Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ကမာရွတ်လှည်းတန်းမှာ ကိုရီးယားစာ စားမယ်

$
0
0
 ~

 

အခမဲ့ တီဗီရုပ်သံလိုင်းတွေမှာ အဆက်မပြတ် ပြသနေတဲ့ ကိုရီးယားဇာတ်ကားတွေရဲ့ လှိုင်းကတော့  ကျမတို့ မြန်မာပြည်သူ ပြည်သားတွေတင် သာမက ကမ္ဘာသူ ကမ္ဘာသား အတော်များများကို လွှမ်းမိုးရိုက်ခတ်နိုင်တာ အမှန်ပါပဲ။


  • (ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ)

အဲဒီဇာတ်ကားတွေ အားလုံးလိုလိုမှာလည်း သူတို့ရဲ့ ရုပ်ရှင်ဖန်တီးမှု အနုပညာကိုသာမက သူတို့ရဲ့ ဝါဒဖြန့်ချိမှုတခုလို့ ဆိုနိုင်တဲ့ ကိုရီးယားယဉ်ကျေးမှု၊ လူနေမှု ဓလေ့ထုံးစံတွေ၊ အသုံးအဆောင် ပစ္စည်းတွေနဲ့အတူ ရိုးရာအစား အသောက်တွေကိုပါ ပါးပါးနပ်နပ် ဖော်ပြလာခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

အထူးသဖြင့် မြန်မာပရိသတ်တွေ အသည်းစွဲ ဖြစ်ခဲ့တဲ့ နာမည်ကျော် မင်းသမီးချန်ဂင် ပါဝင်တဲ့   “နန်းတွင်းရတနာ” ဇာတ်ကား အပြီးမှာတော့ ကိုရီးယားဟင်းလျာတွေကို မြည်းစမ်းလိုစိတ်တွေ တားဆီးမရ ဖြစ်လာကြပါတော့တယ်။
သူတို့တွေရဲ့ ဟင်းလျာ ချက်ပြုတ်ပုံတွေ၊ ပြင်ဆင်ပုံတွေကြောင့် စားချင်စဖွယ် ဖြစ်နေတဲ့ ဟင်းပွဲတွေကို မြင်ရတာ လျှာရည်စိမ့်စရာ ဖြစ်ရတာမို့ အဲဒီလို ကိုရီးယားကား ပရိသတ်တွေရဲ့ အာသာချင်ခြင်းတွေအတွက် ဖြည့်ဆည်းပေးမယ့် ကိုရီးယား စားသောက်ဆိုင်တွေလည်း ဒီနေ့ခေတ် ရေစီးထဲမှာ ပါဝင်စီးမျောလာခဲ့ကြပါတော့တယ်။

ဒီတပတ် မိတ်ဆက်ပေးလိုတဲ့ ဆိုင်ကတော့ လှည်းတန်း၊ ဇေယျာသီရိ လမ်းထဲမှာရှိတဲ့ “JUNY HOUSE” လို့ အမည်ရတဲ့ ကိုရီးယားရိုးရာ စားသောက်ဆိုင် ဖြစ်ပါတယ်။
လှည်းတန်း မှတ်တိုင်အနီး၊ ရန်ကုန်-အင်းစိန် လမ်းမကြီးပေါ်ကနေ ဇေယျာသီရိ လမ်းထဲကို ဖဲ့ဆင်းဝင်လိုက်တာနဲ့ မကြာခင်မှာပဲ “JUNY HOUSE” ကို တွေ့မြင်ရပါပြီ။

ရိုးရှင်းတဲ့ ဆိုင်အပြင်အဆင်ထဲမှာပဲ ကိုရီးယား အငွေ့အသက်လွှမ်းအောင် အတတ်နိုင်ဆုံး ပြင်ဆင်ထားပုံရတဲ့ ဆိုင်ဧရိယာက သိပ်တော့မကျယ်လှပါဘူး။
နေ့လယ်နေ့ခင်း လူပါးချိန်ဖြစ်လို့ ဆိုင်ထဲမှာ ကိုရီးယားလူမျိုး ဧည့်သည် နှစ်ဦးလောက်သာတွေ့ ရပါတယ်။
မီနူးတွေလာချပေးတဲ့အခါ ကြားဖူးနားဝ ဟင်းလျာနာမည်တွေ များနေတာကြောင့် ဟိုဟာမှာ ရနိုးနိုး ဒီဟာမှာရနိုးနိုး ဖြစ်နေတဲ့အတွက် ဆိုင်ရှင်ဖြစ်သူ မဂရေ့စ် (Grace) ကိုပဲ အကြံဥာဏ် တောင်းရပါတယ်။

သူ့အကြံပေးချက်နဲ့ မြန်မာတွေအကြိုက်များ တယ်ဆိုတဲ့ ဟင်းလျာတွေထဲက ဟင်းပွဲသုံးလေးမျိုး လောက်ကို မှာကြပါတယ်။
ပင်လယ်စာ ပန်ကိတ်၊ ဝက်နံရိုး ဟင်းရည်၊ ကြက်ဥလိတ် ထမင်းကြော်နဲ့ ကိုရီးယားဇာတ်ကားတွေကြည့်တိုင်း မပါမဖြစ်တဲ့ ပဲခေါက်ဆွဲတပွဲကို အရသာမြည်းစမ်းကြည့်ဖို့အတွက် ရွေးချယ်လိုက်ပါတယ်။

ပင်လယ်စာ ပန်ကိတ်ကတော့ ကုဆိုင်ရွက်၊ တာအိုးရွက်၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီနဲ့ ပင်လယ် စာပုစွန် ကင်းမွန်တို့ကို အကြော်မှုန့်၊ ကြက်ဥတို့နဲ့ ရောပြီး ကြော်ထားတာမို့ ချိုမြိန် မွှေးပျံ့နေပါတယ်။
 ကြက်ဥပါဝင်တဲ့ နောက် စားစရာတမျိုး ဖြစ်တဲ့ ကြက်ဥလိပ် ထမင်းကြော်ကတော့ ထမင်းကို ဝက်သား၊ အသီးအရွက်တွေနဲ့ အချိုကြော်ထားပြီးမှ ကြက်ဥနဲ့ ပြန်လိပ်ပြီး အပေါ်က ဆော့စ်လေး ဆမ်းထားတာမို့ အအီပြေစေပါတယ်။

ဝက်နံရိုး ဟင်းရည်ကတော့ သွေးနဲ့အဆီ အညှိတွေ သေချာစင်အောင်  ထုတ်ထားတဲ့ ဝက်နံရိုးကို နှမ်းလုံးကြီးမှုန့်၊ ကရဝေး၊ ငရုတ်သီး စတာ တွေနဲ့ ရောနှောပြီး နူးအောင် ပေါင်းပြီး ချက်ပြီးမှ ဂျူးမြစ်ခြောက် အနံ့လေး သင်းထားတာမို့ စပ်စပ် မွှေးမွှေးလေးနဲ့ ခံတွင်းမြိန်စေပါတယ်။
ပဲခေါက်ဆွဲကလည်း လတ်လတ်ဆတ်ဆတ် ပြုတ်ပေးတဲ့  ခေါက်ဆွဲပေါ်ကို ကြက်သွန်နီ၊ ဂေါ်ဖီ၊ ဝက်သား၊ ငရုတ်ကောင်း တို့နဲ့အတူ  လတ်လတ်ဆတ်ဆတ်  ပြုလုပ်ထားတဲ့ ပဲဆော့စ်အရည် လောင်းပေးတာမို့ လတ်ဆတ်တဲ့ အရသာနဲ့ ပြည့်စုံပါတယ်။

Side Dish အနေနဲ့ပေးတဲ့ အထဲမှာ ကိုရီးယား ဟင်းလျာတွေမှာ မပါမဖြစ် ကင်မ်ချီနဲ့ ငုံးဥကို ပဲငံပြာရည် စိမ်ထားတဲ့ ငုံးဥအငန် အပါအဝင် ကိုရီးယား နန်းတွင်းဟင်းလျာ ပွဲတွေမှာ မြင်ဖူးတဲ့အတိုင်း အလှအပ တန်ဆာဆင်ထားတဲ့ ဟင်းသီးဟင်းရွက် ပွဲလေးကလည်း  စိတ်ကျေနပ်မှု  ရစေပါတယ်။


“JUNY HOUSE “ ကို ယခုနေရာမှာဖွင့်တာ ၉ လတာရှိခဲ့ပြီဖြစ်ပြီး ဆိုင်ရဲ့ ၆၀ ရာနှုန်းသော ဖောက်သည်တွေက  ကိုရီးယားလူမျိုးများဖြစ်ကာ အများစုက UFL ကျောင်းသားတွေ ဖြစ်တယ်လို့ ဆိုင်ရှင်ဖြစ်သူ မဂရေ့စ်က ဆိုပါတယ်။
ကျန်တဲ့ ၄၀ ရာနှုန်းသော ဖောက်သည်တွေမှာမှ  မြန်မာဖောက်သည် တဝက်နဲ့ တခြားနိုင်ငံသား ဖောက်သည်က တဝက်စီရှိတယ်လို့ သိရပါတယ်။

မဂရေ့စ်ဟာ ကိုရီးယားနိုင်ငံကို ကျောင်းပညာရေးအတွက် သွားရောက်ခဲ့ပြီး အချိန်ပိုင်းအလုပ်အဖြစ် ကိုရီးယား စားသောက်ဆိုင်တွေမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေရခဲ့ကာ နောက်ပိုင်းမှာ ကိုးရီးယား အစားအသောက် အချက်အပြုတ် သင်တန်းကိုလည်း တက်ခဲ့ပါတယ်တဲ့။
သူ့ ကိုရီးယားလူမျိုး အိမ်ထောင်ဖက်ရဲ့ မိဘတွေက ကိုရီးယားမှာ စားသောက်ဆိုင် ဖွင့်ထားတာမို့ ကိုရီးယားအစားအစာ အချက်အပြုတ်ကို ကျွမ်းကျင်နေတာလည်း ဖြစ်တယ်လို့ဆိုပါတယ်။

လိုအပ်တဲ့ ပါဝင်ပစ္စည်း ကုန်ကြမ်းတွေဖြစ်တဲ့ ငရုတ်သီးမှုန့်၊ နှမ်းလုံးကြီးမှုန့်၊ ရေညှိ၊ ပဲငါးပိအနှစ်နဲ့ ဟင်းခတ်အချို အရသာအတွက်သုံးတဲ့  Hon Da Shi ခေါ် ဂျပန် ငါးအရသာမှုန့်တို့ကို ကိုရီးယားကနေ မှာယူတယ်လို့ သိရပါတယ်။

ကိုရီးယားဟင်းလျာတွေကို မြန်မာလူမျိုးကြိုက် အရသာဖြစ်အောင် မပြုပြင်ထားဘဲ ကိုရီးယားတွေ စားတဲ့ အရသာအတိုင်း အတိအကျ ချက်ပြုတ်ထားတယ်လို့ ဆိုတာမို့ ကိုရီးယားဟင်းလျာ အရသာ စစ်စစ်ကို မြည်းစမ်းချင်သူတွေအတွက် လှည်းတန်း၊ ဇေယျာသီရိလမ်းက  JUNY HOUSE  ဆိုင်ကို ညွှန်းလိုက်ပါရစေ။
 
 
သီ
 



.

Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


Washington DC မှာ MS-13 ဂိုဏ်းက အမျိုးသားတစ်ဦး ကိုခေါင်းဖြတ်သတ်


ဇီးပင်ကြီးနှင့် ဖောင်ကြီးမှ လေထန် နေဆဲ ဝါဒမှိုင်းစစ်ဆင်ရေးများ


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


⁠နှင်းဆီပင် စိုက်ပျိုး⁠ခြင်း အပိုင်း – (၂)