Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

"တဲပေါ်မှ တိုက်ပေါ်တင်ခံရသူများ" လမ်းပေါ်ထွက် ဆန္ဒပြ

$
0
0
ယခင် စစ်အစိုးရ၏ တဲပေါ်မှ တိုက်ပေါ်တင်သည်ဟူသော ဧရာမစီမံကိန်းကြီးမှာ လိမ်ညာလှည့်စားမှုသာဖြစ်သည်ဟု ယနေ့ ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် ဆန္ဒပြပွဲတခုတွင် ပါဝင်သူတို့က ပြောသည်။

(ဓာတ်ပုံများ -  နန်းဆိုင်နွမ်/ဧရာဝတီ)
၎င်းတို့ မြေသိမ်းခံရပြီး ပဲခူးရိုးမအနီးသို့ ပို့ဆောင်ခံရကြောင်း ဆန္ဒပြသူတို့ ကိုင်ဆောင်ထားသည့် ဆိုင်းဘုတ်တခုတွင် ရေးထားသည်။

၁၉၉၁ ခုနစ်တွင် စစ်တပ်က သင်္ဃန်းကျွန်း မြို့နယ် အတွင်း  အိမ်ယာမြေများကို ထိုစီမံကိန်း အကြောင်းပြ သိမ်းပိုက်ခဲ့ကြောင်း၊ ထိုမြေများ ပြန်ရရှိရန် ယနေ့ လာရောက်ဆန္ဒပြကြခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဆန္ဒပြသူပေါင်း တထောင် ဝန်းကျင်ခန့် ရှိကြောင်း တွေ့ရသည်။



တောင်ဒဂုံ၊ မြောက်ဒဂုံ စသည့် မြို့နယ်တို့မှ လာရောက်ကြသော ဆန္ဒပြသူများသည်   ယနေ့ နေ့လယ် ၃နာရီ ခွဲမှ စ၍ သင်္ဃန်းကျွန်းရှိ ဝေဇယန္တာလမ်းမကြီး နှင့် ပြည်သာယာလမ်းတွင် ဆန္ဒ ဖော်ထုတ်ကြသည်။

" အခုပြတာ ဒုတိယအကြိမ်ပါ။ ပထမအကြိမ်တုန်းက ဇန်န၀ါရီ ၂၇ ရက်နေ့က တစ်ကြိမ်ပြခဲ့ပါတယ်။ ဒီတစ်ခါ မှ ထူးခြားမှု မရှိလာရင်တော့ သပိတ်စခန်း ဖွင့်သွားဖို့ရှိပါတယ်" ဟု မိကျောင်းကန် အပိုင်း၃တွင်နေထိုင်လာခဲ့သည့် ဦးစိန်သန်းက ဧရာဝတီသို့ပြောသည်။

ထပ်မံ ဆန္ဒပြရခြင်းသည် တပ်မတော်က အသုံးမပြုသည့် မြေများကို ပြန်ပေးမည်ဆိုသည့် သတင်းကြောင့်  လာရောက်ရခြင်းဖြစ်ကြောင်း ဆန္ဒပြသူများကဆိုသည်။

နှစ်ပေါင်း ၂၀ ကျော်ကြာသိမ်းပြီး လက်ရှိအချိန်ထိ မည်သည့် စီမံကိန်းမှ မလုပ်သေးသည့် မိကျောင်းကန် အပိုင်း (၁။ ၂၊ ၃၊) ကို မူရင်းပိုင်ရှင်များသို့ ပြန်ပေးသင့်သည်ဟု  အသက် ၈၀ ခန့် ရှိသည့်  ဒေါ်သင်းရွှေက

 "အဲ့တုန်းက လက်နက်နဲ့ လာခြိမ်းခြောက်တယ်။ အိမ်တွေမဖျက်ပေးရန် အရေးယူမယ်။ ထောင်ချမယ်။ ပြီးတော့ ဘာအကျိုးခံစားခွင့်မှမပေးဘူး။ အခု နေတဲ့ တောင်ဒဂုံနေရာ ဆိုရင် ကိုယ့်ဟာကို ပြန်ဝယ်နေရတယ်" ဟု ဧရာဝတီသို့ပြောသည်။

နန်းဆိုင်နွမ် ~






Viewing all articles
Browse latest Browse all 5236

Trending Articles


လုလုအောင် HD အသစ်


စနေမင်း နှင့် တနင်္ဂနွေမင်း


“သိုင်းကျမ်းကျင့်စဉ်များ” (၁၅)အုပ် စုစည်းမှု


"မြန်မာ့သမိုင်းတကွေ့မှ ပထမဆုံးလေကြောင်းတိုက်ပွဲ အပိုင်း(၂)"


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်)


မနောမယအိမ်ခြံမြေရောင်းနည်း


ပဒူကောင် …အန္တရာယ်နှင့်… အတုပ်ခံရပါက.. ဆောင်ရန်၊ ရှောင်ရန် ..အချက်များ


ကျော်သူ မောင်မင်းကြီးသားမောင်မြဖေ ကျော်သူ၊ လွင်မိုး၊ မေသန်းနု


ခဲအိုကခယ်မဖြစ်သူကို သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွား