ကမ္ဘာတလွှားနိုင်ငံပေါင်း ၂၁၉ နိုင်ငံက နိုင်ငံကူးလက်မှတ် ( Passport) တွေထဲက နိုင်ငံတကာမှာ ဗီဇာ အလွယ်တကူ လက်ခံတဲ့ အဆင့်သတ်မှတ်ချက်တွေမှာ ဖင်လန်၊ ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတို့က အဆင့် ၁ ရှိ ကြပြီး မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ်အဆင့်ကတော့ ၈၆မှာပဲ ရှိပါတယ်။
မြန်မာနဲ့အတူ အင်ဂိုလာ၊ ဒဂျိဘူတိ၊ အီရန်တို့က နိုင်ငံပေါင်း ၄၀ကပဲ ဗီဇာ ဝင်ခွင့် ရကြပြီး အဆင့် ၈၆ မှာ ပဲ ရှိကာ အကောင်းဆုံး နိုင်ငံကူးလက်မှတ်စာရင်းတော့ မဝင်ကြပါဘူး။ မြန်မာပါ့စ်ပို့ ကိုင်ဆောင်သူ မြန်မာ
နိုင်ငံသားတွေ ကမ္ဘာ့အလယ်မှာ မျက်နှာ ငယ်နေရသေးတယ်ဆိုတာ ဒီညွှန်းကိန်းက ပြဆိုနေပါတယ်။
မနှစ်က ကမ္ဘာတလွှားခရီးသွားလာမှုမှာ ဖင်လန်၊ ဆွီဒင်၊ ဗြိတိန် နိုင်ငံကူးလက်မှတ်တွေဟာ အကောင်းဆုံး ပါ့စ်ပို့တွေအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံပေါင်း ၁၇၃ နိုင်ငံက ဗီဇာ လွတ်လပ်ခွင့်ရတယ်လို့ The Strait Times သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
စင်ကာပူနိုင်ငံကတော့ နိုင်ငံပေါင်း ၂၁၉ နိုင်ငံမှာ ၁၆၇ နိုင်ငံက ဗီဇာ ကင်းလွတ်ခွင့် ရပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ လက်ခံကြိုဆိုမှုအများဆုံး နိုင်ငံစာရင်းမှာပါဝင်ပြီး အဆင့် ၆ မှာ သြစတြေးလျနဲ့ ဂရိစ်နိုင်ငံတို့နဲ့ အတူ ရှိခဲ့ပါ တယ်။
အိမ့်သံစဉ် ~
မြန်မာနိုင်ငံကူးလက်မှတ်၊ ဓာတ်ပုံ- အောင်အောင်/ဧရာဝတီ