Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ခေတ်ပြိုင်စာပေအနုပညာတွေကို ဖော်ပြမယ့် နှင်းဆီဖြူ

$
0
0
 ~


 

မြန်မာပြည်ရဲ့ လစဉ်ထုတ်
မဂ္ဂဇင်းလောကထဲကို လတ်တလော ရောက်လာတဲ့မဂ္ဂဇင်းကတော့  နှင်းဆီဖြူ ဖြစ်ပါတယ်။

ဘိုဘိုထွန်း၊ မိုဃ်းဇော်၊ မောင်သာချို (ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)


နှင်းဆီဖြူဟာ ဘိုဘိုဝင်း၊ မိုဃ်းဇော်၊ စေတ၊ နှင်းခါးမိုး၊ မောင်ဖီလာ၊ အိန္ဒြာ၊ ဟိန်းထိုက်ဈာန်တို့ရဲ့ ပူးပေါင်း ဖန်တီးမှုပါ။

ခေတ်ပြိုင်စာပေအနုပညာ မဂ
္ဂဇင်းလို့ ဆိုထားတဲ့ နှင်းဆီဖြူမှာ  ကဗျာအင်အား အင်မတန် များပါတယ်။ ပထမအုပ် ဇွန်လထုတ်မှာ ကဗျာ ၂၁ ပုဒ် ထည့်သွင်းထားတာ တွေ့ရမှာပါ။ စာပေဆောင်းပါး၊ အက်ဆေး အရေအတွက်လည်း မနည်းလှပါ။ ဝတ္ထုတိုကတော့ ၂ ပုဒ် ပါပါတယ်။ ဝတ္ထုတိုသမားတွေတော့ အားမလိုအားမရ ဖြစ်ပါလိမ့်မယ်။

နှင်းဆီဖြူ တခြားသော မဂ္ဂဇင်းတွေထက် အရွယ်အစား ငယ်နေပါတယ်။
စာမျက်နှာကတော့ ၁၈ဝ နီးပါး ရှိတာ တွေ့ရမှာပါ။

လွမ်းဆွတ်တမ်းတခဲ့ရတဲ့ မိုးဝေမမဂ္ဂဇင်းအချိုးအတိုင်းပဲ အရွယ်အစား ကိုးခွဲ x ခြောက်ခွဲ လုပ်ထားတယ်၊ မာတိကာစဉ်ကိုလည်း မိုးဝေအတိုင်း လုပ်ထားတယ်လို့ မကြာသေးခင်က ရန်ကုန်မှာ ပြုလုပ်တဲ့ နှင်းဆီဖြူမိတ်ဆက်ပွဲမှာ တာဝန်ခံအယ်ဒီတာ မိုဃ်းဇော်က ပြောပါတယ်။

နှင်းဆီဖြူကို စာမူတွေ ပေးပို့နိုင်တယ်၊ ပို့စ်မော်ဒန်၊ မော်ဒန် အကုန်သုံးမယ်လို့ မိတ်ဆက်ပွဲအခမ်းအနားမှာ သူက ဖိတ်ခေါ်ပါတယ်။

အခမ်းအနားကို စာပေသမား အများအပြား တက်ရောက်တာ တွေ့ရပါတယ်။

အခုဆိုရင် နှင်းဆီဖြူ ဇူလိုင်လထုတ်ကို စာအုပ်ဆိုင်တွေမှာ တွေ့ရပါတော့မယ်။

ရသစာပေမဂ္ဂဇင်း ငတ်မွတ်နေသူတွေကို  နှင်းဆီဖြူက  အဆာဖြေပေးတော့မှာဖြစ်ပါတယ်။
 နှင်းဆီဖြူက ရသ အခြေခံတဲ့ ဂျာနယ်တစောင် ထုတ်ဝေဖို့ အစီအစဉ် ရှိတယ်လို့လည်း အခမ်းအနားမှာ ကြေညာပါတယ်။

မဂ္ဂဇင်းလောကထဲရောက်လာတဲ့  နှင်းဆီဖြူက ဂျာနယ်လောကထဲကိုလည်း မကြာခင် ရောက်လာတော့မယ့်သဘောပါ။

နှင်းဆီဖြူမိတ်ဆက်ပွဲမြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဧည့်သည်များ
ဧည့်သည်များ
မိတ်ဆက်ပွဲမှာ ခင်ဝမ်းရဲ့သီချင်းတွေ သီဆိုတီးခတ်သူများ
ဆရာကြည်မင်း ခေါ် ကျော်ဇော်မင်း
ဧည့်သည်များ
အမှတ်တရစကားပြောနေတဲ့ ကဗျာဆရာ ကေဇော်
ဧည့်သည်များ
  

.

Viewing all articles
Browse latest Browse all 5236

Trending Articles