Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ခေတ်စားနေတဲ့ ပုဒ်မ ၁၈

$
0
0
~


ဦးသန်းရွှေတို့ခေတ်တုန်းက ပုဒ်မ ၅ ည ဆိုတာကို စိတ်တိုင်းကျ သုံးခဲ့တယ်။
 ဦးသိန်းစိန်လက်ထက်မှာတော့ အပြောင်းအလဲ ဖြစ်နေပါပြီ။ အခု သုံးနေတာ ပုဒ်မ ၁၈ ပါ။
စနေနေ့က ပြည်မြို့မှာ ဒီ ပုဒ်မနဲ့ တရားစွဲလိုက်တာ ၁၃ ဦး ရှိနေပါတယ်။
 
.
 

  
.
ဟိုတုန်းက ဆန္ဒပြရင် ၅ ည။ အခုတော့ ၁၈။ ဒီလို အခြေအနေမှာ 
ပြည်ခရိုင်ထဲက ရာနဲ့ချီတဲ့ တောင်သူတွေက  ဆန္ဒထုတ်ဖော်ခဲ့ကြရာမှာ အထက်က ပုံအတိုင်း ရဲအရာရှိတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ် (ဓာတ်ပုံ -  ကောင်းမြတ်မင်း / ဧရာဝတီ) 
 
  .
အဲဒီနေ့မနက်ပိုင်း  တောင်သူ ၅၀၀ ကျော်က  သူတို့ရဲ့ လယ်ယာမြေတွေ ပြန်ပေးဖို့    ပြည်မြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
 .

 .
ခွင့်ပြုချက်မရဘဲပြုလုပ်တာဖြစ်လို့ သူတို့ထဲက ၁၃ ယောက်ကို အမှုဖွှင့်တရားစွဲဆိုထားတာဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။


  • ပြည်မြို့ အမှတ်(၂) ရဲစခန်း  မှတ်တမ်းမှာ တွေ့ရတဲ့  တရားစွဲခံရသူများ

ကိုမင်းမင်း (သံလွင်ခက်)၊
ကိုကျော်ဆွေ၊
ကိုဝင်းလှိုင်၊

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး၊
ဦးအောင်လွင်စိုး၊
ဦးရဲဒင် (ပန်းတောင်းမြို့နယ် NLD ဥက္ကဌ)၊

 ကိုပေါက်ကျော်၊
ကိုကောင်းကောင်း  - မျိုးဆက်သစ်လူငယ်များအစည်းအရုံး(Generation Wave)၊
ကိုပိုင်းလေး၊

ကိုပဲပဲ - လယ်သမားအရေးဆောင်ရွက်သူ၊
ကိုသန့်စင်ထက် - လယ်သမားအရေးဆောင်ရွက်သူ၊
ကိုပေါက်စနဲ့ ဒေါ်ညို - သဲကုန်းမြို့နယ် အောင်ကုန်ကျေးရွာမှ တောင်သူ(၂)ဦး။
 
တရားစွဲခံထားရသူတွေကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီနေ့ ဧပြီလ ၁ ရက်နေ့ မနက်ပိုင်းအထိ သူတို့ကို တရားစွဲထားမှန်း မသိသေးဘူး၊ တရားဝင် အကြောင်းကြားလာတာ မရှိသေးဘူးလို့ ဆိုပါတယ်။


  • ဆန္ဒပြသူတို့ရဲ့ အသံတချို့  

 မသဇင်ခိုင်

"မတ်လ (၂၁) ရက်နေ့က ခွင့်ပြုမိန့်တင်ပါတယ်။
(၂၃) ရက်နေ့မှာ ငြင်းပယ်အမိန့်ကျလာလို့ ကျမကိုယ်တိုင်သွားယူတယ်။
(၂၆) ရက်နေ့မှာ ပဲခူးတိုင်းရဲမှူးနဲ့ ပြည်ခရိုင်းမှူးရုံးတွေကို စာတင်ပြီးထပ်လျှောက်ပါတယ်။ ဘာမှအကြောင်းမပြန်ခဲ့ပါဘူး"


  ကိုမင်းမင်း

"ပြဿနာတွေဖြစ်မှာစိုးလို့ တရားဝင်စာတင်ပြီး ဆန္ဒဖေါ်ထုတ်တာပါ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ပြဌာန်းပြင်ဆင်ထားတဲ့ ငြိမ်းစုစီ (ငြိမ်း ချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်) အတွက် ခွင့်ပြုမိန့်တောင်းစရာ မလိုဘူး၊
အကြောင်းကြားတာနဲ့ သက်ဆိုင်ရာက ခွင့်ပြုရမယ်လို့ ပြောထားတယ်။
အခုတရားစွဲလာတယ်ဆိုတာက ဘယ်လိုမှ အကြောင်းအကျိုး မညီညွတ်ဘူး။
သမ္မတဦးသိန်းစိန်ရဲ့ အစိုးရတရပ်လုံးအပေါ်မှာ မေးခွန်းထုတ်စရာဖြစ်နေပြီ။
အခုချိန်အထိလည်း ကျနော်တို့ကို ပုဒ်မ(၁၈) နဲ့တရားစွဲခံထားရမှန်း မသိသေးဘူး"



ကောင်းမြတ်မင်း



.


Viewing all articles
Browse latest Browse all 5236

Trending Articles