Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

နှစ်ကျပ်ခွဲကျေးရွာ ပဋိပက္ခ

$
0
0

ပြီးခဲ့သည့် ၂၄ ရက်နေ့ညသန်းခေါင် ကျောက်ပန်းတောင်းမြို့နယ် ရဲစခန်းမှ ရဲအင်အား တရာဝန်းကျင် နှင့် နှစ်ကျပ်ခွဲကျေးရွာ ဒေသခံများ ဖြစ်ပွားသည့် ပဋိပက္ခတွင် လူနေအိမ်တချို့ ပျက်စီးသွားသည်။ ပျက်သွားသည့်ထဲတွင် NLD ရုံးလည်း ပါဝင်သည်။

ရဲတပ်ဖွဲ့ဝင်တို့က ဖျက်ဆီးခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

ကိုယ့်အားကိုယ်ကိုးလျှပ်စစ်မီးကို ဖြတ်တောက်မှုနှင့် ပတ်သက်ပြီး ပေါ်ပေါက်ခဲ့သော ပဋိပက္ခ ဖြစ်သည်။

 ပဋိပက္ခဖြစ်ပွားပြီး မြင်ကွင်းတချို့ကို ဖော်ပြလိုက်ပါသည်။

(ဓာတ်ပုံများ - မန်းသားလေး/ဧရာဝတီ)

နှစ်ကျပ်ခွဲကျေးရွာနေ  ဦးကြီး


ရဲတို့၏ နံပါတ်တုတ်များသုံးပြီး ၀င်ရောက်ရိုက်နှက်မှုကြောင့် နေရာတွင် သတိလစ်။
 ကျောက်ပန်းတောင်းဆေးရုံတွင် ဦးခေါင်း ငါးချက်ချုပ်ရ။ ဘယ်ဘက်နားနောက်ဘက် ပေါက်ပြဲ ဒဏ်ရာရ။



ဦးသိန်းဝင်း

ဘယ်ဘက် ဘေးမျက်ခုံး ကွဲ လေးချက် ချုပ်ရ။
ဘယ်ဘက်လက်ကျိုး လက်မောင်းရင်း ကွဲအက်။
 ကျောက်ပန်းတောင်းဆေးရုံ ၇ ရက်တက်ခဲ့ရ။

ဒေါ်ကံမီ

ညာဘက်နား နှစ်ချက် သုံးခါ ချုပ်ရ။
ကျောက်ပန်းတောင်းဆေးရုံ ၇ ရက်တက်ခဲ့ရ။

ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် ရွာထဲသွယ်တန်းထားသည့် လျှပ်စစ်ကြိုး ဖြက်တောက်ထားမှု။

ရဲများ ဖမ်းဆီးထားသည့် နှစ်ကျပ်ခွဲ ကျေးရွာမှ ထီးတော်လှုပ် ဘုရားကြီး ကျောင်းထိုင်ဆရာတော် ဦးကောသလ္လ။
ဆရာတော်ကို မြင်းခြံအချုပ်ခန်းတွင် လူဝတ်လဲဖြင့် ချုပ်နှောင်ထားကြောင်း သိရသည်။

ရဲများနှင့် ရွာသားများ အပြန်လှန်ထုကြသည့် ခဲများကြောင့် ဒဏ်ရာရရှိခဲ့သည့် ထီးတော်လှုပ် ဘုရားကြီး ကျောင်းမှ ဦးဇင်းငယ်များ



နှစ်ကျပ်ခွဲသို့ သွားရောက် စစ်ဆေး လေ့လာသည့် NLD မှ ဒေါက်တာဇော်မြင့်မောင်  နှင့် အဖွဲ့

Viewing all articles
Browse latest Browse all 5236

Trending Articles