Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ဦးတေဇရဲ့ အဲပုဂံနဲ့ ကုမ္ပဏီတချို့ကို တရားစွဲတဲ့ အမေရိကန် ၂ ဦး

$
0
0
ဦးတေဇရဲ့ အဲပုဂံနဲ့ ကုမ္ပဏီတချို့ကို အမေရိကန် ၂ ဦးက တရားစွဲတယ်ဆိုပြီး ဦးတေဇက သူ့ဖေ့စ်ဘုတ် မှာ ရေးသားဖော်ပြ ခဲ့ပါတယ်။ 


 ဦးတေဇကို တရားစွဲထားတဲ့ အမေရိကန် ဇနီးမောင်နှံ Susanna Weiss နဲ့ သူ့ခင်ပွန်း Allan Lokos၊ 
ဓာတ်ပုံ- WNYC 
အဲဒီ အမေရိကန် ၂ ဦးက နယူးယောက်က Susanna Weiss နဲ့ သူ့ခင်ပွန်း Allan Lokos ဖြစ်ပါတယ်။ သူတို့တွေဟာ အမေရိကန်ပြည်ထောင်စု Upper West မှာ Community Meditation Center တည်
ထောင် ထားသူတွေ ဖြစ်ပါတယ်။ 

အမေရိကန် နိုင်ငံသား ၆ ဦး ပါလာခဲ့တဲ့ အဲပုဂံ လေယာဉ်တစီးက ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ မန္တလေး ကနေ ထွက်လာပြီး ဟဲဟိုး လေဆိပ်မှာ လေယာဉ်မတော် တဆ ပျက်ကျ မီးလောင်ခဲ့ပါ တယ်။ 

 ၂၀၁၂ ဒီဇင်ဘာ ၂၅ ရက်နေ့က ဟဲဟိုးတွင် အဲပုဂံ ပျက်ကျပြီးနောက် မြင်ကွင်း (ဓာတ်ပုံ – Khit / ဧရာဝတီ)

အဲဒီ မတော်တဆပျက်ကျခဲ့တဲ့ အဲပုဂံ လေယာဉ်ပေါ်မှာ ခရီးသည် ၆၅ ဦး လိုက်ပါစီးနင်းခဲ့ရာမှာ စပိန်နှင့် အင်္ဂလိပ် ဧည့် လမ်းညွန် မနွယ်လင်းရှိန် သေဆုံးခဲ့ရပြီး ခရီးသည် ၁၁ ဦး ဆေးရုံသို့ တက်ရောက်ကုသခဲ့ရ ပါတယ်။ 

ဒီအပြင် လေယာဉ်ပျက်ကျရာ လမ်းကြောင်းမှာ ဆိုင်ကယ်စီးနေတဲ့ ဟဲဟိုးဒေသခံ ဦးပြား (ခ) ဦးသိန်းတန် လည်း သေဆုံး ခဲ့ရပါတယ်။ 

ဟဲဟိုးမှာ အဲပုဂံလေယာဉ် ပျက်ကျမီးလောင်လို့ ထိခိုက်ဒဏ်ရာရကြတဲ့ အထဲမှာ နယူးယောက်က အမေရိကန် ၂ ဦးဖြစ်တဲ့ Susanna Weiss နဲ့ Allan Lokos တို့လည်း အပါအဝင်ဖြစ်ပါတယ်။ 

သူတို့ဟာ အဲဒီတုန်းက စင်ကာပူနိုင်ငံမှာ ဆေးကုခဲ့ကြ ရတာပါ။ Susanna Weiss က ပထမ သက်သာမှု ရခဲ့ပေမယ့် ခင်ပွန်းသည် Allan Lokos ကတော့ ICU လို့ ခေါ်တဲ့ အထူးကြပ်မတ် ဆောင်မှာ ကုသခဲ့ရ တာပါ။ 

အဲဒီအချိန်တုန်းက အတွေ့အကြုံတွေကို သူတို့ပြောထားခဲ့တာမှာတော့ သူတို့ ၂ ဦးဟာ လေယာဉ်နောက် ပိုင်းနားမှာ ထိုင် ကြတာဖြစ်ပြီး လေယာဉ်ဆင်းတာဟာ အလွန်ကြမ်းတမ်းပြီး သူတို့လည်း ထိုင်ခုံကို အတင်းဆွဲကိုင်ထားခဲ့ရတယ်လို့ WNYC သတင်းဋ္ဌာနကို ပြောခဲ့ပါတယ်။ 

လေယာဉ်အတွင်းပိုင်းမှာပါ မီးတွေကလောင်၊ ပြီးတော့ မီးခိုးတွေလည်း မည်းမှောင်ပြီး ရုန်းထွက်ဖို့ အတော် ခက်ခဲ့ပါတယ် တဲ့။ 

“Alan က ကျမကို တောင်ပံဘက်က အပေါက်က ထွက်ဖို့ ဆွဲခေါ်လာပြီး ကျမကို အတင်း တွန်းရင်း မီးတောက်တွေထဲက ပဲ ခုန်ချ လို့ ပြောတယ်၊ ကျမလည်း ခုန်းချတယ်။ ကျမ မြေကြီးပေါ် ရောက်တော့ သူက ကျန်နေခဲ့တယ်” လို့ Weiss က ပြောခဲ့တယ်။ 

နောက်ဆုံးတော့ သူ့ခင်ပွန်း Allan Lokos လည်း တံခါးနားရောက်လာတာတွေ့လိုက်ပြီး သူလည်း မြေ
ပြင်ပေါ် ခုန်းချခဲ့ တယ်လို့ သူက ဆက်ပြောပြိး အဲဒီအချိန်မှာ လေယာဉ်က အပေါ်ပိုင်းတွေက ပေါက်ကွဲစ
ပြုနေ ပါပြီတဲ့။ 

အဲဒီလို ဖြစ်ပြီး နောက်ထပ် မိနစ် ၃ဝ လောက်အကြာမှာတော့ အရေးပေါ် လူနာတင်ကားနဲ့ ဒေသဆေးရုံ ငယ်လေး တခုကို ရောက်ခဲ့တယ်လို့ ပြောထားတယ်။ အဲဒီမှာ အမေရိကန် သံရုံး ဝန်ထမ်း ၂ ဦးရောက် လာပြီး ဘန်ကောက်ကို ပို့ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Weiss က တင်ပုဆုံရိုးကျိုးသွားလို့ ဆေးကုသမှု ခံယူခဲ့ရပြီး ခင်ပွန်းသည် Lockos ကတော့ လက်တွေ၊ 
ခြေထောက်တွေ၊ ဦးခေါင်းတွေ မှာ မီးလောင်ဒဏ်ရာတွေ ရခဲ့တယ်၊ နောက်ပြီး အဲဒီမှာ မီးလောင်ဒဏ်ရာကို ကုသတဲ့ နေရာလည်း မရှိတော့ စင်ကာပူ အထွေထွေ ရောဂါကု ဆေးရုံကို နောက် ၃ ရက်လောက် အကြာမှာ ပို့ခဲ့ပါတယ်တဲ့။ 

သူတို့ ၂ ဦးလုံးဟာ ထူးခြားတာက ထေရဝါဒ ဗုဒ္ဓဘာသာကို လေးစားသက်ဝင်ယုံကြည်သူတွေဖြစ်ပြီး Lokos ဆိုရင် တရား ပြ ဆရာတဦးလည်း ဖြစ်ပါတယ်တဲ့။ သူတို့ဟာ မြန်မာနိုင်ငံက တရားစခန်းတော်တော် များ များမှာလည်း ဝိပဿနာ တရား ရှုမှတ်ပွားများ လေ့ကျင့်မှုတော်တော် ရှိခဲ့ကြတယ်လို့ သိရပါတယ်။

သူတို့ ၂ ဦး မြန်မာနိုင်ငံမှာ လေယာဉ်ပျက်ကျလို့ ထိခိုက်ဒဏ်ရာတွေ ရတုန်းက ဘုန်းတော်ကြီး ဒလိုင်းလားမားတို့၊ တောင်အာဖရိက ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က ဆုတောင်းမေတ္တာပို့ အားပေးစကားတွေလည်း ပြောခဲ့ကြတယ်လို့ သိရပါတယ်။


အိမ့်သံစဉ် ~ 










Viewing all articles
Browse latest Browse all 5236

Trending Articles