Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

လမ်းလျှောက်တတ်ခါစ ကလေးအတွက် ကျည်ဆန်သုံးတောင့်

$
0
0
~



 
 -
ကချင်ပြည်နယ် မန်စီမြို့က အသက် ၂ နှစ် မပြည့်သေးတဲ့ ကလေးတယောက်မှာ ဇာတ်လမ်းတွေ ရှိနေပါတယ်။
ဒီအရွယ်ကလေးတွေရဲ့ထုံးစံအတိုင်း လောကကြီးအကြောင်း ဘာမှ မသိသေးပါဘူး။ ဘာမှ မသိသေးတာပဲ ကောင်းတယ်လို့ ဆိုရပါမယ်။ သူ့ရဲ့အစ်မဖြစ်သူက သူ့အရွယ်မှာ သေနတ်မှန်ပြီးသေသွားလို့ပဲ။
ဖြစ်ရပ်က ဒီလိုပါ …
သူ့မိဘတွေလုပ်တဲ့ လယ်ကွင်းနားက တံတားလေးတခုကို KIA စစ်သားတွေ မိုင်းထောင်သွားတယ်၊ မိုင်းကွဲပြီးတဲ့နောက် အစိုးရတပ်က KIA စစ်သားတွေနောက် လိုက်တယ်။

လယ်ကွင်းထဲကတဲတလုံးကို သေနတ်တွေနဲ့ဝိုင်းပစ်ကြတယ်။ တဲထဲမှာ လူတယောက်ပဲ ရှိပါတယ်။

အဲဒါကတော့ စောစောကပြောတဲ့ကလေးရဲ့ အစ်မ။

လယ်လုပ်နေတဲ့ဖခင်ဖြစ်သူက ကလေးရှိရာကို သက်စွန့်ဆံဖျား အရောက်သွားပေမယ့် ကလေးဗိုက်က ကျည် ၃ ချက် ထိသွားပြီးပြီ။ ကလေးက ဆေးရုံအရောက်မှာပဲ သေသွားတယ်။ ၂၀၁၀ ရွေးကောက်ပွဲပြီးမှ ဒီဖြစ်ရပ် ဖြစ်ခဲ့တာပါ။ အဲဒီဒေသ လွှတ်တော်ကိုယ်စားလှယ်တယောက်ကတော့ ဒီဖြစ်ရပ်အတွက် ကူညီမယ်၊ လျော်ကြေးတို့ ဘာတို့ တောင်းမယ်လို့ ဆိုခဲ့ပေမယ့် ခုချိန်ထိ ဘာမှ ထူးမလာပါဘူး တဲ့။

မကြာသေးခင်က မန်စီမြို့ဘက် ရောက်တုန်း ကြားသိခဲ့ရတာပါ။

ဒီလိုဖြစ်ရပ်တွေ အများကြီးရှိနိုင်တာပဲ၊ ဖြစ်ခဲ့တာလည်း နည်းနည်း ကြာပြီ၊ ဘာကြောင့် ဒီလို စာဖွဲ့နေရသလဲ ဆိုတဲ့ မေးခွန်း မေးလာနိုင်ပါတယ်။

အဲဒီကလေးမ အပစ်ခံရတဲ့နားက လယ်စောင့်တဲလေးမှာ ကျနော် ရက်အတန်ကြာ နေခဲ့ဖူးလို့ပါ။ နေခဲ့တာတော့ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ကပါ။

ကျည်ဆံထိတာက ၂ နှစ်အရွယ် ကလေးလေး၊ ပြီးတော့ ကိုယ်နေခဲ့တဲ့တဲနားမှာ ဒီဖြစ်ရပ် ဖြစ်ခဲ့တယ် ဆိုတာ ကြားမိတော့ စိတ်မကောင်းပိုဖြစ်ရတာပါ။

ကျည်ဆံတွေ၊ ဗုံးတွေက အရပ်သားတွေဆီ ဘယ်လောက် ရောက်ခဲ့ပြီလဲ ဆိုတာကတော့ တိတိကျကျ မသိနိုင်ပါဘူး။ အပြန်အလှန် တိုက်ခိုက်နေကြတာတွေကလည်း နှစ်ပေါင်း ဘယ်လောက်ကြာကြာ ဆက်ဖြစ်နေမယ် ဆိုတာလည်း တိတိကျကျ မသိနိုင်သေးပါဘူး။

တိုက်ပွဲတွေဖြစ်နေသမျှတော့ အရပ်သားတွေ ကျည်ဆန် ဆက်မှန်နေမှာ သေချာပေါက်ပဲလို့ ဆိုချင်ပါတယ်။
စည်သူလင်း


.


Viewing all articles
Browse latest Browse all 5236

Trending Articles


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


နာမည်ကျော်နေတဲ့ (Eaint Treasure)အိမ့်ရတနာရဲ့ HD Video


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


ယူကေစစ်သံမှူးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးနှင့်တွေ့ဆုံ၊


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


သွေးအုပ်စုများ ဖခင်စစ်-မစစ် အငြင်းမပွါး