်နီဆရာတော်အပါအဝင် သံဃာတချို့ ရောက်ရှိလာကြပြီး လူအုပ်ကြီးကို ဖျောင်းဖြပြောဆိုပါတယ်။
ဒါပေမယ့် ထိထိရောက်ရောက်ထိန်းသိမ်းဖို့ အလွန်ခက်ခဲခဲ့ တဲ့ အတွက် နံနက် ၂ နာရီခန့် မှာပြန်သွားခဲ့ ရပါတယ်။
နံနက် ၃ နာရီခန့် အထိ လူအုပ်စုတချို့ ကိုလမ်းပေါ်မှာတွေ့ နေရပြီး နံနက် ၅ နာရီခန့်မှာတော့ လူစုကွဲသွားပြီလို့ သိရပါတယ်။
မန္တလေးမြို့လယ် အချက်အချာကျတဲ့ နေရာတချို့ မှာ ရဲတပ်ဖွဲ့ ဝင်တွေချထားတာကိုလည်း တွေ့ ရပါတယ်။
.
.jpg)