Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ရေကျော်ဗလီမီးလောင်မှု သေချာမေးမြန်းပြီးမှ သတင်းရေးသင့်ဟုဆို

$
0
0
ရေကျော် ဗလီမီးလောင်မှုနဲ့ပတ်သက်ပြီး ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က  သတင်းရေးကြ သူတွေ အနေနဲ့ တာဝန်ရှိသူတွေနဲ့ သေချာ မေးမြန်းအတည်ပြုပြီး မှ ရေးသားကြစေလိုတယ်လို့  သူ့ရဲ့ဖေ့စ်ဘုတ် မှာတိုက်တွန်းထားပါတယ်။ 






"၄၈ လမ်းမီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးရတဲ့အခြေအနေများကို မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြား မနက် ၇ နာရီ၊ ၈နာရီသတင်းများမှာ ထုတ်လွှင့်ပေး ခဲ့ပါတယ်။

၉နာရီသတင်းမှာတော့ အခင်းဖြစ်ပွားရာနေရာက တွေ့ဆုံမေးမြန်းခဲ့မှုများနဲ့ ထပ်မံတင်ဆင်ဖို့ ဆောင်ရွက်နေ ပါတယ်။

ပြန်လည်တွေ့ရှိသူ လေးဦးဟာ ထိခိုက်ဒဏ်ရာမှု မရှိပါဘူး။ အင်တာနက်က ကောလဟာလများကို မယုံကြပါနဲ့။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ တီဗီ၊ ရေဒီယိုသတင်းများကို တစ်နာရီတစ်ကြိမ် Update လွှင့်ပေးနေပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်ပြီးသံသယရှိဖွယ်ရာများတွေ့ရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ အစည်းများကို သတင်းပေးပို့ကြပါ။ ဘာသာအားလုံး မိမိတို့ ဒေသ၊ နိုင်ငံ၊ လုံခြုံ တည်ငြိမ်ရေးအတွက် ပူးပေါင်းဆောင် ရွက်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

မီးလောင်မှုနဲ့ ပတ်သက်ပြီး ကနဦးစစ်ဆေးတွေ့ရှိချက်များကို ပိုမိုခိုင်မာအောင် မီးသတ်တပ်ဖွဲ့ ကလည်း တိတိကျကျ စစ်ဆေးနေပါတယ်။

ပြည်တွင်းမီဒီယာများကလည်း သတင်းအချက်အလက်များလိုအပ်ပါက တိုင်း ရဲတပ်ဖွဲ့မှူးရုံးနဲ့ မြို့နယ် ရဲစခန်းများမှာ ဆက်သွယ်ရယူနိုင်ပါတယ်။ မေးမြန်း စုံစမ်းမှုများကို ဖြေကြားပေးဖို့အတွက် လည်း 
ပြည်ထဲရေး ၀န်ကြီးဌာနက ညွှန်ကြားထားပြီးဖြစ်ပါတယ်။"

"ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေလည်း မီးလောင်မှုဖြစ်ပွား တဲ့ နေရာကို ရောက်ရှိ စစ်ဆေးခဲ့ပါတယ်။

မီးသတ်ဦးစီးဌာနက သတင်းအရ အပေါ်ထပ်ကို ၀င်ပေါက်က တစ်ခုပဲ ရှိပြီး ပြူတင်းပေါက်တွေက သံတိုင်တွေကာထားတဲ့အတွက် မီးလောင်မှု ဖြစ်ချိန်မှာ ပိတ်မိတာဖြစ်တယ်၊ အသက်ဆုံးရှုံး သွားသူ များဟာ ပြူတင်းပေါက်များအနီးမှာ ထွက်ဖို့ ကြိုးစားရင်း ဆုံးပါးတာလို့ သိရပါတယ်။

မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခများရဲ့ အရှိန်ကြောင့် အခုလို မီးလောင်မှု မျိုးမှာ သတင်းအမျိုးမျိုး၊ မှန်းဆချက်အမျိုးမျိုးပေါ်ထွက်မှာ သေချာပါတယ်။

ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အဦတစ်ခုမှာ မီးလောင်မှုဖြစ်တယ်ဆိုရင် လည်း ဒီလိုသတင်းတွေ ထွက်မှာသေချာပါတယ်

ဒါ့ကြောင့် မိမိအထင်အမြင်များကို လွယ်လွယ်နဲ့ မဖြန့် ကြဖို့၊ ကြားသူတွေ ကလည်း စိတ်ခံစားမှုနဲ့ မတုန့်ပြန်ဖို့ လိုပါတယ်။

တာဝန်ရှိတဲ့အဖွဲ့ အစည်းများကလည်း မီးလောင်ရတဲ့ အကြောင်း အရင်းကို သေချာသည် ထက် သေချာအောင် စုံစမ်းစိစစ်မှာဖြစ်ပါတယ်။
 
မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား မနက် ၉ နာရီသတင်းမှာ မီးလောင်မှုဖြစ်ပွား တဲ့ ဗလီကို ရိုက်ကူးပြသထုတ်လွှင့်ပေးခဲ့ပါတယ်။

အဲဒီပုံကို ကြည့်ရင် ဗလီရဲ့ ပြင်ပနံရံများမီးဟပ်ထားတာလုံးဝမရှိကြောင်း၊ အဆောက်အဦအပြင်ဘက်မှာ မီးလောင်ကျွမ်းထားတာမရှိကြောင်း၊ အပေါ်ထပ်ပြူတင်းပေါက်များရဲ့ အတွင်းဘက်မှာသာ မီးဟပ်ထားကြောင်း တွေ့ နိုင်ပါတယ်။

ဒါ့အပြင် ဗလီဝင်ပေါက်ကို သံတခါးနဲ့ သော့ခတ်ထားတဲ့အတွက် မီးသတ်ဖို့ တောင် တခါးကို ချိုးဖျက်ဝင်ခဲ့ရကြောင်း မျက်မြင်သက်သေများ ရဲ့ ပြောကြားချက်ကို တွေ့ နိုင်ပါတယ်။

ဒါ့ကြောင့် အပြင်ကနေ မီးရှို့တယ်ဆိုတဲ့ စွတ်စွဲချက်များမမှန်ကန်ကြောင်းတင်ပြအပ်ပါတယ်။
 အထက်ပါအတိုင်း ဦးရဲထွဋ်က အဆက်မပြတ် အသိပေး ရေးသားထားပါတယ်။ 

နောက်ဆုံး ရရှိတဲ့ သတင်းအရ ပျောက်ဆုံးနေသူ ကလေး ၄ ဦးကို ကောင်းမွန်စွာ ပြန်လည်တွေ့ရှိတယ်လို့ ရဲအရာရှိတဦးက ပြောကြားပါတယ်။ 



အိမ့်သံစဉ် ~

Viewing all articles
Browse latest Browse all 5236

Trending Articles