Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဂျပန်က သင်္ကြန် သံချပ်တွေ ထွက်ပြီ

$
0
0
 သင်္ကြန်ကာလကလည်း အတော်ကို နီးကပ်လာတော့ မြန်မာတွေအဖို့ သင်္ကြန်ရင်ခုန်သံတွေလည်း တိုးတိုးလာနေပါတယ်။ မြန်မာပြည်သာမက နိုင်ငံတကာရောက် မြန်မာတွေလည်း သင်္ကြန်ရောက်တိုင်း သင်္ကြန်အိပ်မက်တွေနဲ့ ပျော်နေတတ် ကြပါတယ်။ 


ဒီအထဲကတော့ ဂျပန်နိုင်ငံက မင်္ဂလာဒိုး အနုပညာ အင်အားစု (ဂျပန်) အဖွဲ့က ဒီနှစ် ၂၀၁၃ ခုနှစ်အတွက် သင်္ကြန် သံချပ် တွေကို စတင်ဖြန့်ချီနေပြီလို့ သိရပါတယ်။ 

မင်္ဂလာဒိုးအနေနဲ့ နှစ်စဉ် သံချပ်တွေကို အစဉ်အလာမပျက် ထုတ်ဝေလာခဲ့တာအခုဆိုရင် အကြိမ် ၂၁ မြောက်လည်း ဖြစ်တယ်ပြီး အမျိုးသမီး သံချပ်တွေပါ ပါဝင်တာ ထူးခြားမှု တခုပါလို့ မင်္ဂလာဒိုးအဖွဲ့က ဦးထွန်းဝေက ဧရာဝတီကို ပြောပါတယ်။ 


မင်္ဂလာဒိုးရဲ့ ဒီနှစ်သင်္ကြန် သံချပ်တေးသွားတွေထဲက ခေါင်းစဉ်တွေကတော့ ရိုးရာသင်္ကြန်၊ အားလုံးကောင်း ဖို့ ပြောင်း ကြပါ၊ ဖားတစ်ပိုင်း ငါးတစ်ပိုင်း၊ ရိုဟင်ဂျာ၊ အမတ်မင်း၊ မပြောချင်ဘူး၊ တိုကျိုသင်္ကြန် နဲ့ အိတ်ပေါက်ကြီး၊ ဗမာစာ သည် တို့ စာ၊ အနု ပညာ စွမ်းအား၊ ခေါင်းဆောင်ကောင်း၊ နှစ်ကူးမင်္ဂလာ စတာတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ 



သံချပ်ရေးသားသူတွေကတော့ ၊ကိုမျိုးသန့် ၊ကိုသောင်း၊ကိုအေးမင်းကို၊ ခင်ငြိမ်းဆွေ နှင့် ကိုထွန်းဝေတို့ ဖြစ် တယ်လို့ သိရပါတယ်။ 


ဂျပန်ရောက်မြန်မာတွေက သင်္ကြန်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ယခုနှစ်မှာလည်း တိုကျို သင်္ကြန်ပွဲကို လာမယ့် ဧပြီလ ၇ ရက် နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ် မှ ဥက္ကဌ ဦးလှိုင်အေး က ပြောခဲ့ပါတယ်။








 အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ