Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

တရုတ်စစ်တပ် အွန်လိုင်းရာဇဝတ်မှုကျူးလွန်နေသလား

$
0
0
 ~

 
တရုတ်စစ်တပ်က အင်တာနက်ကနေဖောက်ထွင်းမှုတွေကျူးလွန်နေတယ်လို့ အမေရိကန် အင်တာနက်လုံခြုံရေးကုမ္ပဏီတခုရဲ့ စွပ်စွဲချက် တနင်္လာနေ့မှာ ပေါ်ထွက်လာပါတယ်။

 


  •   တရုတ်စစ်တပ်ရဲ့ အွန်လိုင်း စာမျက်နှာ (ဓာတ်ပုံ -  Reuters)

ကုမ္ပဏီ နာမည်က CrowdStrike ပါ။

ရှန်ဟဲမြို့အခြေစိုက် တရုတ်စစ်တပ်ရဲ့ ဌာနအမှတ် ၁၂ က အနောက်တိုင်းအစိုးရအဖွဲ့အစည်းတွေ၊ ကာကွယ်ရေးပိုင်းဆိုင်ရာ အဖွဲ့တွေကို အင်တာနက်ကနေ တိုက်ခိုက်နေတာ ၂ဝဝ၇ ကတည်းက ဖြစ်တယ်လို့ အဲဒီကုမ္ပဏီက ဆိုပါတယ်။

ဒီလို အင်တာနက်ကနေ ဟက်ခြင်းက အမေရိကန်ရဲ့ အာကာသ၊ လေကြောင်း နဲ့ ဆက်သွယ်ရေးပိုင်းကဏ္ဍတွေကို ပစ်မှတ်ထားတယ်လို့ ဆိုတယ်။

Adobe Readerနဲ့ Microsoft Office လိုမျိုး အထင်ကရ အပလီကေးရှင်းတွေကို  တိုက်ခိုက်နေတယ်၊ ဗိုင်းရပ်စ်တွေ အီးမေးပို့ပြီး တိုက်တာပါ တဲ့။

လွန်ခဲ့တဲ့ ၃ ပတ်ခန့်ကလည်း အမေရိကန် တရားရေးဌာနက တရုတ်စစ်အရာရှိ ၅ ယောက်ကို တရားစွဲလိုက်ပါတယ်။
ကုန်သွယ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ခိုးယူတယ် ဆိုပြီး စွဲတာပါ။

ဒီအကြောင်း ဧရာဝတီသတင်းစာမျက်နှာ http://www.irrawaddy.org/asia/private-us-report-accuses-another-chinese-military-unit-hacking.htmlမှာ ဖတ်နိုင်ပါတယ်။

Private US Report Accuses Another Chinese Military Unit of Hackingဆိုတဲ့ ခေါင်းစဉ်နဲ့ပါ။
  
  CrowdStrike ကုမ္ပဏီကတော့ သူ့ဖောက်သည်တွေကို ပေးပို့တဲ့ စာထဲမှာ ... ဖြစ်နေတဲ့ပြဿနာက ထင်ထားတာထက် ပိုပြီး ကြီးမား ကျယ်ပြန့်နေတယ်လို့ ရေးထားပါတယ်။

ဒီကုမ္ပဏီကို တည်ထောင်သူတွေကတော့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးကုမ္ပဏီ McAfee မှာ တာဝန်ယူခဲ့သူတွေပါ။
အခုတော့ အမေရိကန်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့လုပ်ငန်းဖြစ်နေပါပြီ။

ဒီကုမ္ပဏီရဲ့ ထုတ်ပြန်ချက်က ကမ္ဘာ့စီးပွားရေးစူပါ ပါဝါ နိုင်ငံကြီး နှစ်ခုကြား တင်းမာမှုတွေ ဖြစ်နေချိန်မှာ ထွက်လာတာပါ။

သိပ်မကြာသေးခင်ကလည်း တရုတ်ဘက်က စွပ်စွဲမှု တုန့်ပြန်မှုတွေ လုပ်ခဲ့ပါတယ် ...
အင်တာနက်ဖောက်ထွင်းမှု ဆိုင်ရာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကို ရပ်လိုက်ပါတယ်။ ပြီးတော့ အမေရိကန်က တရုတ်ရဲ့နိုင်ငံရေး စစ်ရေး လျှို့ဝှက်ချက်တွေ ခိုးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဆက်စပ်

Google, Facebook တို့ကို တရုတ်က အပြစ်ပေးချင်နေပါတယ်
http://blog.irrawaddy.org/2014/06/google-facebook.html 
 

 



.

Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ