Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ငါးတွေနဲ့ လူ့အခွင့်အရေးစံတွေကို လဲမလား

$
0
0

~

 

  • ဆွေဆွေ


၁၉၈၉ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆု ဒလိုင်းလာမား လက်ခံရယူစဉ်

နော်ဝေး တိဗက်ကော်မတီနဲ့ နိုဘဲလ်ငြိမ်းချမ်းရေးအဖွဲ့တို့ရဲ့  ဖိတ်ကြားချက်အရ တိဗက် ဘုန်းတော်ကြီး ဒလိုင်းလားမား  ၂၅ နှစ်မြောက်နိုဘဲလ်ဆုအတွက် မေလ ၇ ရက်နေ့ မှ ၉ ရက်နေ့အထိ နော်ဝေးနိုင်ငံကို လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်။

အစဉ်အလာအရဆိုရင် ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်တွေ နော်ဝေးနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါမှာ တာဝန်ရှိအစိုးရကိုယ်စားလှယ်တွေက တွေ့ဆုံ နှုတ်ဆက်လေ့ ရှိပါတယ်။
အားလုံး သိကြတဲ့အတိုင်းတိဗက်ဘုန်းတော်ကြီး ကြွရောက်လည်ပတ်တဲ့ တိုင်းပြည်တိုင်းကို တရုပ် အာဏာရှင် အစိုးရက ဘုန်းတော်ကြီး ဒလိုင်းလားမားကို လက်ခံတွေ့ဆုံဖြင်း မပြုဘို့   ဖိအားပေးလေ့ ရှိပါတယ်။

ဒီတကြိမ်မှာတော့ တရုတ်အစိုးရဘက်ကနေ နော်ဝေးအစိုးရကို အစိုးရခြင်း ဆက်ဆံရေး ပြန်ကောင်းချင် တယ်ဆိုရင် ဘုန်းတော်ကြီးကို မတွေ့ဖို့နဲ့ တရုတ်အစိုးရဆန့်ကျင်သူတွေကို အသိအမှတ်ပြု ဆက်ဆံရေးတွေ မလုပ်ဖို့ ဆက်သွယ်အကြောင်းကြားခဲ့တယ်။

၂၀၁၀ မှာ တရုတ်ပြည်က လူ့အခွင့်အရေးလှုပ်ရှားသူ လျူရှောင်ဘိုကို နိုဘဲလ်ဆု ပေးလိုက်တာဟာ  တရုတ်အာဏာရှင် အစိုးရကို ဒေါသအမျက်ထွက်စေခဲ့တယ်။
အဲ့ဒိအချိန်ကတည်းကစပြီး တရုတ်အစိုးရဘက်က သံတမန်ဆက်ဆံရေးကို အေးခဲသွားအောင် လုပ်ခဲ့တယ်။
ဒိအပြင် တရုတ်ပြည်အတွင်း နော်ဝေးနိုင်ငံက ၀ယ်ယူတင်သွင်းနေတဲ့ ဆော်လမွန်ငါးပမာဏကိုလည်း အကြီးအကျယ် လျော့ကျသွားတယ်။

တကယ့်အဖြစ်အပျက်မှာ နိုဘဲလ်ဆုရွေးချယ်ရေး ကော်မတီနဲ့ နော်ဝေးအစိုးရဟာ သီးခြားစီဖြစ်ပြီး နော်ဝေးအစိုးရအနေနဲ့ ကော်မတီရဲ့  လုပ်ငန်းကိစ္စ မှန်သမျှကို ၀င်ရောက်စွက်ဖက်ခွင့်မရှိဘူး။
ဒီမိုကရေစီနိုင်ငံတွေရဲ့  အလေ့အထတွေကို ယဉ်ပါးမှုမရှိတဲ့ တရုပ်အာဏာရှင် အစိုးရအတွက် နော်ဝေးအစိုးရလက်ချက်သာဖြစ်တယ်လို့ တဖက်သတ် ယိုးစွပ်ပြီး တတ်နိုင်သလောက် လက်တုံ့ပြန်ပါတော့တယ်။

ယခု လက်ရှိ နော်ဝေး၀န်ကြီးချူပ်ဟာ ပထမဆုံးအကြိမ် ၀န်ကြီးချုပ်ရာထူးကို ရခဲ့တာပြီး အစိုးရ သက်တမ်း အားဖြင့်လည်း ၆လ သာသာပဲ ရှိပါသေးတယ်။
ညွန့်ပေါင်းဖွဲ့ထားတဲ့ လက်ယာစွန်း ပါတီကလည်း ပထမဆုံးအကြိမ် အစိုးရအဖွဲ့ထဲမှာ တာဝန်ယူထားတာ ဖြစ်တယ်။
ဒီအစိုးရအဖွဲ့က  ဒလိုင်းလားမားကိုတွေ့ဆုံဖို့ တရားဝင် သတင်းထုတ်ပြန်ပါတယ်။
ဒီလို သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာ အစိုးရဘက်က တာဝန်ရှိသူ ကိုယ်စားလှယ် နှစ်ဦး နဲ့ သတင်းသမားတွေ၊
လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ အတိုက်အခံပါတီတွေ၊ နော်ဝေးပြည်သူတွေ၊ တရုတ်အရေးကျွမ်းကျင်သူတွေ စသဖြင့် ပါဝင်တဲ့ ရုပ်သံအခြေအတင် ဆွေးနွေးခန်းကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ထုတ်လွှင့်ပြသခဲ့တယ်။

ဆွေးနွေးပွဲ ခေါင်းစဉ်က အေးစက်နေတဲ့ တရုတ်ပြည်ရဲ့ ဆက်ဆံရေးကို ပိုကောင်းလာစေဖို့အတွက် ဘုန်းတော်ကြီးဒလိုင်းလားမားကို မတွေ့ဘဲ နေမလား၊ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်ကို အစိုးရက တွေ့မလား ဖြစ်ပါတယ်။

အစိုးရဘက်က အကြောင်းပြချက်ကတော့ အေးစက်နေတဲ့ ဆက်ဆံရေးကို ပြန်ကောင်း စေချင်တယ်။
လူ့အခွင့်အရေး စံနှုန်းတွေကို ပြောဖို့ဆိုတာ တရုတ်နဲ့ စကားပြောဆိုဆက်ဆံနိုင်မှသာ ပြောလို့ရမယ်လို့ ယူဆတယ်။
ဒါ့အပြင် တရုတ်ဟာ လူဦးရေ အဆမတန် များပြားပြီး စီးပွားရေးအရ ဒုတိယအရေးကြီးဆုံးနိုင်ငံဖြစ်နေတဲ့အပြင် နိုင်ငံတကာ အရေးတွေမှာလည်း တရုတ်ရဲ့  အခန်းကဏ္ဍဟာ ကြီးမားလာတဲ့အတွက် လက်ရှိနော်ဝေးအစိုးရက ယူဆတယ်။
ဆက်ဆံမှု ပြန်ကောင်းချင်တယ်။

အတိုက်အခံ၊ လူ့ အခွင့်အရေးလှုပ်ရှားသူတွေ နဲ့ နော်ဝေးလူမျိုးတွေက ဒီအဖြစ်အပျက်ကို အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။

  • မနှစ်က ဗြိတိန်နိုင်ငံမှာ တွေ့ရတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်နှစ်ဦး

ရုပ်သံဆွေးနွေးခန်းထဲက တချို့စကားလုံးတွေဟာ အာဏာရ အစိုးရသစ်အနေနဲ့ လူ့အခွင့်အရေးကို မပစ်ပယ်ဖို့ မညှာမတာ ဝေဖန် ထောက်ပြကြတယ်။
ဒီလုပ်ရပ်ဟာ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို အထီးကျန်ဖြစ်အောင် ပစ်ပယ်တဲ့လုပ်ရပ် ဆိုပြီး စွပ်စွဲကြတယ်။

အဲ့ဒီအထဲက ရင်ထဲကို လာထိတာတွေကတော့

ငါတို့ရဲ့  အကျိုးစီးပွားအတွက် ဆော်လ်မွန်ငါးတွေနဲ့ လူ့အခွင့်အရေးစံတွေကို လဲမလား။
(အတိုက်အခံအလယ်အလတ်လက်ဝဲပါတီခေါင်းဆောင်)

တရုတ်ပြည်က နိုင်ငံတကာ လူံအခွင့်အရေးစံချိန်စံနှုန်းတွေနဲ့တိုင်းရင် အဆိုးတကာ့အဆိုးဆုံးစာရင်း စာရင်းအဆင့်မှာ ရှိနေတယ်။
အဲ့ဒိလူတွေနဲ့စကားပြောဖို့ဆိုရင် လူ့အခွင့်အရေးဆိုတာကို ချန်ထားခဲ့ ရမယ်။
တရုပ်နဲ့ဆက်ဆံရေးကောင်းချင်တယ်ဆိုတာကို နားလည်ပါတယ်။
ဒါပေမယ့် ကိုယ့်ရဲ့  စံသတ်မှတ်ချက်တွေကို ဘေးဖယ်ပြီးမှ မဖြစ်နိုင်ဘူး။
 (လက်ဝဲပါတီမှ အမျိုးသမီးခေါင်းဆောင် )

  နိုင်ငံရေးသမားတိုင်းက  ဒလိုင်းလားမားကို ပစ်ပယ်ခဲ့ရင် ငါးရောင်းဖို့ အတွက် တရုတ် စိတ်တိုင်းကျ လုပ်မယ်ဆိုရင် ဒါဟာ အလွန် အန္တရာယ်ကြီးတဲ့ လုပ်ရပ်ပဲ။
တို့နိုင်ငံက သေးသေးလေးပါပဲ။ အစိုးရတွေ့တာ မတွေ့တာ ခဏ ထားလိုက်အုန်း။
 မင်းတို့ တရုတ်ကို ဒူးထောက် အညံ့ခံမလား။ နော်ဝေးလူမျိုးတွေရဲ့  စိတ်သဘောထားကို မြှင့်တင်မလား။
 (aftenposten နိုင်ငံရေး အယ်ဒီတာ)

ဒီကိစ္စနဲ့ပါတ်သက်ပြီး အစိုးရရဲ့  ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့သူက ဆန္ဒပြဖို့ စီစဉ် နေကြတယ်။
 ဒီဖြစ်ရပ်ဟာ နော်ဝေးလူမျိုးတော်တော် များများအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ရှက်စရာ ကောင်းတဲ့ သူရဲဘောကြောင် တဲ့ လုပ်ရပ်အဖြစ် သမိုင်း မှတ်တန်းမှာ ထင်ကျန်နေရစ်မှာ ဖြစ်ပါတယ်။



.


Viewing all articles
Browse latest Browse all 5236

Trending Articles