Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဘောလုံးကန်တာက အရမ်းရူးသွပ်ရတဲ့ အားကစားပါ

$
0
0

~



စိုးလွင်ဦး
(၂၃ နှစ်)
B.A (Psycho)၊
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊
သန်လျင်မြို့။


 .
ကျနော့် အနာဂတ် အိပ်မက်စိတ်ကူးက အောင်မြင်တဲ့ ဘောလုံးသမားတယောက် ဖြစ်ချင်တယ်။ ဘောလုံးကန်တာတော့ ငယ်ငယ်လေးကတည်းကပဲ။ ၂၀၁၂ လောက်မှာ စပြီး ဖူဆယ်ဘောလုံးအားကစားအသင်းကို ဝင်ဖြစ်တယ်။
ကန်ဖူးတဲ့ ဘောလုံးပွဲတွေအနေနဲ့ မှတ်မှတ်ရရ ပြောရရင် တော့ မနှစ်က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က လုပ်တဲ့ အလွတ်တန်းပြိုင်ပွဲမှာ နှစ်ကြိမ် ပဏာမ ရွေးချယ်ခံရဖူး တယ်။ ပရိုပြိုင်ပွဲမှာလည်း နှစ်ကြိမ်ဝင်ပြိုင်ဖူးပါတယ်။

လက်ရှိမှာတော့ ကျနော် အနုပညာအလုပ် လုပ်ဖို့ လည်း အစီအစဉ်ရှိပါတယ်။ Talent   သင်တန်းတွေတက်ဖို့  လုပ်နေပါတယ်။
Modelling  နဲ့ ပတ်သက်ပြီး မော်ဒယ်လ် တွေ ဘယ်လိုဝတ်တယ်၊ စားတယ်၊ သူတို့ရဲ့ နေပုံထိုင်ပုံနဲ့ သူတို့ လမ်းလျှောက်တဲ့ပုံတွေကိုသေချာကြည့်ပြီး လေ့လာ ဖြစ်ပါတယ်။

 ကျနော်က မြန်မာရုပ်ရှင်ဇာတ်ကား တွေ ကြည့်ရတာ ဝါသနာပါတဲ့ ရုပ်ရှင်ခရေဇီတယောက် ဆိုတော့ ထွက်သမျှ မြန်မာကားတွေ အကုန်နီးပါး ကြည့် ဖြစ်တယ်။
 ဇာတ်ကားကြည့်တဲ့ အခါမှာလည်း သရုပ် ဆောင်တွေ သရုပ်ဆောင်တာကို သေသေချာချာလေး လေ့လာပြီး ကြည့်ဖြစ်ပါတယ်။ နိုင်ငံခြားကားတွေလည်း ကြိုက်ပါတယ်။ မြန်မာကားတွေကတော့ ပိုကြည့်ဖြစ်တယ်။
ဇာတ်ကား အမျိုးအစားထဲမှာတော့ စိတ်ကူးယဉ်ဆန်တဲ့ ဇာတ်လမ်းမျိုးတွေ ကြည့်ရတာ ကြိုက်တယ်။ သရုပ်ဆောင် တွေထဲမှာ ကိုနေတိုး သရုပ်ဆောင်တာကို ကြိုက်တယ်။

အခု ဓာတ်ပုံရိုက်တာကတော့ ကျနော့် ပထမဆုံး အတွေ့အကြုံပါ။ ပထမဆုံး အတွေ့အကြုံဆိုတော့ နည်းနည်း ရှိန်နေတယ်။
 ပြီးတော့ အခက်အခဲကိုပြောပါဆိုရင် ပထမဆုံးလည်းဖြစ်တော့ ပို့စ်တွေဘာတွေ ကောင်းကောင်း သိပ်မလုပ်တတ်ပါဘူး။

အားတဲ့အချိန်တွေမှာ ဂျာနယ်တွေ ဖတ်ဖြစ်တယ်။ ဂိမ်းဆော့တယ်။ ဖတ်ဖြစ်တဲ့ ဂျာနယ်တွေကတော့ အစုံပါပဲ။ ဘောလုံးဂျာနယ်တွေကိုတော့ အဓိက ဖတ်ဖြစ်တာ ပေါ့။ ဂိမ်းကတော့ P3 ဆော့တယ်။
 ဆော့တာကလည်း ဘောလုံးကန်တဲ့ ဂိမ်းတွေပါပဲ။ ဘောလုံးကန်တာတော့ ဟိုးငယ်ငယ်ကတည်းက သိတတ်စအရွယ် ကတည်းက အရမ်းရူးရူးသွပ်သွပ်ဖြစ်တဲ့ အားကစားပါ။

ဘောလုံးကန်တဲ့ အားကစားက ယောကျာ်းလေး တော်တော်များများ ကြိုက်ကြတဲ့ ကစားကြတဲ့ ကစားနည်း တခုပေါ့။
ဘောလုံးကန်ခြင်းရဲ့ အကျိုးကျေးဇူးတွေအနေနဲ့ အဓိကçက ကျန်းမာရေးအတွက်ကို သက်လုံ ကောင်းစေတယ်။
 အုပ်စုဖွဲ့ကစားနည်းတခုဖြစ်တယ်။ Team Work  စိတ်ဓာတ်နဲ့ အလုပ်လုပ်ရ တဲ့အတွက် စည်းစည်း လုံးလုံးလုပ်တတ်တဲ့ အကျင့်လည်း ရပါတယ်။

Stress  တွေ အရမ်းများလာရင် သီချင်းနားထောင်ပါ တယ်။ သီချင်းနားထောင်တဲ့အခါ Pop နဲ့  Rock သီချင်း အမျိုးအစားကို ကြိုက်ပါတယ်။
အဆိုတော်တွေကိုတော့ Pop သီချင်းလိုင်းက အဆိုတော် တော်တော်များများကို ကြိုက်တယ်။
အကြိုက်ဆုံးအဆိုတော်ကတော့ ကိုဂရေဟမ်ကို ကြိုက်ပါတယ်။ လတ်တလော နားထောင်နေ ဖြစ်တဲ့ သီချင်းကို ပြောပါဆိုရင်တော့ အဆိုတော် ဘန်နီဖြိုးရဲ့ တကိုယ်တော် ဗယ်လင်တိုင်းသီချင်းကို ပြန်ပြီး နားထောင်နေမိတယ်။




.


Viewing all articles
Browse latest Browse all 5236

Trending Articles