Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မကြောက်ကြပါနဲ့၊ မြန်မာ့သူရဲကောင်းကို ဂုဏ်ပြုကြပါ

$
0
0
ထောင်ဝတ်စုံအပြာဝတ်ပြီး တိုင်းပြည်အတွက်၊ နင်းပြားပြည်သူတွေအတွက် လွတ်လပ်ခွင့်ကို မြတ်နိုးခုံမင်ပြီး ကိုယ့်တိုင်းပြည်မှာ အကျဉ်းသားလိုထားခံရတဲ့ ပြည်သူ၊ ပြည်သား၊ ရဟန်းရှင်လူ၊ ကျောင်းသားထု၊ တိုင်းရင်းသားတွေအတွက် ရင်ဘတ်နဲ့ခံပြီး ပြောပေးခဲ့တဲ့၊ စတေးခံခဲ့တဲ့ သူရဲကောင်း အဘ ဦးဝင်းတင်ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုဖို့ ဝန်မလေးပါနဲ့ ကြောက်ရွံ့မနေကြပါနဲ့။ 


ယုဒဿန် ခန်းမတွင် ဦးဝင်းတင် ဂါရ၀ပြုအခမ်း အနားပြင်ဆင်နေသည်ကို ဧပြီ ၂၁ရက်နေ့ ကတွေ့ရစဉ် 
ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 

အမြင်မတူရင်တောင်မှ ဒါတွေကို ခဏ ဘေးချိတ်ပြီး ဝီစကီခွက်တိုက်၊ မျက်နှာပြောင်တိုက်တဲ့လူတွေ မရှက်ကြ ပါနဲ့၊ မကြောက်ကြပါနဲ့ မိမိကိုယ် မိမိ မြန်မာပြည်ရဲ့ ဂေါ်ဘာချော့လို ထင်ပြီး သန်း ၆၀ (ဘယ်
လောက်လဲတော့ သေသေချာချာမသိသေးပါ) ကို ကယ်တင် သလိုလိုနဲ့ ဦးသန်းရွှေရဲ့ စစ်အစိုးရကို အသက်ဆက်ဖို့ မကြိုးစားပါနဲ့။ 

မြန်မာပြည်သူပြည်သားတွေဟာ သိုးယောင်ဆောင်တဲ့ မြေခွေးတွေကို သိပါတယ်။ ကျားဟာ ဥပုသ် မစောင့်ဘူးဆိုတာလည်း နားလည်ပြီးသားပါ။ 

အဘ ဦးဝင်းတင်ရဲ့ ဈာပနမှာ ပြုပြင်ပြောင်းလဲရေးသမားလို့ နိုင်ငံတကာမှာ အပြောခံနေရတဲ့ သမ္မတ ဦးသိန်းစိန် ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ သစ္စာဆိုရဲသလား။
မကြောက်ကြပါနဲ့။ အဘ ဦးဝင်းတင် ကို သဂြိုလ်မယ့်မနက်ဖန်မှာ ပြည်သူ၊ ပြည်သားတွေ သူ့ကိုချစ်သောသူတွေ လိုက်ပါ ပို့ဆောင်ကြလိမ့်မယ်။ 


မလာနိုင်တဲ့သူတွေ အဝေးကနေ၊ ပြည်ပကနေ ဂုဏ်ပြုတေးဆို ဒါမှမဟုတ် မေတ္တာပို့ အမျှဝေကြပါလိမ့်မယ်။ 

စစ်အစိုးရနဲ့ ဗိုလ်ချုပ်ကြီးတွေ ဘောင်းဘီချွတ် ပုဆိုးဝတ်လဲသူတွေကို ပေါင်းခဲ့တဲ့ အနောက်နိုင်ငံအစိုးရတွေ၊ အာရှထဲက အစိုးရတွေ၊ ရန်ကုန်ရုံးစိုက် သံတမန်တွေ ဘယ်သူတွေ တက်ကြမလဲ။ 

ရန်ကုန် အခြေစိုက် အမေရိကန် သံအမတ် Derek Mitchell ကတော့ သူ့အနေနဲ့ အဘ ဦးဝင်းတင် 
သေဆုံးခြင်းကို အမေရိကန် အစိုးရ ကိုယ်စားဝမ်းနည်းကြောင်း ပြောခဲ့ပါပြီ။ 

ဆရာကြီးကို မတရား ထောင်ချပြီး နှိပ်စက်ခဲ့တဲ့ ဗိုလ်ချုပ်ခင်ညွှန့် အပါအဝင် ထောက်လှမ်းရေးအရာရှိတွေ ဘယ်သူတွေ ဂါရဝပြု တက်ရောက်မလဲ။ 

စစ်အစိုးရကိုရော လက်ရှိအစိုးရကိုပါ ကောင်းတယ်လို့ပြောပြီး အတိုက်အခံတွေကို မျက်နှာလွှဲခဲ့တဲ့ တရုတ် အစိုးရ၊ နော်ဝေ၊ ဂျာမနီ၊ သြစတေးလျနဲ့ UN အပါအဝင် အခြားဥရောပ နိုင်ငံတွေက ဒီမိုကရေစီ သူရဲကောင်း သံမဏိလိပ်ပြာ ဦးဝင်းတင်ရဲ့ အသုဘ ဈာပန အခမ်းအနားကို ဘယ်လိုဂုဏ်ပြုမှာလဲ။ 

မိကျောင်းမျက်ရည်လား။ တကယ်ပဲ စစ်မှန်တဲ့ စေတနာနဲ့ တက်ကြမှာလား။ ဒါမှမဟုတ် နေပြည်တော်က သူတော်ကောင်းယောင်ဆောင်နေတဲ့ မြေခွေးတွေနဲ့ပဲ ဆက်ပြီး ချစ်တင်းနှော နေဦးမှာလား။ 

အဘ ဦးဝင်းတင်ရဲ့ ဈာပနမှာ စောင့်ကြည့်နေဦးမယ်။ တကောင်တည်းပဲ ဒါပေမယ့် ခြင်္သေ့ပါပဲ။ 



 ကိုအောင် ~ 











Viewing all articles
Browse latest Browse all 5236

Trending Articles