Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

သန်းခေါင်စာရင်းကောက်တာကို KIA "ခြိမ်းခြောက်တားမြစ်"

$
0
0
~

 


ကချင်လွတ်လပ်ရေးတပ်မတော် KIAက တားမြစ်တဲ့အတွက် ကချင် နဲ့ ရှမ်းဒေသတချို့မှာ သန်းခေါင်စာရင်း ကောက်နိုင်ခြင်း မရှိဘူးလို့ အစိုးရက တနင်္လာနေ့မှာ ကြေညာပါတယ်။
 
.

 .
 
မကြာသေးခင်က မန်စီမြို့ပြင်မှာ တွေ့ရတဲ့ မော်တော်ယာဉ်တစီး (ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)


အဲဒီဒေသတွေမှာ
"ကေအိုင်အေတပ်ဖွဲ့ဝင်များ၏ခြိမ်းခြောက်တားမြစ်မှုကြောင့်"စာရင်းမကောက်နိုင်တာလို့ ဆိုပါတယ်။
အစိုးရပြန်ကြားရေးဌာနက ထုတ်ပြန်တဲ့သတင်းပါ။

ဒီသတင်းနဲ့ပတ်သက်ပြီး KIA ရဲ့ တုန့်ပြန်ချက်ကို မကြားရသေးပါ။

အစိုးရဌာနထုတ်ပြန်ချက် ဆိုတော့လည်း ချင့်ချိန်ပြီး ယုံရပါလိမ့်မယ်။ ဟိုတလောက AGD, ရိုးမ အစရှိတဲ့ ဘဏ်တွေ အခွန်မဆောင်ဘူးလို့ အစိုးရဌာနတခုက မှားပြီး ထုတ်ပြန်သေးတယ်မဟုတ်လား။

အခု ထုတ်ပြန်ချက်ထဲမှာ သန်းခေါင်စာရင်း မကောက်ဖြစ်တဲ့ ရွာတွေ တရာ ဝန်းကျင် ရှိနေပါတယ်။ 

ကချင်ပြည်နယ်

  • လွယ်ဂျယ်မြို့နယ်ခွဲမှာရှိတဲ့ ပန်ခမ်းရွာ၊
  • မန်စီမြို့နယ်ထဲက ၆၆ ရွာ။

ရှမ်းပြည်နယ်

  • မန်တုံမြို့နယ်ထဲက မန်ကျော့ကျေးရွာအုပ်စုနဲ့  မန်ပွန်းရွာ၊
  • မိုးမိတ်မြို့နယ်ထဲက တုံးကြီး၊ လွယ်ယာ၊ မိုင်းနင်း၊ မန်ယွင်း၊ မန်ကာ၊ ဟင်ခုတ်၊ နားခါးလုံ၊
  • မိုင်းလုံမြို့နယ်ခွဲထဲက လွယ်ဆာကျေးရွာအုပ်စု နားလော့ရွာ နဲ့ မန်မော်အုပ်စု။

ပဋိပက္ခဒေသကနေတိမ်းရှောင်တဲ့သူအများအပြား IDP စခန်း၊ ဒုက္ခသည်စခန်းတွေဆီ ရောက်ကုန်ကြပြီ ဆိုတော့
 
အဲဒီရွာတွေမှာ ဒေသခံတွေ ရှိမှ ရှိသေးရဲ့လား ဆိုတာလည်း မေးစရာ ဖြစ်နေပါတယ်။
 မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာတော့ သန်းခေါင်စာရင်း သွားကောက်ကြမယ် မထင်ပါဘူး။

သန်းခေါင်စာရင်း ကောက်ယူခြင်းက အင်မတန် လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကြီးတခုပါ။

မြန်မာပြည်မှာ ဒီအလုပ်နဲ့ ပတ်သက်ပြီး အသိပေးမှု၊ ပညာပေးမှု၊ အချိန်ပေးမှု အလုံအလောက် ရှိခဲ့ရင် 
သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်း ပိုမို အဆင်ပြေမှာ ဖြစ်ပါတယ်။


.


Viewing all articles
Browse latest Browse all 5236

Trending Articles