Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ထိုင်း တောင်ပိုင်း ဟတ်ယိုင်က ပေါက်ကွဲမှု ၂ ခု လူ ၉ ဦး ဒဏ်ရာရ

$
0
0
ထိုင်း နိုင်ငံ တောင်ပိုင်း နိုင်ငံခြားသား ခရီးသွားတွေ အတော်စည်ကားတဲ့ ဟတ်ယိုင် ( Hat Yai) မှာ ရှိတဲ့ ရဲစခန်းတခုနဲ့ စတိုး ဆိုင်ကြီးမှာ ဒီကနေ့ ညနေပိုင်း က ပေါက်ကွဲ ၂ ခု ဆက်တိုက်ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၉ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ ကြတယ်လို့ အေပီ သတင်းတပုဒ်က ဆိုပါတယ်။ 

 ဓာတ်ပုံ- ဝေါလ်စတရိ ဂျာနယ်

ရဲအရာရှိ ပါစာခွန် ကလန်ဝန်က ပြောတာက ပထမ ပေါက်ကွဲမှုဟာ ဟတ်ယိုင်က 7-Eleven စတိုး ဆိုင် တခုမှာ ပေါက်ကွဲ မှု ဖြစ်ပြီး လူ ၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။ ဒုတိယ ပေါက်ကွဲမှုကတော့ ကားဗုံး ဖြစ်ပုံရတယ်လို့ သူက ဆက်ပြောပါတယ်။ 

အဲဒါကတော့ ဟတ်ယိုင် ရစခန်းရဲ့ အဓိက ကား ရပ်နားရာကွက်လပ်နားမှာ ပေါက်ကွဲတာဖြစ်ပြီး နောက် ထပ် လူ ၄ ဦး ထိခိုက် ဒဏ်ရာရသွားကြာ အခြား ယာဉ်၊ ကား နဲ့ အဆောက်အဦးတချို့လည်း ထိခိုက် ပျက်စီးသွားတယ်လို့ သူက ဆိုပါတယ်။ 

ဟတ်ယိုင်မြို့ဆိုတာ ထိုင်း နိုင်ငံ တောင်ပိုင်းမှာ အကြီးဆုံးမြို့တမြို့လည်း ဖြစ်ပြီး ထိုင်းနိုင်ငံသားတွေ
aရာ နိုင်ငံခြားသား တွေ ကြားမှာပါ လူကြိုက်များတဲ့ ဒေသလည်းဖြစ်ပါတယ်။ 

၂ဝဝ၄ ခုနှစ်တုန်းကတော့ အစ္စလမ်မစ် သောင်းကျန်းသူတွေ ထကြသောင်းကျန်းတိုက်ခိုက်မှုတွေကြောင့် ထိုင်းနိုင်ငံ တောင် ပိုင်း ခရိုင်တွေထဲက ခရိုင် ၃ ခုမှာ လူပေါင်း ၅ ထောင်ကျော် သေဆုံး ခဲ့ကြရပါတယ်။ 


အိမ့်သံစဉ် ~ 

 

.













Viewing all articles
Browse latest Browse all 5236

Trending Articles